ဝတယ္ဆိုၿပီး အျမဲစေနာက္ေနသူကို မီး႐ႈိ့သတ္ပစ္ခဲ့တဲ့ အမ်ိဳးသား

ဘယ္အသက္အရြယ္မဆို အျမဲအႏိုင္က်င့္ေျပာဆိုတတ္တဲ့သူရဲ႕အက်င့္ဟာ လံုးဝကိုလက္မခံႏိုင္စရာပါပဲ ။ တစ္ခ်ိဳ႕ဆိုရင္ ကိုယ္ထိလက္ေရာက္အႏိုင္က်င့္တာမ်ိဳး႐ွိေပမဲ့ တစ္ခ်ိဳ႕ဆိုရင္ေတာ့ ႏႈတ္အေျပာအဆိုေတြနဲ႔ အႏိုင္က်င့္တာမ်ိဳး႐ွိၾကပါတယ္ ။ အျခားတစ္ဖက္က မခံႏိုင္ေတာ့တဲ့သူေတြဟာ ေနာက္ဆံုးဘဝကိုအ႐ႈံးေပးၿပီး ကိုယ့္ကိုအဆံုးစီရင္တာမ်ိဳး႐ွိသလို ၊ တစ္ခ်ိဳ႕ဆိုရင္ ျပန္ၿပီးလက္တံု႔ျပန္ၾကလို႔ လူသတ္မိတာမ်ိဳးအထိ ျဖစ္တတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံ Banyuwangi ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 27 ႏွစ္အရြယ္ Ali Heri Sanjaya အမည္႐ွိတဲ့အမ်ိဳးသားဟာ သူ႔ကိုအျမဲလိုလို ဝတယ္ဆိုၿပီးစေနာက္ေျပာဆိုကာ ႏႈတ္နဲ႔အျမဲေျပာဆိုအႏိုင္က်င့္ခဲ့တဲ့ အသက္ 18 ႏွစ္အရြယ္ Rosida အမည္႐ွိတဲ့အမ်ိဳးသမီးကို သည္းမခံႏိုင္ေတာ့တဲ့အဆံုး မီး႐ႈိ့ၿပီးသတ္ပစ္ခဲ့မႈအထိျဖစ္ပြားခဲ့ပါတယ္ ။

ျဖစ္စဥ္ကေတာ့ Ali ဟာ ႐ွိသင့္တဲ့ကိုယ္အေလးခ်ိန္ထက္ ပိုဝေနခဲ့တာကို Rosida က သူ႔အား ” ဝလိုက္တာ ..ဆူမိုနပန္းသမား က်ေနတာပဲ ” ဆိုၿပီး အျမဲေျပာဆိုဆက္ဆံခဲ့တဲ့အတြက္ ေဒါသစိတ္မထိန္းႏိုင္ေတာ့တဲ့အဆံုး ၿပီးခဲ့တဲ့ January 24 ရက္ေန႔က Rosida ကိုမီး႐ႈိ့ၿပီးသတ္ပစ္ခဲ့ပါေတာ့တယ္ ။ Rosida ရဲ႕မိသားစုဝင္မ်ားက သူမေနအိမ္သို႔ျပန္မလာဘဲ ေပ်ာက္သြားခဲ့တဲ့အတြက္ ေနာက္ဆံုး ရဲစခန္းသို႔တိုင္ၾကားၿပီး အမႈဖြင့္ခဲ့ပါတယ္ ။ ရဲအရာ႐ွိမ်ားက စံုစမ္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ 75% အထိ တူးခ်စ္ေနေအာင္ ေလာင္ကြၽမ္းထားတဲ့ ႐ုပ္အေလာင္းကို Banyuwangi ၿမိဳ႕အနားမွာ႐ွိတဲ့ စိုက္ပ်ိဳးေမြးျမဴေရးျခံထဲမွာ ေတြ႔႐ွိခဲ့ရပါတယ္ ။

ထို႔ေနာက္ အေလာင္းေကာင္ခြဲစိတ္စစ္ေဆးၿပီးခဲ့ခ်ိန္မွာေတာ့ ဆရာဝန္မ်ားက ေပ်ာက္ဆံုးေနခဲ့ေသာ Rosida မိန္းကေလးျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ၾကပါတယ္ ။ ရဲအရာ႐ွိမ်ားက ရာဇဝတ္သားကို လိုက္လံဖမ္းဆီးၾကၿပီး မၾကာခင္မွာပဲ Ali ကို ဟိုတယ္တစ္ခုမွာဖမ္းဆီးႏိုင္ခဲ့ပါတယ္ ။ Ali ကိုရဲစခန္းသို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေပမဲ့လည္း Ali ဟာ ေနာင္တရဟန္လံုးဝမ႐ွိခဲ့ဘဲ သူႀကိဳက္ႏွစ္သက္တဲ့အစားအစာေတြကိုသာ အားရပါးရစားေသာက္ေနခဲ့ပါတယ္ ။ Ali ဟာ ရက္ရက္စက္စက္လူသတ္မႈနဲ႔ ေသဒဏ္ေပးခံရႏိုင္တဲ့ အေျခအေနမ်ိဳး႐ွိေနေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘယ်အသက်အရွယ်မဆို အမြဲအနိုင်ကျင့်ပြောဆိုတတ်တဲ့သူရဲ့အကျင့်ဟာ လုံးဝကိုလက်မခံနိုင်စရာပါပဲ ။ တစ်ချို့ဆိုရင် ကိုယ်ထိလက်ရောက်အနိုင်ကျင့်တာမျိုးရှိပေမဲ့ တစ်ချို့ဆိုရင်တော့ နှုတ်အပြောအဆိုတွေနဲ့ အနိုင်ကျင့်တာမျိုးရှိကြပါတယ် ။ အခြားတစ်ဖက်က မခံနိုင်တော့တဲ့သူတွေဟာ နောက်ဆုံးဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုအဆုံးစီရင်တာမျိုးရှိသလို ၊ တစ်ချို့ဆိုရင် ပြန်ပြီးလက်တုံ့ပြန်ကြလို့ လူသတ်မိတာမျိုးအထိ ဖြစ်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံ Banyuwangi မြို့မှာနေထိုင်တဲ့ အသက် 27 နှစ်အရွယ် Ali Heri Sanjaya အမည်ရှိတဲ့အမျိုးသားဟာ သူ့ကိုအမြဲလိုလို ဝတယ်ဆိုပြီးစနောက်ပြောဆိုကာ နှုတ်နဲ့အမြဲပြောဆိုအနိုင်ကျင့်ခဲ့တဲ့ အသက် 18 နှစ်အရွယ် Rosida အမည်ရှိတဲ့အမျိုးသမီးကို သည်းမခံနိုင်တော့တဲ့အဆုံး မီးရှို့ပြီးသတ်ပစ်ခဲ့မှုအထိဖြစ်ပွားခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ Ali ဟာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုဝနေခဲ့တာကို Rosida က သူ့အား ” ဝလိုက်တာ ..ဆူမိုနပန်းသမား ကျနေတာပဲ ” ဆိုပြီး အမြဲပြောဆိုဆက်ဆံခဲ့တဲ့အတွက် ဒေါသစိတ်မထိန်းနိုင်တော့တဲ့အဆုံး ပြီးခဲ့တဲ့ January 24 ရက်နေ့က Rosida ကိုမီးရှို့ပြီးသတ်ပစ်ခဲ့ပါတော့တယ် ။ Rosida ရဲ့မိသားစုဝင်များက သူမနေအိမ်သို့ပြန်မလာဘဲ ပျောက်သွားခဲ့တဲ့အတွက် နောက်ဆုံး ရဲစခန်းသို့တိုင်ကြားပြီး အမှုဖွင့်ခဲ့ပါတယ် ။ ရဲအရာရှိများက စုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ 75% အထိ တူးချစ်နေအောင် လောင်ကျွမ်းထားတဲ့ ရုပ်အလောင်းကို Banyuwangi မြို့အနားမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးခြံထဲမှာ တွေ့ရှိခဲ့ရပါတယ် ။

ထို့နောက် အလောင်းကောင်ခွဲစိတ်စစ်ဆေးပြီးခဲ့ချိန်မှာတော့ ဆရာဝန်များက ပျောက်ဆုံးနေခဲ့သော Rosida မိန်းကလေးဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြပါတယ် ။ ရဲအရာရှိများက ရာဇဝတ်သားကို လိုက်လံဖမ်းဆီးကြပြီး မကြာခင်မှာပဲ Ali ကို ဟိုတယ်တစ်ခုမှာဖမ်းဆီးနိုင်ခဲ့ပါတယ် ။ Ali ကိုရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပေမဲ့လည်း Ali ဟာ နောင်တရဟန်လုံးဝမရှိခဲ့ဘဲ သူကြိုက်နှစ်သက်တဲ့အစားအစာတွေကိုသာ အားရပါးရစားသောက်နေခဲ့ပါတယ် ။ Ali ဟာ ရက်ရက်စက်စက်လူသတ်မှုနဲ့ သေဒဏ်ပေးခံရနိုင်တဲ့ အခြေအနေမျိုးရှိနေကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment