ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့လူနာ 475 ဦးအထက်မှာ လုံးဝသက်သာပျောက်ကင်းသွားခဲ့လို့ ဆေးရုံဆင်းခွင့်ရရှိသွားပါပြီ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

The Star သတင်းမီဒီယာရဲ့ ဖော်ပြထားချက်အရ ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရတဲ့ လူနာပေါင်း 475 ဦးအထက်မှာ ကုသမှုခံယူခဲ့ကြပြီးနောက်ဆုံး ဗိုင်းရပ်စ်ပိုးစစ်ဆေးကြည့်ရာ လုံးဝသက်သာပျောက်ကင်းသွားကြောင်း အနုတ်လက္ခဏာပြခဲ့တဲ့အတွက် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြပါတယ် ။ပြီးခဲ့တဲ့ February 2 ရက်နေ့မှာတော့ လူနာပေါင်း 147 ဦးမှာ ဆေးရုံမှဆင်းသွားခဲ့ကြပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအစိုးရအဖွဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားခဲ့ရသူများမှာ 361 ဦးအထက်ရှိခဲ့ပြီး ၊ ကူးစက်ခံခဲ့ရသူပေါင်း 17200 ဦးအထက်ရှိခဲ့ကြောင်းလည်း သိရှိရပါတယ် ။

လူအများစုကတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ လူတွေ တစ်ရက်ထက်တစ်ရက် သက်သာပျောက်ကင်းမှုများပြားသွားမဲ့ အခြေအနေမျိုးကိုသာ မျှော်လင့်နေလျက်ရှိကြပါတယ် ။

ယခုချိန်မှာတော့ အဆိုပါဝူဟန်ဗိုင်းရပ်စ်ကို အမြစ်ပျက်ကုသနိုင်မဲ့ နည်းလမ်းတွေကို ကမ္ဘာအနှံ့မှ သုတေသနအသင်းများက ရှာဖွေနေကြပြီဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို ဟန့်တားသွားနိုင်ဖို့ မျှော်လင့်ရမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment