



Jasmine (MM SPORT)
Source: worldofbuzz

Unicode

တံခါးပေါက်ဝထင်ပြီး မှန်ကို 3ကြိမ်ဆက်တိုက်ဝင်စောင့်လို့ လူကြားထဲမှာအရှက်ကွဲခဲ့တဲ့မိန်းကလေး (ရုပ်/သံ)

ယခုဖြစ်ရပ်မှာလည်း Video ထဲမှာဖော်ပြခံခဲ့ရတဲ့မိန်းကလေးဟာ လူအများကြည့်ရှုနေကြတဲ့ကြားကမှ မှန်ကို အပေါက်ဝထင်ပြီး 3ကြိမ်ဆက်တိုက် အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်ခဲ့မိလို့တော်တော်လေး အရှက်ရခဲ့ပါတယ် ။ သူမနေရာမှာကိုယ်သာဆိုရင် ဆက်ပြီး ခေါင်မော့ပြီးတော့ ဘားမှမဖြစ်သလိုပဲသွားလိုက်ရမလား ၊ ခေါင်းငုံ့ပြီးတော့မှပဲသွားလိုက်ရမလား ဆိုပြီတွေဝေနေခဲ့မိမှာပါ ။ Videoထဲမှာတော့ အဆိုပါမိန်းကလေးဟာ ကြက်တောင်ရိုက်တဲ့ကစားကွင်းလို့ထင်ရတဲ့နေရာမှာ အလျင်အမြန်လမ်းလျှောက်နေခဲ့ပြီး ပတ်ပတ်လည်မှန်နဲ့ကာထားတဲ့ နံရံတွေကိုအပေါက်ဝထင်ပြီး ဝင်စောင့်ခဲ့မိပါတယ် ။သူမဟာ နောက်ပြန်ဆုတ်ပြီးခေါင်းကိုငုံ့ကာ ဘယ်ဖက်ကိုရွေ့ပြီး ထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့လည်း နောက်တစ်ကြိမ်မှန်နဲ့ 2ကြိမ်မြောက် ဝင်တိုက်ခဲ့ပါတယ် ။

သူမကိုကြည့်ရှုနေကြတဲ့သူများကိုရှက်ပြီး မျက်နှာကိုအုပ်ကာ ၊ သူမရဲ့ဆံပင်ရှည်ကလည်း သူမကိုမမြင်ရအောင်ဖုံးကွယ်နေခဲ့လို့ သူမဟာဘယ်ဖက်ထပ်ရွေ့ပြီး ထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့ နောက်ထပ် 3ကြိမ်မြောက်အနေနဲ့ မှန်ကို ဝင်တိုက်ခဲ့ပါတယ် ။နောက်ဆုံးမှာတော့သူမဟာ အပေါက်ဝအမှန်ကနေထွက်သွားနိုင်ခဲ့ပြီး တော်တော်လေးအရှက်ရကာ ခေါင်းမထောင်နိုင်တော့ပဲ ခပ်မြန်မြန်လေးပြေးထွက်သွားခဲ့ပါတယ် ။

အဆိုပါvideoကိုကြည့်ရှုသူတွေအတော်များပြားခဲ့ကြပြီး ထောင်နှင့်ချီသောပြန်လည်းဝေမျှသူများလည်းရှိကာ ၊ မှတ်ချက်ပေးခဲ့သူများလည်း အတော်များပြားကြောင်း တွေ့ရှိခဲ့ရပါတယ် ။

Jasmine (MM SPORT)
Source: worldofbuzz

Be the first to comment on "တံခါးပေါက်ဝထင်ပြီး မှန်ကို 3ကြိမ်ဆက်တိုက်ဝင်စောင့်လို့ လူကြားထဲမှာအရှက်ကွဲခဲ့တဲ့မိန်းကလေး (ရုပ်/သံ)"

Leave a comment

Your email address will not be published.


*