Facebook ပေါ်မှာ sexy ဓာတ်ပုံတွေတင်လို့ချစ်သူက သဝန်တိုပြီးလူမဆန်စွာရိုက်နှက်ခံလိုက်ရတဲ့ အမျိုးသမီး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကမ္ဘောဒီးယားနိုင်ငံ ၊ Phnom Penh မြို့မှာနေထိုင်လျက်ရှိတဲ့ အမျိုးသမီးဟာ သူမရဲ့အတွင်းသားတွေကို အထင်းသားကြီးမြင်နေရတဲ့ အတွင်းခံဝတ်စုံနဲ့ဓာတ်ပုံကို သူမရဲ့Facebook account ပေါ်မှာတင်ခဲ့ပါတယ် ။သူမဓာတ်ပုံတင်ပြီးနောက်မှာတော့ သူမရဲ့ချစ်သူကောင်လေးဟာ လုံးဝမကြိုက်တဲ့အတွက်ဓာတ်ပုံကိုပြန်ဖျက်ခိုင်ခဲ့ပေမဲ့ သူမကဓာတ်ပုံအကုန်လုံးကိုမဖျက်ခဲ့ပါဘူး ။ ချစ်သူကောင်လေးဟာ ဒေါသမထိန်းနိုင်တော့ပဲသူမကို လူမဆန်စွာရိုက်နှက်ခဲ့တဲ့အတွက် မျက်နှာ၊လက်မောင်းနဲ့ ခြေထောက်တွေမှာ ပွန်းပဲ့ဒဏ်ရာများစွာရရှိခဲ့ပါတယ် ။

အမှန်တကယ်တော့သူမဟာ Facebook ပေါ်မှာ အလှပြင်ပစ္စည်းတွေ နဲ့ အမျိုးသမီးအတွင်းခံတွေ ရောင်ချနေတဲ့သူဖြစ်တဲ့အတွက် သူမကိုယ်တိုင်မော်ဒယ်လုပ်ပြီး ပစ္စည်းများရောင်းချနေခြင်းသာဖြစ်ကြောင်း ၊ ချစ်သူက သူမကိုအမြဲကိုယ်ထိလက်ရောက်နှိပ်စက်လျက်ရှိကြောင်းသက်သေvideoများဖြင့် Facebook ပေါ်မှာတင်ထားခဲ့ပြီး ၊ သူမကို ကူညီကြရန်ပြောဆိုထားပါတယ် ။

သူမ၏ချစ်သူမှာလည်း အစိုးရဝန်ထမ်းဖြစ်ပြီး ၊ သူ၏အမည် ၊ နေရပ်လိပ်စာ နှင့် ရာထူးအဆင့်တွေကိုလည်း သူမက ထုတ်ဖော်ကာ ၊ သူမကိုနှိပ်စက်ခဲ့တဲ့ သက်သေဓာတ်ပုံများကိုလည်း သူမရဲ့social media account မှာဖြန့်ဝေခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment