ကိုယ့္ကိုေသေၾကာင္းၾကံစည္လို႔ဆိုၿပီး ေထာင္ဒဏ္ 6လ ခ်မွတ္ခံခဲ့ရတဲ့ မသန္စြမ္းအမ်ိဳးသား

ေခတ္ကာလအရ တစ္ရက္ထက္တစ္ရက္ ကိုယ့္ကိုအဆံုးစီရင္ခဲ့ၾကတဲ့ သူေတြရဲ႕အေရအတြက္ဟာ တျဖည္းျဖည္းတိုးလာခဲ့ပါတယ္ ။ ကိုယ့္ဘဝကို လက္ေလ်ွာ့ပစ္လိုက္ၿပီး ကိုယ့္ကိုအဆံုးစီရင္တဲ့လုပ္ရပ္မ်ိဳးကို မေလး႐ွားႏိုင္ငံက ျပစ္မႈတစ္ခုအေနနဲ႔သတ္မွတ္ထားၿပီး ၊ အဆံုးစီရင္မႈ မေအာင္ျမင္ဘဲ အသက္႐ွင္က်န္ရစ္ခဲ့တဲ့သူေတြမွာေတာ့ ေထာင္ဒဏ္ခ်မွတ္ျခင္းခံရမွာပါ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက မသန္စြမ္းအမ်ိဳးသားတစ္ေယာက္ဟာ သူ၏ေနအိမ္မ်က္ႏွာၾကက္ကေန ကိုယ့္ကိုႀကိဳးဆြဲခ်ဖို႔ စီစဥ္ေနတုန္း မေအာင္ျမင္ခဲ့ဘဲ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရၿပီး 2 ရက္အၾကာမွာေတာ့ ျပစ္မႈဥပေဒအရ ေထာင္ဒဏ္ 6လ ခ်မွတ္ျခင္းခံခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ ျပည္သူအမ်ားစုက စိတ္ဒဏ္ရာေတြေၾကာင့္ ကိုယ့္ကိုအဆံုးစီရင္ဖို႔ႀကိဳးစားတဲ့သူေတြကို စိတ္ပိုင္းဆိုင္ရာအကူအညီေတြေပးဖို႔ ျပဳလုပ္ေပးရမဲ့အစား ျပစ္မႈက်ဴ းလြန္သူတစ္ေယာက္လို ဆက္ဆံတာက လံုးဝမျဖစ္သင့္ေၾကာင္း သံုးသပ္ေဝဖန္ခဲ့ၾကပါတယ္ ။

ထို႔အျပင္ လူအမ်ားစုက” ကိုယ့္ကိုအဆံုးစီရင္တဲ့သူေတြက ေထာင္က်မွာေၾကာက္ၿပီး ျပန္ေနာင္တရမဲ့သူေတြမဟုတ္ဘူး ၊ သူတို႔ဘဝ ဘယ္ေလာက္ခက္ခဲၾကမ္းတမ္းခဲ့တာကိုလည္း မသိႏိုင္ဘူး ၊ သူတို႔ကို စိတ္ပိုင္းဆိုင္ရာကုသမႈေတြ ခံယူရဖို႔ ကူညီေပးသင့္တာျဖစ္ၿပီး ၊ ယခုလို ေထာင္ဒဏ္မ်ိဳး မခ်သင့္ေၾကာင္း ” မ်ိဳးစံု ေထာက္ျပေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခေတ်ကာလအရ တစ်ရက်ထက်တစ်ရက် ကိုယ့်ကိုအဆုံးစီရင်ခဲ့ကြတဲ့ သူတွေရဲ့အရေအတွက်ဟာ တဖြည်းဖြည်းတိုးလာခဲ့ပါတယ် ။ ကိုယ့်ဘဝကို လက်လျှော့ပစ်လိုက်ပြီး ကိုယ့်ကိုအဆုံးစီရင်တဲ့လုပ်ရပ်မျိုးကို မလေးရှားနိုင်ငံက ပြစ်မှုတစ်ခုအနေနဲ့သတ်မှတ်ထားပြီး ၊ အဆုံးစီရင်မှု မအောင်မြင်ဘဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေမှာတော့ ထောင်ဒဏ်ချမှတ်ခြင်းခံရမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက မသန်စွမ်းအမျိုးသားတစ်ယောက်ဟာ သူ၏နေအိမ်မျက်နှာကြက်ကနေ ကိုယ့်ကိုကြိုးဆွဲချဖို့ စီစဉ်နေတုန်း မအောင်မြင်ခဲ့ဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး 2 ရက်အကြာမှာတော့ ပြစ်မှုဥပဒေအရ ထောင်ဒဏ် 6လ ချမှတ်ခြင်းခံခဲ့ရပါတယ် ။

ထို့ကြောင့် ပြည်သူအများစုက စိတ်ဒဏ်ရာတွေကြောင့် ကိုယ့်ကိုအဆုံးစီရင်ဖို့ကြိုးစားတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာအကူအညီတွေပေးဖို့ ပြုလုပ်ပေးရမဲ့အစား ပြစ်မှုကျူ းလွန်သူတစ်ယောက်လို ဆက်ဆံတာက လုံးဝမဖြစ်သင့်ကြောင်း သုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။

ထို့အပြင် လူအများစုက” ကိုယ့်ကိုအဆုံးစီရင်တဲ့သူတွေက ထောင်ကျမှာကြောက်ပြီး ပြန်နောင်တရမဲ့သူတွေမဟုတ်ဘူး ၊ သူတို့ဘဝ ဘယ်လောက်ခက်ခဲကြမ်းတမ်းခဲ့တာကိုလည်း မသိနိုင်ဘူး ၊ သူတို့ကို စိတ်ပိုင်းဆိုင်ရာကုသမှုတွေ ခံယူရဖို့ ကူညီပေးသင့်တာဖြစ်ပြီး ၊ ယခုလို ထောင်ဒဏ်မျိုး မချသင့်ကြောင်း ” မျိုးစုံ ထောက်ပြဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment