မင်္ဂလာပွဲကို 10 မိနစ်ထဲနဲ့ အပြီးကျင်းပခဲ့ရတဲ့ ဆရာဝန်ရဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ Heze မြို့မှာနေထိုင်ကြတဲ့ စုံတွဲတစ်တွဲဟာ ၎င်းတို့ရဲ့မင်္ဂလာပွဲကို 10မိနစ်တည်းနဲ့အပြီးအကျင်းရှုံးပြီး ကျင်းပခဲ့ရပါတယ် ။ အဆိုပါ မင်္ဂလာပွဲကို ပြီးခဲ့တဲ့ January 30 ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ၊ လာရောက်သူ 5ဦးတည်းသာရှိခဲ့ကာ ၎င်းစုံတွဲရဲ့မိဘတွေသာ လာရောက်ခဲ့ကြတာဖြစ်ပါတယ် ။ ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့နေခဲ့တာဖြစ်တဲ့အတွက် မင်္ဂလာပွဲကိုအချိန်တိုစွာနဲ့ကျင်းပခဲ့တာဖြစ်တဲ့အပြင် သတို့သားဟာဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် လူနာတွေကိုကုသပေးဖို့အတွက်နဲ့တောင် အချိန်မလုံလောက်ခဲ့တဲ့အတွက်ဖြစ်ပါတယ် ။

သတို့သားရဲ့ပြောကြားချက်အရ မင်္ဂလာပွဲကို January 31 ရက်နေ့မှာ ကျင်းပဖို့ပြင်ဆင်ခဲ့ပေမဲ့လည်း ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံလာခဲ့တဲ့အတွက် ဆရာဝန်တစ်ယောက်အနေနဲ့အချိန်မပေးနိုင်တဲ့အပြင် ၊ နှစ်ဖက်မိဘတွေကလည်း မင်္ဂလာပွဲကို ထပ်ပြီးမရွှေ့နိုင်ဘူးလို့ဆိုတဲ့အတွက် ဆွေမျိုး ၊ သူငယ်ချင်းတွေကို မဖိတ်ကြားတော့တဲ့အတွက် ယခုလိုကျင်းပခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

သတို့သမီးမှာလည်း ယခုလိုစီစဉ်ခဲ့ရတယ်ဆိုပေမဲ့လည်း စိတ်ကျေနပ်ခဲ့ရကြောင်း နှင့် ယခုအချိန်မှာ အရေးကြီးဆုံးက မင်္ဂလာပွဲအတွက် စိတ်မပူပဲ ဆေးရုံသို့ ခင်ပွန်းဖြစ်သူ စိတ်ဖြောင့်ဖြောင့်နှင့်သွားရောက် အလုပ်လုပ်နိုင်ရင် ရပါပြီဆိုပြီးတော့သာ ဖြေကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment