ရထားလမ္းေပၚျပဳတ္က်သြားခဲ့တဲ့ သမီးေလးကို အသက္နဲ႔ရင္းၿပီး ကယ္တင္ေပးခဲ့တဲ့ ဖခင္ (႐ုပ္သံ)

ဖခင္ဆိုတာက သားသမီးေတြအတြက္ကေတာ့ စြမ္းအား႐ွင္ ၊ ကယ္တင္႐ွင္ တစ္ေယာက္ပါပဲ ။ ဖခင္ေတြက သားသမီးေတြရဲ႕ စားဝတ္ေနေရး ၊ အဘက္ဘက္က ျပည့္စံုဖို႔အတြက္ အျပင္ထြက္ၿပီး ႐ွာေဖြေပးေလ့႐ွိသလို သားသမီးေတြအတြက္ဆိုရင္ အသက္နဲ႔ရင္းၿပီး ကာကြယ္ေစာင့္ေ႐ွာက္ေပးၾကတဲ့သူေတြပါ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ အီဂ်စ္ႏိုင္ငံက ဖခင္တစ္ဦးမွာလည္း ရထားေမာင္းနွင္လာေနစဥ္ ရထားလမ္းေပၚျပဳတ္က်သြားခဲ့တဲ့ သမီးငယ္ေလးကို သူ၏ခႏၶာကိုယ္ျဖင့္ေပြ႔ဖက္ေပးထားၿပီး သမီးျဖစ္သူ မထိခိုက္ေအာင္ အသက္နဲ႔ရင္းၿပီး အကာအကြယ္ေပးခဲ့ပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ သားအဖႏွစ္ေယာက္လံုး အသက္ေဘးအႏၱရာယ္ကေန လြတ္ေျမာက္သြားခဲ့ၾကပါတယ္ ။

ဖခင္ျဖစ္သူက အဆိုပါတုန္လႈပ္ေခ်ာျ္ခားဖြယ္ေကာင္းတဲ့ ေဘးအႏၱရာယ္ကေနလြတ္ေျမာက္မယ္မွန္း ႀကိဳသိေနတာလား ဒါမွမဟုတ္ သမီးေလးကိုထိခိုက္မွာေၾကာက္လို႔ အသက္အေသခံၿပီး ကာကြယ္ေပးခဲ့တာလား ဆိုတာကေတာ့ တိတိက်က်မသိရေသးပါဘူး ။ Video ထဲမွာေတာ့ ဖခင္ျဖစ္သူဟာ လက္မအနည္ငယ္သာလြတ္ၿပီး ျဖတ္ေမာင္းသြားတဲ့ မီးရထား ရဲ႕ ေမာင္းႏွင္ထြက္သြားၿပီးတဲ့အထိ သမီးေလးကို တင္းတင္းက်ပ္က်ပ္ေပြ႔ဖက္ထားခဲ့ရတာကို ေတြ႔ျမင္ရမွာပါ ။

ဖခင္ျဖစ္သူရဲ႕ ျမန္ဆန္လြန္းတဲ့ အေတြးအေခၚ နဲ႔ သတၱိ႐ွိလြန္တဲ့ လုပ္ရပ္ေတြေၾကာင့္ သမီးျဖစ္သူ အသက္႐ွင္လြတ္ေျမာက္ခဲ့ရတာပါ ။ ဒါေၾကာင့္ သမီးျဖစ္သူလည္း ဖခင္ရဲ႕ခ်စ္ျခင္းေမတၱာကို အေလးထားၿပီး သူမဘဝရဲ႕တကယ့္ ကယ္တင္႐ွင္ဆိုတာ သိတတ္နားလည္သြားၿပီလို႔ ထင္မိပါတယ္ ။ အဆိုပါ video ကိုလည္း ျပန္လည္ေဝမ်ွသူ အမ်ားအျပား႐ွိခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖခင်ဆိုတာက သားသမီးတွေအတွက်ကတော့ စွမ်းအားရှင် ၊ ကယ်တင်ရှင် တစ်ယောက်ပါပဲ ။ ဖခင်တွေက သားသမီးတွေရဲ့ စားဝတ်နေရေး ၊ အဘက်ဘက်က ပြည့်စုံဖို့အတွက် အပြင်ထွက်ပြီး ရှာဖွေပေးလေ့ရှိသလို သားသမီးတွေအတွက်ဆိုရင် အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ပေးကြတဲ့သူတွေပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အီဂျစ်နိုင်ငံက ဖခင်တစ်ဦးမှာလည်း ရထားမောင်းနှင်လာနေစဉ် ရထားလမ်းပေါ်ပြုတ်ကျသွားခဲ့တဲ့ သမီးငယ်လေးကို သူ၏ခန္ဓာကိုယ်ဖြင့်ပွေ့ဖက်ပေးထားပြီး သမီးဖြစ်သူ မထိခိုက်အောင် အသက်နဲ့ရင်းပြီး အကာအကွယ်ပေးခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ သားအဖနှစ်ယောက်လုံး အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားခဲ့ကြပါတယ် ။

ဖခင်ဖြစ်သူက အဆိုပါတုန်လှုပ်ချောြ်ခားဖွယ်ကောင်းတဲ့ ဘေးအန္တရာယ်ကနေလွတ်မြောက်မယ်မှန်း ကြိုသိနေတာလား ဒါမှမဟုတ် သမီးလေးကိုထိခိုက်မှာကြောက်လို့ အသက်အသေခံပြီး ကာကွယ်ပေးခဲ့တာလား ဆိုတာကတော့ တိတိကျကျမသိရသေးပါဘူး ။ Video ထဲမှာတော့ ဖခင်ဖြစ်သူဟာ လက်မအနည်ငယ်သာလွတ်ပြီး ဖြတ်မောင်းသွားတဲ့ မီးရထား ရဲ့ မောင်းနှင်ထွက်သွားပြီးတဲ့အထိ သမီးလေးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားခဲ့ရတာကို တွေ့မြင်ရမှာပါ ။

ဖခင်ဖြစ်သူရဲ့ မြန်ဆန်လွန်းတဲ့ အတွေးအခေါ် နဲ့ သတ္တိရှိလွန်တဲ့ လုပ်ရပ်တွေကြောင့် သမီးဖြစ်သူ အသက်ရှင်လွတ်မြောက်ခဲ့ရတာပါ ။ ဒါကြောင့် သမီးဖြစ်သူလည်း ဖခင်ရဲ့ချစ်ခြင်းမေတ္တာကို အလေးထားပြီး သူမဘဝရဲ့တကယ့် ကယ်တင်ရှင်ဆိုတာ သိတတ်နားလည်သွားပြီလို့ ထင်မိပါတယ် ။ အဆိုပါ video ကိုလည်း ပြန်လည်ဝေမျှသူ အများအပြားရှိခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment