ဝူဟန္ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ကေလးငယ္က ဖခင္ကိုေပြ႔ခ်ီေပးဖို႔ေတာင္းဆိုေနခဲ့တဲ့ (႐ုပ္သံ)

ဝူဟန္ၿမိဳ႕မွာ ေနထိုင္ၾကတဲ့ လူအေတာ္မ်ားမ်ားက ၿမိဳ႕ထဲမွာ ပိတ္မိေနၾကသလို ၊ ေရာဂါပိုးကူးစက္ခံေနရလို႔ အေတာ္ေလးတုန္လႈပ္ေနခဲ့ၾကတဲ့ အေျခအေနမ်ိဳးကို ေရာက္႐ွိေနခဲ့ၾကတာပါ ။ မိသားစုေတြနဲ႔ ေသကြဲ ၊ ႐ွင္ကြဲ ကြဲကြာေနခဲ့ရၿပီး အေတာ္ေလးဆိုးဝါးတဲ့ ဒုကၡအေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ၾကံဳေတြ႔ေနခဲ့ရတာပါ ။ ဒီတစ္ေခါက္မွာလည္း ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ လမ္းေလ်ွာက္တက္ခါစ ကေလးငယ္ေလးဟာ ေရာဂါ႐ွိသူေတြကိုခြဲၿပီးထားတဲ့ အလံုပိတ္အခန္းထဲမွာ ထား႐ွိခံထားရၿပီး ကုသမႈခံယူေနခဲ့ရတာပါ ။ Video ထဲမွာေတာ့ ကေလးငယ္ရဲ႕ဖခင္ျဖစ္သူဟာ ကေလးငယ္ကို မွန္ပုတင္းေပါက္ကေန လာေရာက္ၾကည့္႐ႈခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ကေလးငယ္က ေပ်ာ္ရႊင္သြားခဲ့ၿပီး သူ႔အားေပြ႔ခ်ီေပးဖို႔ လက္ႏွစ္ဖက္ေျမာက္ၿပီး ေတာင္ဆိုခဲ့ပါတယ္ ။

ကေလးငယ္ရဲ႕ အျပဳအမႈကိုျမင္ၿပီးေနာက္မွာေတာ့ ဖခင္ျဖစ္သူဟာ စိတ္မထိန္ႏိုင္ေတာ့ဘဲ အေနာက္ဖက္သို႔လွည့္ၿပီး ငိုေႂကြးသြားခဲ့ပါတယ္ ။ အဆိုပါ video ကို ျပန္လည္ေဝမ်ွသူ အမ်ားအျပား႐ွိခဲ့ၿပီး ၊ ၾကည့္႐ႈသူေတြတိုင္းကိုလည္း အေတာ္ေလး စာနာသနားသြားေစခဲ့ပါတယ္ ။ လူအမ်ားကေတာ့ ဖခင္တစ္ေယာက္အေနနဲ႔ ဆိုးဝါးခက္ခဲလြန္းလွတဲ့ အေျခအေနမ်ိဳးကို ေတြ႔ၾကံဳခံစားေနခဲ့ရ၍ ကေလးငယ္ေရာ ၊ ဖခင္ကိုပါ စာနာသနားမိေၾကာင္း မ်ိဳးစံုေျပာဆိုခဲ့ၾကပါတယ္ ။

ဝူဟန္ဗိုင္ရပ္စ္ဟာ တ႐ုတ္ႏိုင္ငံတင္မကပါဘူး ၊ တစ္ကမာၻလံုးနဲ႔ သက္ဆိုင္တဲ့ အေျခအေနမ်ိဳးေရာက္႐ွိေနတာျဖစ္တဲ့အတြက္ အဆိုပါဗိုင္းရပ္စ္ပိုးကို အျမန္ဆံုးကုသႏိုင္တဲ့ ေဆးမ်ိဳး႐ွာေဖြေတြ႔႐ွိႏိုင္ဖို႔ ေမ်ွာ္လင့္ရမွာပါပဲေလ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဝူဟန်မြို့မှာ နေထိုင်ကြတဲ့ လူအတော်များများက မြို့ထဲမှာ ပိတ်မိနေကြသလို ၊ ရောဂါပိုးကူးစက်ခံနေရလို့ အတော်လေးတုန်လှုပ်နေခဲ့ကြတဲ့ အခြေအနေမျိုးကို ရောက်ရှိနေခဲ့ကြတာပါ ။ မိသားစုတွေနဲ့ သေကွဲ ၊ ရှင်ကွဲ ကွဲကွာနေခဲ့ရပြီး အတော်လေးဆိုးဝါးတဲ့ ဒုက္ခအခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေခဲ့ရတာပါ ။ ဒီတစ်ခေါက်မှာလည်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လမ်းလျှောက်တက်ခါစ ကလေးငယ်လေးဟာ ရောဂါရှိသူတွေကိုခွဲပြီးထားတဲ့ အလုံပိတ်အခန်းထဲမှာ ထားရှိခံထားရပြီး ကုသမှုခံယူနေခဲ့ရတာပါ ။ Video ထဲမှာတော့ ကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာ ကလေးငယ်ကို မှန်ပုတင်းပေါက်ကနေ လာရောက်ကြည့်ရှုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ကလေးငယ်က ပျော်ရွှင်သွားခဲ့ပြီး သူ့အားပွေ့ချီပေးဖို့ လက်နှစ်ဖက်မြောက်ပြီး တောင်ဆိုခဲ့ပါတယ် ။

ကလေးငယ်ရဲ့ အပြုအမှုကိုမြင်ပြီးနောက်မှာတော့ ဖခင်ဖြစ်သူဟာ စိတ်မထိန်နိုင်တော့ဘဲ အနောက်ဖက်သို့လှည့်ပြီး ငိုကြွေးသွားခဲ့ပါတယ် ။ အဆိုပါ video ကို ပြန်လည်ဝေမျှသူ အများအပြားရှိခဲ့ပြီး ၊ ကြည့်ရှုသူတွေတိုင်းကိုလည်း အတော်လေး စာနာသနားသွားစေခဲ့ပါတယ် ။ လူအများကတော့ ဖခင်တစ်ယောက်အနေနဲ့ ဆိုးဝါးခက်ခဲလွန်းလှတဲ့ အခြေအနေမျိုးကို တွေ့ကြုံခံစားနေခဲ့ရ၍ ကလေးငယ်ရော ၊ ဖခင်ကိုပါ စာနာသနားမိကြောင်း မျိုးစုံပြောဆိုခဲ့ကြပါတယ် ။

ဝူဟန်ဗိုင်ရပ်စ်ဟာ တရုတ်နိုင်ငံတင်မကပါဘူး ၊ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ အခြေအနေမျိုးရောက်ရှိနေတာဖြစ်တဲ့အတွက် အဆိုပါဗိုင်းရပ်စ်ပိုးကို အမြန်ဆုံးကုသနိုင်တဲ့ ဆေးမျိုးရှာဖွေတွေ့ရှိနိုင်ဖို့ မျှော်လင့်ရမှာပါပဲလေ ။

Jasmine (Mckzone Daily)

  • Leave a Comment