အနားယူရမဲ့အခ်ိန္မွာ အမႈိက္ပံုေတြထဲ႐ွာေဖြေမြေႏွာက္ေနခဲ့တဲ့ အဘြားအိုကို ပိုက္ဆံလႉၿပီး အိမ္ျပန္ေစခဲ့တဲ့အမ်ိဳးသား (႐ုပ္သံ)

စင္ကာပူႏိုင္ငံမွာေနထိုင္တဲ့ အဘြားအိုတစ္ေယာက္ဟာ တ႐ုတ္ႏွစ္သစ္ကူးေန႔မွာ မိသားစုဝင္ေတြ ၊ သူငယ္ခ်င္းေတြနဲ႔အတူ ေပ်ာ္ရႊင္စြာျဖတ္သန္းၿပီး အနားယူေနရမွာျဖစ္ေပမဲ့လည္း သူမဟာ အမႈိက္ပံုးေတြထဲက ျပန္ေရာင္းလို႔ရမဲ့ ပစၥည္းေတြကို႐ွာေဖြေနခဲ့တာပါ ။ ထိုအခ်ိန္မွာဘဲ မိဘေတြနဲ႔အတူေန႔လယ္စာစားဖို႔ ခ်ိန္းဆိုထားတဲ့အမ်ိဳးသားတစ္ေယာက္ဟာ အဘြားအိုရဲ႕အျဖစ္ကိုျမင္ေတြ႔သြားခဲ့ၿပီးေနာက္ ဘယ္လိုမွစိတ္မထားႏိုင္ေတာ့ဘဲ video ေလး႐ိုက္ကူးခဲ့ၿပီး အဘြားအိုကို S$50 (ျမန္မာေငြ 5ေသာင္းသန္းက်င္ခန္႔) ေပးလႉခဲ့ၿပီးေနာက္ အဘြားအိုကိုအိမ္ျပန္ၿပီး အနားယူေစခဲ့ပါတယ္ ။

Video ထဲမွာေတာ့ အဆိုပါအမ်ိဳးသားက ” အန္တီ တ႐ုတ္ႏွစ္သစ္ကူးေန႔မွာ အလုပ္လုပ္ေနတာလား.. အိမ္ျပန္ေတာ့ေနာ္ ” ဆိုၿပီး ေျပာဆိုကာ အဘြားအိုအားေငြလႉဒါန္းခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ အဘြားအိုက မယူဖို႔ျငင္းဆန္ခဲ့ေပမဲ့လည္း ေနာက္ဆံုး မ်က္ႏွာေပၚကေပ်ာ္ရႊင္လြန္းတဲ့ အျပံဳးေလးတစ္ပြင့္နဲ႔ အဘြားအိုက ေငြကိုလက္ခံလိုက္ၿပီး ေက်းဇူးတင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

အဆိုပါအမ်ိဳးသားကေတာ့ ယခုလို video ႐ိုက္ျဖစ္ခဲ့ရတာကေတာ့ ဘယ္လူမ်ိဳး ၊ ဘယ္ဘာသာဝင္မဆို အခ်င္းခ်င္း႐ိုင္းပင္ကူညီေစဖို႔ သတိရေနေအာင္ ရည္ရြယ္ခဲ့တာျဖစ္ေၾကာင္း ႏွင့္ အဆိုပါ video ကိုေဝမ်ွခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ အဆိုပါ video ကိုျပန္လည္ေဝမ်ွသူ အမ်ားအျပား႐ွိခဲ့တဲ့အျပင္ ၊ အဆိုပါအမ်ိဳးသား၏ အျပဳအမႈကို ေလးစားအားေပးခဲ့ၾကသူမ်ားလည္း အမ်ားအျပား႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ အဘွားအိုတစ်ယောက်ဟာ တရုတ်နှစ်သစ်ကူးနေ့မှာ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းပြီး အနားယူနေရမှာဖြစ်ပေမဲ့လည်း သူမဟာ အမှိုက်ပုံးတွေထဲက ပြန်ရောင်းလို့ရမဲ့ ပစ္စည်းတွေကိုရှာဖွေနေခဲ့တာပါ ။ ထိုအချိန်မှာဘဲ မိဘတွေနဲ့အတူနေ့လယ်စာစားဖို့ ချိန်းဆိုထားတဲ့အမျိုးသားတစ်ယောက်ဟာ အဘွားအိုရဲ့အဖြစ်ကိုမြင်တွေ့သွားခဲ့ပြီးနောက် ဘယ်လိုမှစိတ်မထားနိုင်တော့ဘဲ video လေးရိုက်ကူးခဲ့ပြီး အဘွားအိုကို S$50 (မြန်မာငွေ 5သောင်းသန်းကျင်ခန့်) ပေးလှူခဲ့ပြီးနောက် အဘွားအိုကိုအိမ်ပြန်ပြီး အနားယူစေခဲ့ပါတယ် ။

Video ထဲမှာတော့ အဆိုပါအမျိုးသားက ” အန်တီ တရုတ်နှစ်သစ်ကူးနေ့မှာ အလုပ်လုပ်နေတာလား.. အိမ်ပြန်တော့နော် ” ဆိုပြီး ပြောဆိုကာ အဘွားအိုအားငွေလှူဒါန်းခဲ့ပါတယ် ။ အစပိုင်းမှာတော့ အဘွားအိုက မယူဖို့ငြင်းဆန်ခဲ့ပေမဲ့လည်း နောက်ဆုံး မျက်နှာပေါ်ကပျော်ရွှင်လွန်းတဲ့ အပြုံးလေးတစ်ပွင့်နဲ့ အဘွားအိုက ငွေကိုလက်ခံလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ် ။

အဆိုပါအမျိုးသားကတော့ ယခုလို video ရိုက်ဖြစ်ခဲ့ရတာကတော့ ဘယ်လူမျိုး ၊ ဘယ်ဘာသာဝင်မဆို အချင်းချင်းရိုင်းပင်ကူညီစေဖို့ သတိရနေအောင် ရည်ရွယ်ခဲ့တာဖြစ်ကြောင်း နှင့် အဆိုပါ video ကိုဝေမျှခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ အဆိုပါ video ကိုပြန်လည်ဝေမျှသူ အများအပြားရှိခဲ့တဲ့အပြင် ၊ အဆိုပါအမျိုးသား၏ အပြုအမှုကို လေးစားအားပေးခဲ့ကြသူများလည်း အများအပြားရှိခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment