ပိုင်ရှင်ဖြစ်သူက 2လလောက် တိုက်ခန်းထဲမှာစွန့်ပစ်ထားခဲ့ပေမဲ့ အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ခွေးလေး



ခွေးလေးရဲ့ပိုင်ရှင်အမျိုးသမီးဟာလည်း လွန်ခဲ့တဲ့ 5နှစ်က သေအံ့ဆဲဆဲဖြစ်နေတဲ့အဆိုပါခွေးကလေးကို တွေ့ရှိခဲ့လို့မွေးစားခဲ့တာဖြစ်ကြောင်း ၊ ခွေးလေးရဲ့ခြေလက်အဂါင်္တွေကြောင့် ဆရာဝန်ကခွေးလေးရဲ့ကိုယ့်အလေးချိန် 15kg အထက်မကျော်စေဖို့ပြောခဲ့လို့ သူမဟာခွေးလေးရဲ့ကိုယ်အလေးချိန်ကိုထိန်းပေးခဲ့တာဖြစ်ကြောင်း ၊သူမ၏နေအိမ်တွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးရှိနေ၍ အန္တရာယ်ကင်း ဘေးရှင်းရန်အတွက်အဆိုပါခွေးလေးကို တိုက်ခန်းတွင်လာရောက်ထားရှိခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။


Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Husky အမျိုးအစားခွေးလေးတစ်ကောင်ဟာ ၊ မလေးရှားနိုင်ငံ Johorပြည်နယ်က တိုက်ခန်းတစ်ခုမှာ ခွေးလေးရဲ့ပိုင်ရှင်က 2လ လောက်စွန့်ပစ်ထားခဲ့ပါတယ် ။ ခွေးလေးဟာ အသက်ရှင်နိုင်ဖို့အတွက် သူ၏မစင်ကိုပြန်လည်စားသောက်ခဲ့ရပြီး တိုက်ခန်းပိုင်ရှင်က အခန်းကိုလာရောက်စစ်ဆေးခဲ့တဲ့အချိန်မှာမှ ခွေးလေးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ် ။တိုက်ခန်းပိုင်ရှင်ကလည်း Facebook ကနေသူ၏တိုက်ခန်းကိုငှါးရမ်းခဲ့ဖူးသော ခွေးလေးရဲ့ပိုင်ရှင်အမျိုးသမီးကို ဆက်သွယ်ခဲ့ပါတယ် ။ခွေးလေးရဲ့ပိုင်ရှင်အမျိုးသမီးကတော့ သူမဟာခွေးလေးကိုစွန့်ပစ်ထားခဲ့တာမဟုတ်ကြောင်း ၊ 3ရက်တစ်ကြိမ်လာရောက်အစာကျွေးကြောင်းပြောဆိုခဲ့ပါတယ် ။ တိုက်ခန်းပိုင်ရှင်အခန်းကိုမလာစစ်ခင် 3ရက်အလိုကသူမရဲ့သူငယ်ချင်းကို အကူအညီတောင်းပြီး ခွေးကိုအစာလာကျွေးခိုင်းခဲ့ကြောင်း ၊ သို့ပေမဲ့လည်း သူငယ်ချင်းဖြစ်သူက ခွေးလေးရဲ့မစင်များကို သန့်ရှင်းရေးမလုပ်ခဲ့ကြကြောင်း ခွေးပိုင်ရှင်အမျိုးသမီးကပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

တိုက်ခန်းပိုင်ရှင်ဟာ အခြားသောတိုက်ခန်းကိုလာရောက်ငှါးရမ်းလိုသူများနှင့်အတူ တိုက်ခန်းတံခါးဖွင့်ပြီးဝင်လာတဲ့အချိန်မှာတော့ ခွေးလေးရဲ့ညည်းညူ ပြီး အကူအညီတောင်နေတဲ့အသံကိုကြားခဲ့ကြပါတယ် ။ ထို့နောက် သူတို့ဟာ ခွေးလေးကိုဆေးခန်းသို့ခေါ်ဆောင်သွားခဲ့ချိန်မှာတော့ ခွေးလေးဟာအချိန်အတော်ကြာ ဆာလောင်ငတ်မွတ်နေခဲ့တဲ့အတွက် ကိုယ်အလေးချိန်မှာ 12kg သာရှိခဲ့ပြီး ၊ ခွေးလေးဟာ ယခုအချိန်မှာ အာဟာရချို့တဲ့ခြင်းနဲ့ သွေးအားနည်းရောဂါတို့ကို ခံစားနေရကြောင်းသိရှိရပါတယ် ။

ခွေးလေးရဲ့ပိုင်ရှင်အမျိုးသမီးဟာလည်း လွန်ခဲ့တဲ့ 5နှစ်က သေအံ့ဆဲဆဲဖြစ်နေတဲ့အဆိုပါခွေးကလေးကို တွေ့ရှိခဲ့လို့မွေးစားခဲ့တာဖြစ်ကြောင်း ၊ ခွေးလေးရဲ့ခြေလက်အဂါၤတွေကြောင့် ဆရာဝန်ကခွေးလေးရဲ့ကိုယ့်အလေးချိန် 15kg အထက်မကျော်စေဖို့ပြောခဲ့လို့ သူမဟာခွေးလေးရဲ့ကိုယ်အလေးချိန်ကိုထိန်းပေးခဲ့တာဖြစ်ကြောင်း ၊သူမ၏နေအိမ်တွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးရှိနေ၍ အန္တရာယ်ကင်း ဘေးရှင်းရန်အတွက်အဆိုပါခွေးလေးကို တိုက်ခန်းတွင်လာရောက်ထားရှိခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

သို့ပေမဲ့ Facebook အသုံပြုသူများကတော့ အိမ်အတွင်းထဲမှာရှိနေတဲ့ခွေးလေးရဲ့ မစင်များကိုကြည့်ခြင်းအားဖြင့် ခွေးလေးကို 3ရက်တစ်ကြိမ်အစာလာရောက်ကျွေးခြင်းမှာ မဖြစ်နိုင်ကြောင်း ခွေးပိုင်ရှင်ကို အမျိးမျိုးဝေဖန်အပြစ်တင်ခဲ့ကြပါတယ် ။ထို့နောက် ခွေးပိုင်ရှင်ရဲ့မိသားစုဝင်တစ်ယောက်ကလည်း ခွေးပိုင်ရှင်အမျိုးသမီးကို comment တွင်မျိုးစုံဝေဖန်ပြောဆိုကြသည်မှာ သူမရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေတဲ့အတွက် ၊ သူမကိုပြင်းပြင်းထန်ထန်ပြောဆိုကြသူများမှာ သူမတစ်ခုခုဖြစ်ခဲ့လျှင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတိပေးကာတုန့်ပြန်ပြောဆိုခဲ့ပါတယ် ။လက်ရှိမှာတော့ တိုက်ခန်းပိုင်ရှင်ဟာ ခွေးလေးရဲ့နာမည်ကိုပြောင်းပြီး ပြန်လည်မွေးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment