မဂၤလာပြဲမတိုင္ခင္ တ႐ုတ္ျပည္ကိုအလည္သြားမိခဲ့လို႔ Live လြင့္ၿပီးေတာ့သာ မဂၤလာေဆာင္ခဲ့ရတဲ့ စံုတြဲရဲ႕အျဖစ္

ျဖစ္စဥ္ကေတာ့ အဆိုပါစံုတြဲႏွစ္ေယာက္လံုးဟာ စင္ကာပူႏိုင္ငံသားမ်ားျဖစ္ၾကေပမဲ့လည္း မဂၤလာပြဲမတိုင္ခင္ ႏွစ္သစ္ကူးရံုးပိတ္ကာလမွာ သတို႔သားရဲ႕မိခင္ျဖစ္သူရဲ႕ ဇာတိျဖစ္တဲ့ Hunan ျပည္နယ္သို႔ အလည္သြားခဲ့ၾကပါတယ္ ။ ဝူဟန္ၿမိဳ႕ဟာ Hunan ျပည္နယ္ထဲမွာ႐ွိၿပီး တကယ့္ကိုေရာဂါကူးစက္ပ်ံ့ႏွံ႔ေနတဲ့ အခ်ိန္မ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ရပါတယ္ ။ ထို႔ေၾကာင့္အဆိုပါစံုတြဲ ႏွင့္ မိသားစုမ်ားဟာ ေရာဂါကူးစက္ခံရမွာေၾကာက္လို႔ ဟိုတယ္ခန္းထဲတြင္သာ 14 ရက္ခန္႔ေနထိုင္ ေနရလ်က္႐ွိၿပီး ၎တို႔၏မဂၤလာပြဲကို live-stream လြင့္ၿပီးေတာ့သာ ဧည့္ခံက်င္းပခဲ့ရပါတယ္ ။

အဆိုပါစံုတြဲရဲ႕ မိဘေတြကလည္း အတူ တ႐ုတ္ျပည္သို႔အလည္လိုက္သြားခဲ့ၾကတဲ့အတြက္ မဂၤလာပြဲတစ္ခုလံုးကို သတို႔သားရဲ႕ညီမျဖစ္သူတစ္ေယာက္ကသာ စီစဥ္ၿပီး ေကြၽးေမြးဧည့္ခံေပးခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ပြဲလာဧည့္သည္မ်ားကလည္း ၎တို႔စံုတြဲကို စာနာနားလည္ေပးခဲ့ၾကၿပီး အားေပးေထာက္ခံေပးခဲ့ၾကပါတယ္ ။

သတို႔သမီးကေတာ့ ” မဂၤလာပြဲကို လာေရာက္ေပးလို႔ ေက်းဇူးတင္ပါတယ္ ၊ ကြၽန္မတို႔ လူကိုယ္တိုင္ မဂၤလာပြဲကို မတက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္ ၊ ဒါေပမဲ့ ဒီကေန ဧည့္ပရိသတ္အကုန္လံုးေတြ႔ျမင္ခြင့္ရတဲ့အတြက္ ကြၽန္မတို႔ေပ်ာ္ရႊင္ေနပါတယ္ ” ဆိုၿပီး ေျဖၾကားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖြစ်စဉ်ကတော့ အဆိုပါစုံတွဲနှစ်ယောက်လုံးဟာ စင်ကာပူနိုင်ငံသားများဖြစ်ကြပေမဲ့လည်း မင်္ဂလာပွဲမတိုင်ခင် နှစ်သစ်ကူးရုံးပိတ်ကာလမှာ သတို့သားရဲ့မိခင်ဖြစ်သူရဲ့ ဇာတိဖြစ်တဲ့ Hunan ပြည်နယ်သို့ အလည်သွားခဲ့ကြပါတယ် ။ ဝူဟန်မြို့ဟာ Hunan ပြည်နယ်ထဲမှာရှိပြီး တကယ့်ကိုရောဂါကူးစက်ပျံ့နှံ့နေတဲ့ အချိန်မျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ ထို့ကြောင့်အဆိုပါစုံတွဲ နှင့် မိသားစုများဟာ ရောဂါကူးစက်ခံရမှာကြောက်လို့ ဟိုတယ်ခန်းထဲတွင်သာ 14 ရက်ခန့်နေထိုင် နေရလျက်ရှိပြီး ၎င်းတို့၏မင်္ဂလာပွဲကို live-stream လွင့်ပြီးတော့သာ ဧည့်ခံကျင်းပခဲ့ရပါတယ် ။

အဆိုပါစုံတွဲရဲ့ မိဘတွေကလည်း အတူ တရုတ်ပြည်သို့အလည်လိုက်သွားခဲ့ကြတဲ့အတွက် မင်္ဂလာပွဲတစ်ခုလုံးကို သတို့သားရဲ့ညီမဖြစ်သူတစ်ယောက်ကသာ စီစဉ်ပြီး ကျွေးမွေးဧည့်ခံပေးခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ပွဲလာဧည့်သည်များကလည်း ၎င်းတို့စုံတွဲကို စာနာနားလည်ပေးခဲ့ကြပြီး အားပေးထောက်ခံပေးခဲ့ကြပါတယ် ။

သတို့သမီးကတော့ ” မင်္ဂလာပွဲကို လာရောက်ပေးလို့ ကျေးဇူးတင်ပါတယ် ၊ ကျွန်မတို့ လူကိုယ်တိုင် မင်္ဂလာပွဲကို မတက်ရောက်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ် ၊ ဒါပေမဲ့ ဒီကနေ ဧည့်ပရိသတ်အကုန်လုံးတွေ့မြင်ခွင့်ရတဲ့အတွက် ကျွန်မတို့ပျော်ရွှင်နေပါတယ် ” ဆိုပြီး ဖြေကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment