ဓားထုတ္ၿပီးေတာ့ ဓားျပတိုက္ခ်င္ေပမဲ့လည္း ဆိုင္႐ွင္ရဲ႕ဓားကပိုႀကီးေနလို႔ ထြက္ေျပးခဲ့ရတဲ့ ဓားျပ (႐ုပ္သံ)

သူခိုးဓားျပေတြဟာ ကုန္ဆံုးဆိုင္ေတြမွာ ဓားေတြ ၊ ေသနတ္ေတြထုတ္ၿပီး ဓားျပတိုက္ၾကတာကို အျမဲေတြဖူးေနၾကမွာပါ ။ ဒါေပမဲ့လည္း ဒီတစ္ေခါက္မွာေတာ့ ဆိုင္႐ွင္အမ်ိဳးသားဟာ အဆိုပါျဖစ္ရက္မ်ိဳးအတြက္ ေသေသခ်ာခ်ာေလးျပင္ဆင္ထားခဲ့တာကို CCTV မွတ္တမ္း video မွာေတြ႔႐ွိရမွာပါ ။အဆိုပါ video ဟာ တ႐ုတ္ႏိုင္ငံက social media အသံုးျပဳသူေတြၾကားမွာ အေတာ္ေလးေရပန္းစားေနခဲ့တာျဖစ္ၿပီး ဒီအျဖစ္အပ်က္ကေတာ့ ၿပီးခဲ့တဲ့ေသာၾကာေန႔ ၊ ည 1နာရီ အခ်ိန္မွာျဖစ္ပ်က္ခဲ့တာပါ ။ဆိုင္႐ွင္အမ်ိဳးသားကေတာ့ ပိုက္ဆံ႐ွင္းတဲ့ေကာင္တာမွာ အက်ႌမဝတ္ပဲနဲ႔ ရပ္ေနခဲ့တာျဖစ္ၿပီး ၊ အျဖဴ ေရာင္ t-shirt နဲ႔အမ်ိဳးသားကေတာ့ ပိုက္ဆံ႐ွင္သလိုပံုစံျဖင့္ ေကာင္တာအနီးသို႔ခ်ဥ္ကပ္လာခဲ့ပါတယ္ ။

ဆိုင္႐ွင္က အဆိုပါအမ်ိဳးသားကို မီးျခစ္ကိုဝယ္ခ်င္လ်ွင္ ပိုက္ဆံေပးေခ်ဖို႔ေျပာေပးမယ့္ အဆိုပါအမ်ိဳးသားက သူ၏ e-wallet ဟာပိုက္ဆံကုန္ေနေၾကာင္းေျပာဆိုခဲ့ေသာေၾကာင့္ ေငြသားႏွင့္ေပးေခ်ရန္ေျပာဆိုခဲ့ခ်ိန္မွာလည္း အဆိုပါအမ်ိဳးသားဟာ ပိုက္ဆံမ႐ွိေၾကာင္းျပန္လည္ေျဖဆိုခဲ့ပါတယ္ ။ဆိုင္႐ွင္ကလည္း အဆိုပါအမ်ိဳးသားကိုဂ႐ုမစိုက္ေတာ့ဘဲ ဆက္လက္ၿပီးသူ၏ဖုန္းကိုေဆာ့ကစားေနခဲ့ပါတယ္ ။ဆိုင္႐ွင္အာရံုေျပာင္းေနတာကိုျမင္ေတာ့ အဆိုပါအမ်ိဳးသားဟာ ဆိုင္ကေနခိုးယူထားတဲ့အထုပ္ထဲကေန ဓားအေသးေလးကိုဆြဲထုတ္ၿပီး ေကာင္တာရဲ႕အနီးနားကိုတိုးလာခဲ့ၿပီး ဆိုင္႐ွင္ကိုဓားျပတိုက္ဖို႔ႀကိဳးစားခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ဆိုင္႐ွင္အမ်ိဳးသားဟာ တည္တည္ၿငိမ္ၿငိမ္ျဖင့္ မီတာဝက္ (20 လက္မ) ခန္႔႐ွည္တဲ့ ဓားကိုဆြဲထုတ္လိုက္တဲ့ခ်ိန္မွာေတာ့ t-shirt အျဖဴ ဝတ္ဆင္ထားတဲ့အမ်ိဳးသားဟာ အေနာက္ဖက္ကိုဆုတ္သြားခဲ့ၿပီး ဆိုင္႐ွင္ကလည္း အဆိုပါအမ်ိဳးသားကိုဓားျဖင့္ေထာက္ကာ ‘ မင္းဘာလုပ္ခ်င္ေနတာလဲ…ဓားကိုေအာက္ခ်လိုက္စမ္း ‘ ဟုေအာ္ေငါက္လိုက္သျဖင့္ ဓားျပတိုက္ရန္ၾကံစည္ေနတဲ့အမ်ိဳးသားဟာ သူ၏ဓားငယ္ေလးကိုေအာက္ခ်ၿပီး ဆိုင္ကေနထြက္သြားခဲ့လို႔ ဆိုင္႐ွင္ကလည္းသူ၏ဓား႐ွည္ကို ေနရာမွာျပန္သိမ္းထားခဲ့ပါတယ္ ။ ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏိုင္ငံမွာျဖစ္ပ်က္ခဲ့တာလို႔ ယံုၾကည္ၾကၿပီး ၊ လူအမ်ားစုကေတာ့ အဆိုပါvideo ကို ေတာ္ေတာ္ေလးသေဘာက်ေနခဲ့ၾကပါတယ္ ။ ဆိုင္႐ွင္ဟာ ဓား႐ွည္ျဖင့္ ကိုယ့္ကိုယ္ကိုခုခံကာကြယ္ခဲ့တဲ့အေပၚ လူအမ်ားကအေတာ္ေလး သေဘာက်ခ်ီးက်ဴ းခဲ့ၾကၿပီး ၊ လုယက္ဖို႔ႀကိဳးစားခဲ့တဲ့အမ်ိဳးသားကိုေတာ့ အဲ့ေလာက္နဲ႔ပဲထိုက္တန္တယ္ဆိုၿပီး ေျပာဆိုေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သူခိုးဓားပြတွေဟာ ကုန်ဆုံးဆိုင်တွေမှာ ဓားတွေ ၊ သေနတ်တွေထုတ်ပြီး ဓားပြတိုက်ကြတာကို အမြဲတွေဖူးနေကြမှာပါ ။ ဒါပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ ဆိုင်ရှင်အမျိုးသားဟာ အဆိုပါဖြစ်ရက်မျိုးအတွက် သေသေချာချာလေးပြင်ဆင်ထားခဲ့တာကို CCTV မှတ်တမ်း video မှာတွေ့ရှိရမှာပါ ။အဆိုပါ video ဟာ တရုတ်နိုင်ငံက social media အသုံးပြုသူတွေကြားမှာ အတော်လေးရေပန်းစားနေခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့သောကြာနေ့ ၊ ည 1နာရီ အချိန်မှာဖြစ်ပျက်ခဲ့တာပါ ။ဆိုင်ရှင်အမျိုးသားကတော့ ပိုက်ဆံရှင်းတဲ့ကောင်တာမှာ အင်္ကျီမဝတ်ပဲနဲ့ ရပ်နေခဲ့တာဖြစ်ပြီး ၊ အဖြူ ရောင် t-shirt နဲ့အမျိုးသားကတော့ ပိုက်ဆံရှင်သလိုပုံစံဖြင့် ကောင်တာအနီးသို့ချဉ်ကပ်လာခဲ့ပါတယ် ။

ဆိုင်ရှင်က အဆိုပါအမျိုးသားကို မီးခြစ်ကိုဝယ်ချင်လျှင် ပိုက်ဆံပေးချေဖို့ပြောပေးမယ့် အဆိုပါအမျိုးသားက သူ၏ e-wallet ဟာပိုက်ဆံကုန်နေကြောင်းပြောဆိုခဲ့သောကြောင့် ငွေသားနှင့်ပေးချေရန်ပြောဆိုခဲ့ချိန်မှာလည်း အဆိုပါအမျိုးသားဟာ ပိုက်ဆံမရှိကြောင်းပြန်လည်ဖြေဆိုခဲ့ပါတယ် ။ဆိုင်ရှင်ကလည်း အဆိုပါအမျိုးသားကိုဂရုမစိုက်တော့ဘဲ ဆက်လက်ပြီးသူ၏ဖုန်းကိုဆော့ကစားနေခဲ့ပါတယ် ။ဆိုင်ရှင်အာရုံပြောင်းနေတာကိုမြင်တော့ အဆိုပါအမျိုးသားဟာ ဆိုင်ကနေခိုးယူထားတဲ့အထုပ်ထဲကနေ ဓားအသေးလေးကိုဆွဲထုတ်ပြီး ကောင်တာရဲ့အနီးနားကိုတိုးလာခဲ့ပြီး ဆိုင်ရှင်ကိုဓားပြတိုက်ဖို့ကြိုးစားခဲ့ပါတယ် ။

သို့ပေမဲ့လည်း ဆိုင်ရှင်အမျိုးသားဟာ တည်တည်ငြိမ်ငြိမ်ဖြင့် မီတာဝက် (20 လက်မ) ခန့်ရှည်တဲ့ ဓားကိုဆွဲထုတ်လိုက်တဲ့ချိန်မှာတော့ t-shirt အဖြူ ဝတ်ဆင်ထားတဲ့အမျိုးသားဟာ အနောက်ဖက်ကိုဆုတ်သွားခဲ့ပြီး ဆိုင်ရှင်ကလည်း အဆိုပါအမျိုးသားကိုဓားဖြင့်ထောက်ကာ ‘ မင်းဘာလုပ်ချင်နေတာလဲ…ဓားကိုအောက်ချလိုက်စမ်း ‘ ဟုအော်ငေါက်လိုက်သဖြင့် ဓားပြတိုက်ရန်ကြံစည်နေတဲ့အမျိုးသားဟာ သူ၏ဓားငယ်လေးကိုအောက်ချပြီး ဆိုင်ကနေထွက်သွားခဲ့လို့ ဆိုင်ရှင်ကလည်းသူ၏ဓားရှည်ကို နေရာမှာပြန်သိမ်းထားခဲ့ပါတယ် ။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာလို့ ယုံကြည်ကြပြီး ၊ လူအများစုကတော့ အဆိုပါvideo ကို တော်တော်လေးသဘောကျနေခဲ့ကြပါတယ် ။ ဆိုင်ရှင်ဟာ ဓားရှည်ဖြင့် ကိုယ့်ကိုယ်ကိုခုခံကာကွယ်ခဲ့တဲ့အပေါ် လူအများကအတော်လေး သဘောကျချီးကျူ းခဲ့ကြပြီး ၊ လုယက်ဖို့ကြိုးစားခဲ့တဲ့အမျိုးသားကိုတော့ အဲ့လောက်နဲ့ပဲထိုက်တန်တယ်ဆိုပြီး ပြောဆိုဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment