ေလ်ာ္ေၾကးေငြရဖို႔အတြက္ ကားတိုက္သလိုဟန္ေဆာင္ၿပီး ကားေအာက္ဝင္ေျပးခဲ့တဲ့အေဒၚႀကီးရဲ႕ (႐ုပ္ ၊ သံ)

တ႐ုတ္ႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးဟာ ေလ်ာ္ေၾကးေငြရရန္အတြက္ ေမာင္းႏွင္လာေသာကုန္တင္ကားႀကီးေနာက္ စက္ဘီးကိုသယ္ကာအမွီလိုက္ၿပီး ၊ ကားေကြ႔မယ္လုပ္တဲ့အခ်ိန္မွာ သူမရဲ႕စက္ဘီးကိုေျမျပင္ေပၚသို႔ပစ္ခ်ကာ ၊ ကားရပ္လိုက္သည္ႏွင့္ ကားေ႐ွ႕ဘီးနားသို႔ ေျပးဝင္ကာ လဲအိပ္ျပီး ကားတိုက္သလိုဟန္ေဆာင္ခဲ့ပါတယ္ ။ထို႔ေနာက္သူမဟာ ရဲေတြကိုဖုန္းဆက္ၿပီး သူမယာဥ္တိုက္မႈျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုခဲ့ပါတယ္ ။ ယာဥ္ထိန္းရဲမ်ား ေရာက္႐ွိလာခ်ိန္မွာေတာ့ သူမဟာ ဒဏ္ရာမ်ားကအလြန္နာက်င္ေၾကာင္း ၿငီးျငဴ ၿပီး ၊ ကားဆရာထံမွ ေလ်ာ္ေၾကးေငြမ်ားေတာင္ဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့ သူမရဲ႕ဟန္ေဆာင္မႈေတြကသိသာလြန္းတဲ့အတြက္ ယာဥ္ထိန္းရဲမ်ား CCTV ကင္မရာ ကိုျပန္ၾကည့္လိုက္ခ်ိန္မွာေတာ့ သူမရဲ႕လုပ္ဇာတ္တစ္ခုသာျဖစ္ေၾကာင္း သိသိသာသာေပၚလြင္ခဲ့ပါတယ္ ။

တ႐ုတ္သတင္းဌာနမွ အဆိုပါလုပ္ဇာတ္video ကိုsocial media ေပၚသို႔တင္လိုက္ခ်ိန္မွာေတာ့ သူမဟာကားဆရာနဲ႔ စီးပြားေရးကိစၥနွင့္ပက္သက္ၿပီးအျငင္းအခံုအခ်ိဳ႕႐ွိခဲ့တဲ့အတြက္ ယခုကဲ့သို႔လက္တံု႔ျပန္ရျခင္းျဖစ္ေၾကာင္း ျပန္ေျပာင္းေျပာဆိုထားပါတယ္ ။ သို႔ေပမဲ့လည္း online အသံုးျပဳသူမ်ားကေတာ့ သူမရဲ႕သ႐ုပ္ေဆာင္မႈကညံ့လြန္းေၾကာင္း ၊ ယခုကဲ့သို႔ေသာအျဖစ္အပ်က္မ်ိဳးထပ္မျဖစ္ရန္ သူမကိုအျပစ္ေပးသင့္ေၾကာင္း ဝိုင္းဝန္းေဝဖန္ၾကပါတယ္ ။

အဆိုပါအမ်ိဳးသမီးဟာ ဥပေဒခ်ိဳးေဖာက္ၿပီး ယာဥ္တိုက္မႈပံုစံဟန္ေဆာင္ခဲ့တဲ့အတြက္ ဒဏ္ေငြ (သို႔) ေထာင္ဒဏ္ က်ခံရႏိုင္ဖြယ္႐ွိေၾကာင္း ေပက်င္းၿမိဳ႕ေ႐ွ႕ေန Han Xiao မွေျပာဆိုထားပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ လျော်ကြေးငွေရရန်အတွက် မောင်းနှင်လာသောကုန်တင်ကားကြီးနောက် စက်ဘီးကိုသယ်ကာအမှီလိုက်ပြီး ၊ ကားကွေ့မယ်လုပ်တဲ့အချိန်မှာ သူမရဲ့စက်ဘီးကိုမြေပြင်ပေါ်သို့ပစ်ချကာ ၊ ကားရပ်လိုက်သည်နှင့် ကားရှေ့ဘီးနားသို့ ပြေးဝင်ကာ လဲအိပ်ပြီး ကားတိုက်သလိုဟန်ဆောင်ခဲ့ပါတယ် ။ထို့နောက်သူမဟာ ရဲတွေကိုဖုန်းဆက်ပြီး သူမယာဉ်တိုက်မှုဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ် ။ ယာဉ်ထိန်းရဲများ ရောက်ရှိလာချိန်မှာတော့ သူမဟာ ဒဏ်ရာများကအလွန်နာကျင်ကြောင်း ငြီးငြူ ပြီး ၊ ကားဆရာထံမှ လျော်ကြေးငွေများတောင်ဆိုခဲ့ပါတယ် ။ သို့ပေမဲ့ သူမရဲ့ဟန်ဆောင်မှုတွေကသိသာလွန်းတဲ့အတွက် ယာဉ်ထိန်းရဲများ CCTV ကင်မရာ ကိုပြန်ကြည့်လိုက်ချိန်မှာတော့ သူမရဲ့လုပ်ဇာတ်တစ်ခုသာဖြစ်ကြောင်း သိသိသာသာပေါ်လွင်ခဲ့ပါတယ် ။

တရုတ်သတင်းဌာနမှ အဆိုပါလုပ်ဇာတ်video ကိုsocial media ပေါ်သို့တင်လိုက်ချိန်မှာတော့ သူမဟာကားဆရာနဲ့ စီးပွားရေးကိစ္စနှင့်ပက်သက်ပြီးအငြင်းအခုံအချို့ရှိခဲ့တဲ့အတွက် ယခုကဲ့သို့လက်တုံ့ပြန်ရခြင်းဖြစ်ကြောင်း ပြန်ပြောင်းပြောဆိုထားပါတယ် ။ သို့ပေမဲ့လည်း online အသုံးပြုသူများကတော့ သူမရဲ့သရုပ်ဆောင်မှုကညံ့လွန်းကြောင်း ၊ ယခုကဲ့သို့သောအဖြစ်အပျက်မျိုးထပ်မဖြစ်ရန် သူမကိုအပြစ်ပေးသင့်ကြောင်း ဝိုင်းဝန်းဝေဖန်ကြပါတယ် ။

အဆိုပါအမျိုးသမီးဟာ ဥပဒေချိုးဖောက်ပြီး ယာဉ်တိုက်မှုပုံစံဟန်ဆောင်ခဲ့တဲ့အတွက် ဒဏ်ငွေ (သို့) ထောင်ဒဏ် ကျခံရနိုင်ဖွယ်ရှိကြောင်း ပေကျင်းမြို့ရှေ့နေ Han Xiao မှပြောဆိုထားပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment