ပင္လယ္ထဲကိုျပန္ဖို႔အျပင္အထန္ႀကိဳးစားေနတဲ့ပင္လယ္လိပ္ႀကီးေပၚ သနားညႇာတာမႈမ႐ွိဘဲ အလွည့္က်တက္စီးေနၾကတဲ့ လူတစ္စုရဲ႕( ႐ုပ္၊သံ)

အင္ဒိုနီး႐ွားႏိုင္ငံကအမ်ိဳးသားတစ္စုဟာကမ္းေျခမွာဥေတြကိုဥၿပီး ပင္လယ္ထဲကိုျပန္ဖို႔ႀကိဳးစားေနတဲ့ပင္လယ္လိပ္ႀကီးကိုဖမ္းၿပီး အလွည့္က်တက္စီးကာ video ႐ိုက္ခဲ့ၾကပါတယ္ ။Video ထဲမွာကေတာ့ အဖိုးအိုတစ္ေယာက္ဟာ ပင္လယ္လိပ္ႀကီးရဲ႕ေက်ာေပၚတက္ထိုင္ေနတာကိုအေနာက္ကတစ္ေယာက္ကတြန္းကာအားေပးေနၿပီး က်န္အဖိုးအိုတစ္ေယာက္ကေတာ့ သစ္ကိုင္ႀကီးကိုကိုင္ကာ လိပ္ႀကီးကိုေျခာက္လန္႔ေနခဲ့ပါတယ္ ။အဖိုးႀကီးထေတာ့ က်န္တဲ့လူငယ္တစ္ေယာက္ဟာခ်က္ခ်င္း ပင္လယ္လိပ္ႀကီးေပၚတက္ထိုင္ၿပီး မုန္႔စားေနခဲ့ပါတယ္ ။ ပင္လယ္ဆီကိုျပန္ဖို႔႐ုန္းကန္ေနရတဲ့လိပ္ႀကီးေပၚကို ေနာက္ထပ္လူငယ္တစ္ေယာက္ကလည္း ကေလးငယ္ေလးကိုခ်ီကာ ထပ္ၿပီးတက္ထိုင္ခဲ့ပါတယ္ ။ မုန္႔စားေနတဲ့လူငယ္ေလးထေတာ့ ေနာက္ထပ္ေကာင္ေလးတစ္ေယာက္ဟာ လိပ္ႀကီးေပၚတက္ထိုင္ၿပီးသူ႔ရဲ႕ေျခေထာက္ကို ပင္လယ္လိပ္ႀကီးရဲ႕ေခါင္းေပၚတင္ထားခဲ့ပါတယ္ ။

အလားတူစြာပဲ video ရဲ႕အဆံုးသတ္မွာ ပင္လယ္ကမ္းစပ္သို႔ေရာက္တဲ့အထိ အျပင္းအထန္႐ုန္ကန္ၿပီးသြားေနတဲ့လိပ္ႀကီးေပၚ အဖိုးအိုတစ္ေယာက္ကမလြတ္တမ္းလိုက္စီးေနၿပီး က်န္ေဘာင္ဘီအဝါေရာင္ႏွင့္လူငယ္ကလည္း အဆံုးထိလိပ္ႀကီးရဲ႕အေနာက္ဖက္ေျခေထာက္ေပၚမွာ မတ္တပ္ရပ္လိုက္စီးရင္ ပါလာခဲ့ပါတယ္ ။

အဆိုပါ video ကိုၾကည့္႐ႈ့ျပီး လူအမ်ားစုကေတာ့ ပင္လယ္ကမ္းစပ္ကိုေရာက္တဲ့အထိ ပင္လယ္လိပ္ႀကီးကိုလိုက္ၿပီး ႏွိပ္စက္ကာစီးႏွင္းေနၾကတဲ့ လူတစ္စုကိုအျပစ္ေပးၾကဖို႔ ေမ်ွာ္လင့္ေနၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံကအမျိုးသားတစ်စုဟာကမ်းခြေမှာဥတွေကိုဥပြီး ပင်လယ်ထဲကိုပြန်ဖို့ကြိုးစားနေတဲ့ပင်လယ်လိပ်ကြီးကိုဖမ်းပြီး အလှည့်ကျတက်စီးကာ video ရိုက်ခဲ့ကြပါတယ် ။Video ထဲမှာကတော့ အဖိုးအိုတစ်ယောက်ဟာ ပင်လယ်လိပ်ကြီးရဲ့ကျောပေါ်တက်ထိုင်နေတာကိုအနောက်ကတစ်ယောက်ကတွန်းကာအားပေးနေပြီး ကျန်အဖိုးအိုတစ်ယောက်ကတော့ သစ်ကိုင်ကြီးကိုကိုင်ကာ လိပ်ကြီးကိုခြောက်လန့်နေခဲ့ပါတယ် ။အဖိုးကြီးထတော့ ကျန်တဲ့လူငယ်တစ်ယောက်ဟာချက်ချင်း ပင်လယ်လိပ်ကြီးပေါ်တက်ထိုင်ပြီး မုန့်စားနေခဲ့ပါတယ် ။ ပင်လယ်ဆီကိုပြန်ဖို့ရုန်းကန်နေရတဲ့လိပ်ကြီးပေါ်ကို နောက်ထပ်လူငယ်တစ်ယောက်ကလည်း ကလေးငယ်လေးကိုချီကာ ထပ်ပြီးတက်ထိုင်ခဲ့ပါတယ် ။ မုန့်စားနေတဲ့လူငယ်လေးထတော့ နောက်ထပ်ကောင်လေးတစ်ယောက်ဟာ လိပ်ကြီးပေါ်တက်ထိုင်ပြီးသူ့ရဲ့ခြေထောက်ကို ပင်လယ်လိပ်ကြီးရဲ့ခေါင်းပေါ်တင်ထားခဲ့ပါတယ် ။

အလားတူစွာပဲ video ရဲ့အဆုံးသတ်မှာ ပင်လယ်ကမ်းစပ်သို့ရောက်တဲ့အထိ အပြင်းအထန်ရုန်ကန်ပြီးသွားနေတဲ့လိပ်ကြီးပေါ် အဖိုးအိုတစ်ယောက်ကမလွတ်တမ်းလိုက်စီးနေပြီး ကျန်ဘောင်ဘီအဝါရောင်နှင့်လူငယ်ကလည်း အဆုံးထိလိပ်ကြီးရဲ့အနောက်ဖက်ခြေထောက်ပေါ်မှာ မတ်တပ်ရပ်လိုက်စီးရင် ပါလာခဲ့ပါတယ် ။

အဆိုပါ video ကိုကြည့်ရှု့ပြီး လူအများစုကတော့ ပင်လယ်ကမ်းစပ်ကိုရောက်တဲ့အထိ ပင်လယ်လိပ်ကြီးကိုလိုက်ပြီး နှိပ်စက်ကာစီးနှင်းနေကြတဲ့ လူတစ်စုကိုအပြစ်ပေးကြဖို့ မျှော်လင့်နေကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment