ချစ်သူ နှင့် အမွှာညီမ ဖြစ်သူတို့နောက်ကွယ်မှာဖောက်ပြန်နေတဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီး

အမွှာညီအစ်မဆိုတာမျိုးက ရုပ်ချင်းဆင်တူရုံသာမက စိတ်တွေလည်းဆက်နွယ်နေတယ်လို့သိရှိရပါတယ် ။ဒါကြောင့်မို့ ကိုယ်ရဲ့အမွှာက ကိုယ့်ကိုသစ္စာဖောက်ခဲ့ရင်တော့ တော်တော်လေးကို ခံပြင်းမိမှာပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်မှာနေထိုင်တဲ့အမျိုးသမီးဟာ သူမချစ်သူ နဲ့ အမွှာညီမ ဖြစ်သူတို့အတူတူအိပ်ခဲ့တဲ့အကြောင်းကိုဝေမျှခဲ့တဲ့အတွက် ထိုင်ဝမ်မှာ အတော်လေးကိုနာမည်ကြီးသွားခဲ့ပါတယ် ။ဖြစ်စဉ်ကတော့ အစပိုင်းမှာတော့သူမတို့အမွှာနှစ်ယောက်ဟာ ဆင်တူဝတ်စုံတွေဝတ်ကြပြီး ၊ ဝါသနာတွေလည်းတူညီခဲ့ကြပါတယ် ။သို့ပေမဲ့လည်း သူမတို့အရွယ်ရောက်လာခဲ့တဲ့အချိန်မှာတော့ သူမတို့ရဲ့ဝါသနာဟာ အတော်လေးကွဲပြားနေခဲ့တာကို တွေ့ရှိသွားခဲ့ပါတယ် ။ဒါပေမဲ့လည်း သူတို့နှစ်ယောက်၏ဆက်ဆံရေးမှာ ကောင်မွန်နေဆဲပါ ။ အစ်မဖြစ်သူမှာတော့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူဖြစ်၍ လူများသောနေရာသို့သွားလာခြင်းမျိုးကိုမကြိုက်သူပါ ။ ညီမဖြစ်သူမှာတော့ အပျော်အပါးကြိုက်သူဖြစ်ပြီး ပွေရှုတ်သူလည်းဖြစ်ပါတယ် ။

အစ်မဖြစ်သူဆီမှာတော့ 3နှစ်လောက်တွဲနေတဲ့ချစ်သူရှိခဲ့ပြီး ၎င်းချစ်သူဟာလည်း ညီမဖြစ်သူအကြံပေးတဲ့အတိုင်း သူမကြိုက်နှစ်သက်တဲ့ပူတင်ကိုနေ့တိုင်ဝယ်လာပေးပြီး သူမကိုအမြဲဂရုစိုက်သူတစ်ယောက်ပါ ။ညီမဖြစ်သူဟာ မကြာခဏရည်းစားအပြောင်းအလဲများတဲ့သူဖြစ်တဲ့အတွက် သူမမှာအခြားအမျိုးသားတွေနဲ့တွေ့ဖို့အခွင့်အရေးမရခဲ့ပါဘူး ။ သို့ပေမဲ့လည်း သူမဟာညီမဖြစ်သူကို စိတ်ကောင်းရှိသူလို့သာထင်မှတ်ပြီး အမြဲယုံကြည်နေခဲ့ပါတယ် ။အစ်မဖြစ်သူ၏ပြောပြချက်အရ’ ကျွန်မတို့ရဲ့မွေးနေ့ကျရောက်တဲ့နေ့မှာတော့ ညီမဖြစ်သူကကျွန်မကိုကလပ်သွားပြီး ပျော်ဖို့ခေါ်ခဲ့ပါတယ် ။ကျွန်မကလူများတဲ့နေရာကိုမကြိုက်မှန်းသိနေရက်နဲ့ ခေါ်နေတော့စိတ်ထဲတစ်မျိုးတော့ဖြစ်မိတာပေါ့ ၊ကျွန်မရဲ့ချစ်သူကလည်း အလုပ်ကိစ္စနဲ့ခရီးသွားနေတော့ ကျွန်မကိုလိုက်သွားဖို့ ပြောတယ် ၊ကျွန်မလည်းကလပ်ကိုပထမဆုံးရောက်ဖူးတာဆိုတော့ နေရတာဘယ်လိုမှအဆင်မပြေဘူး ၊ အဲ့တော့သန့်စင်ခန်းကိုသွားပြီး ကျွန်မချစ်သူကိုဖုန်းဆက်တော့ သူကကျွန်မကိုထပ်နေအုံး အစောကြီးပြန်ရင်ရိုင်းရာကျတယ်ဆိုပြီး ကျွန်မကိုဖျောင်းဖျခဲ့ပါတယ်’ ဆိုပြီးရေးသားခဲ့ပါတယ် ။

သူမဟာကလပ်ထဲကစားပွဲဝိုင်းကိုပြန်လာတော့ သူမရဲ့ညီမဖြစ်သူကိုမတွေ့တော့တဲ့အတွက် သူငယ်ချင်းများကိုမေးကြည့်လိုက်ချိန်မှာတော့ ညီမဖြစ်သူဟာအခြားယောင်္ကျားလေးဝိုင်းသို့ပြောင်းရွှေ့သွားခဲ့တာဖြစ်ကြောင်းပြောပြ၍ ညီမဖြစ်သူကိုဖုန်းဆက်ပေမဲ့လည်း ဖုန်းမကိုင်သောကြောင့်သူမအိမ်သို့ပြန်လာခဲ့ပါတယ် ။အိမ်ပြန်ရောက်တော့သူမရေအရင်ချိုးဖို့လုပ်ခဲ့ပေမဲ့ ကြမ်းပြင်ဟာစိုရွှဲနေခဲ့တဲ့အတွက် ညီမဖြစ်သူအိမ်အရင်ပြန်ရောက်နေတယ်ထင်ပြီး ညီမဖြစ်သူ၏အခန်းတံခါးကိုဖွင့်ကြည့်လိုက်ချိန်မှာတော့ သူမ၏ချစ်သူဟာ ညီမဖြစ်သူကိုအနောက်ကနေဖက်ထားပြီး ချစ်တင်းနှောနေတာကို တွေ့ရှိခဲ့ပါတယ် ။ထို့နောက်သူမဟာဘားမှမပြောဘဲ တံခါးကိုပြန်ပိတ်ပေးခဲ့ပါတယ် ။မကြာခင်မှာပဲ သူမ၏ချစ်သူဟာ သူမရဲ့အခန်းထဲဝင်လာပြီးတောင်းပန်ခဲ့ပါတယ် ။သူမရဲ့ချစ်သူကတော့ သူမကို surprise လုပ်ချင်လို့အိမ်မှာစောင့်နေခဲ့ပေမဲ့ ညီမဖြစ်သူကအိမ်ကိုအရင်ပြန်ရောက်လာပြီး သူ့ကိုအတင်းဖက်နေခဲ့တဲ့အတွက် မလွန်ဆန်နိုင်ပဲ သူမတို့ရုပ်တွေကလည်းအလွန်ဆင်တူနေပြီး သူမကိုအရမ်းသတိရနေခဲ့တဲ့အတွက် ညီမဖြစ်သူနှင့်အတူအိပ်ခဲ့မိကြောင်းပြောပြခဲ့ပါတယ် ။

ညီမဖြစ်သူကလည်း မူးလွန်းသောကြောင့် အဆိုပါနေ့ကအဖြစ်အပျက်ကိုမမှတ်မိကြောင်းပြောပြခဲ့ပါတယ် ။ တစ်ပတ်လောက်အကြာမှာတော့ ညီမရဲ့သူငယ်ချင်းဖြစ်သူက သူမကိုအဆိုပါနေ့က ညီမဖြစ်သူဟာအစ်မ၏ချစ်သူကသူမကို surprise လုပ်ပေးချင်လို့ အိမ်ပြန်ပြီးတံခါးဖွင့်ပေးရမည်ဟု သူငယ်ချင်းဖြစ်သူကိုပြောပြခဲ့ပါတယ် ။ယခုချိန်မှာတော့ အစ်မဖြစ်သူဟာ အကုန်လုံးနဲ့အဆက်အသွယ်ဖြတ်လိုက်ပြီး ၎င်းအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့တစ်နှစ်က ဖြစ်ပျက်ခဲ့တာဖြစ်ပေမဲ့ သူမဘယ်သူ့ကိုမှမပြောပြခဲ့ကြောင်းသိရှိရပါတယ် ။ယခုကဲ့သို့ post တင်ခြင်းမှာလည်း သူမတို့ရဲ့ကိုယ်ပိုင်လက်တွဲဖော်ကို ရှာတွေ့ဖို့ရည်ရွယ်ပြီး ဝေမျှခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

  • Leave a Comment