တိုက္ခန္းထဲမွာပိတ္မိၿပီး မီးေလာင္ကြၽမ္းျခင္းခံခဲ့ရတဲ့ ကေလးငယ္ရဲ႕ေသဆံုးမႈေၾကာင့္ မီးသတ္သမားမ်ား ျပစ္တင္ေဝဖန္ခံခဲ့ရ (႐ုပ္ /သံ)

7 ႏွစ္အရြယ္ကေလးမေလးဟာ သူမေနထိုင္တဲ့တိုက္ခန္း မီးေလာင္ကြၽမ္းခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္ႏိုင္မယ့္လမ္း မ႐ွိခဲ့လို႔ ဆိုးဆိုးရြာရြားမီးေလာင္ကြၽမ္းခဲ့ၿပီး ေသဆံုးသြားခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ Morocco ႏိုင္ငံမွာေနထိုင္တဲ့ကေလးမေလးဟာ သူမရဲ႕တိုက္ခန္းနားကပုတင္းေပါက္ေလးနားမွာ ကစားေနတုန္း ၊ အခန္းထဲမွာ႐ွိတဲ့ ဖုန္းအားသြင္းကိရိယာကထၿပီးေပါက္ကြဲလို႔ အခန္းတစ္ခုလံုးမီးေလာင္ကြၽမ္းခဲ့ရပါတယ္ ။ကေလးငယ္ဟာ ထြက္ေျပးလြတ္ေျမာက္ႏိုင္မယ့္လမ္းမ႐ွိေတာ့လို႔ အကာအရံေတြနဲ႔ျပဳလုပ္ထားတဲ့ပုတင္းေပါက္နားမွာ လြတ္ေျမာက္ႏိုင္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း မီးေတာက္ဟာအလြန္ႀကီးလာတဲ့အတြက္ သူမဟာအဲ့ေနရာမွာပဲခံေနခဲ့ပါတယ္ ။

Video ထဲမွာေဖာ္ျပထားတာကေတာ့ မီးေတာက္ေလာင္ေနတဲ့အေဆာက္အဦးနားမွာ လူအမ်ားစုေဝးေနၾကၿပီး ၊ လူတစ္စုကေတာ့မီးသတ္ႏိုင္ဖို႔အတြက္ႀကိဳးစားေနၾကပါတယ္ ။ကေလးငယ္၏ခႏၶာကိုယ္တစ္ခုလံုးကို မီးေလာင္ကြၽမ္းေနတဲ့ခ်ိန္မွာေတာ့ သူမ၏ေျခေတာက္ႏွစ္ဖက္ဟာ ပုတင္ေပါက္နားကသံတိုင္ၾကားမွာ တြဲေလာင္းေလးက်ေနခဲ့ၿပီး အဆိုပါအျဖစ္ကိုၾကည့္႐ႈေနၾကတဲ့သူေတြရဲ႕ ေအာ္ဟစ္ငိုေႂကြးေနတဲ့အသံမ်ားကိုလည္း ၾကားရမွာပါ ။ အိမ္နီးခ်င္းေတြကလည္း မီးသတ္ကားမလာခ်ိန္အထိ ဘားမွအကူအညီ မေပးႏိုင္ဘဲျဖစ္ေနခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ မီးသတ္သမားေတြကို 23 မိနစ္ေလာက္ဖုန္းေခၚဆိုခဲ့ေပမဲ့ ဖုန္းကိုျပန္လည္ေျဖၾကားျခင္းမ႐ွိေၾကာင္းေျပာျပခဲ့ပါတယ္ ။

ေဒသခံတစ္ဦးက မီးသတ္ဌာနကိုသြားခဲ့ခိ်န္မွာေတာ့ မီးသတ္တစ္ဦးက ကေလးငယ္ကိုကယ္တင္ဖို႔အတြက္၎တို႔ ဝတ္စံုဝတ္ဆင္ရန္လိုအပ္ေသးေၾကာင္းေျပာဆိုခဲ့ပါတယ္ ။ေဒသခံေနာက္တစ္ဦးကလည္း မီးသတ္ဌာနကဖုန္းမကိုင္ခဲ့ပါဘူး ၊ သက္ေသ႐ွိပါတယ္ ၊ဆက္သြယ္ေရးရံုးမွာျပန္စစ္ေဆးၾကည့္လို႔ရပါတယ္ ၊ ကြၽန္ေတာ္တို႔အေကာင္းဆံုးႀကိဳးစားခဲ့ပါတယ္ ဆိုၿပီးေျပာျပခဲ့ပါတယ္ ။ ေဒသခံေနာက္တစ္ဦးက မီးသတ္ဌာနကိုကားေမာင္းၿပီးသြားခဲ့ခ်ိန္မွာေတာ့ မီးသတ္သမားမ်ားဟာ ဖဲ႐ိုက္ေနတာကိုေတြ႔႐ွိခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။လူမ်ားစြာက တိုက္ခန္းရဲ့တံခါးကိုဖ်က္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း မေအာင္ျမင္ခဲ့ပါဘူး ။ မီးသတ္သမားမ်ားေရာက္လာခ်ိန္မွာေတာ့ ကေလးငယ္ဟာမီးေလာင္ကြၽမ္းလို႔ေသဆံုးသြားခဲ့ၿပီးပါၿပီ ။

မီးၿငိမ္းသြားတဲ့ခ်ိန္မွာေတာ့ ကေလးငယ္ကိုေဆးရံုသို႔ေခၚေဆာင္သြားခဲ့ၾကပါတယ္ ။ အဆိုပါ ေၾကကြဲဖြယ္ေကာင္းတဲ့ျဖစ္ရပ္ကို ျမင္ေတြ႔ခဲ့ၾကတဲ့မ်က္ျမင္သက္ေသေတြဟာ မီးသတ္သမားေတြရဲ႕အေရးတယူလုပ္ေဆာင္မႈမ႐ွိတဲ့လုပ္ရပ္ေတြကို ျပစ္တင္ေဝဖန္ခဲ့ၾကၿပီး ကေလးငယ္ရဲ႕ေသဆံုးမႈအတြက္ မီးသတ္သမားေတြညံ့ဖ်င္းမႈေၾကာင့္ဆိုၿပီး တာဝန္ယူခိုင္းခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

7 နှစ်အရွယ်ကလေးမလေးဟာ သူမနေထိုင်တဲ့တိုက်ခန်း မီးလောင်ကျွမ်းခဲ့ပြီး ထွက်ပြေးလွတ်မြောက်နိုင်မယ့်လမ်း မရှိခဲ့လို့ ဆိုးဆိုးရွာရွားမီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသွားခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ Morocco နိုင်ငံမှာနေထိုင်တဲ့ကလေးမလေးဟာ သူမရဲ့တိုက်ခန်းနားကပုတင်းပေါက်လေးနားမှာ ကစားနေတုန်း ၊ အခန်းထဲမှာရှိတဲ့ ဖုန်းအားသွင်းကိရိယာကထပြီးပေါက်ကွဲလို့ အခန်းတစ်ခုလုံးမီးလောင်ကျွမ်းခဲ့ရပါတယ် ။ကလေးငယ်ဟာ ထွက်ပြေးလွတ်မြောက်နိုင်မယ့်လမ်းမရှိတော့လို့ အကာအရံတွေနဲ့ပြုလုပ်ထားတဲ့ပုတင်းပေါက်နားမှာ လွတ်မြောက်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း မီးတောက်ဟာအလွန်ကြီးလာတဲ့အတွက် သူမဟာအဲ့နေရာမှာပဲခံနေခဲ့ပါတယ် ။

Video ထဲမှာဖော်ပြထားတာကတော့ မီးတောက်လောင်နေတဲ့အဆောက်အဦးနားမှာ လူအများစုဝေးနေကြပြီး ၊ လူတစ်စုကတော့မီးသတ်နိုင်ဖို့အတွက်ကြိုးစားနေကြပါတယ် ။ကလေးငယ်၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးလောင်ကျွမ်းနေတဲ့ချိန်မှာတော့ သူမ၏ခြေတောက်နှစ်ဖက်ဟာ ပုတင်ပေါက်နားကသံတိုင်ကြားမှာ တွဲလောင်းလေးကျနေခဲ့ပြီး အဆိုပါအဖြစ်ကိုကြည့်ရှုနေကြတဲ့သူတွေရဲ့ အော်ဟစ်ငိုကြွေးနေတဲ့အသံများကိုလည်း ကြားရမှာပါ ။ အိမ်နီးချင်းတွေကလည်း မီးသတ်ကားမလာချိန်အထိ ဘားမှအကူအညီ မပေးနိုင်ဘဲဖြစ်နေခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ မီးသတ်သမားတွေကို 23 မိနစ်လောက်ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဖုန်းကိုပြန်လည်ဖြေကြားခြင်းမရှိကြောင်းပြောပြခဲ့ပါတယ် ။

ဒေသခံတစ်ဦးက မီးသတ်ဌာနကိုသွားခဲ့ချိန်မှာတော့ မီးသတ်တစ်ဦးက ကလေးငယ်ကိုကယ်တင်ဖို့အတွက်၎င်းတို့ ဝတ်စုံဝတ်ဆင်ရန်လိုအပ်သေးကြောင်းပြောဆိုခဲ့ပါတယ် ။ဒေသခံနောက်တစ်ဦးကလည်း မီးသတ်ဌာနကဖုန်းမကိုင်ခဲ့ပါဘူး ၊ သက်သေရှိပါတယ် ၊ဆက်သွယ်ရေးရုံးမှာပြန်စစ်ဆေးကြည့်လို့ရပါတယ် ၊ ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့ပါတယ် ဆိုပြီးပြောပြခဲ့ပါတယ် ။ ဒေသခံနောက်တစ်ဦးက မီးသတ်ဌာနကိုကားမောင်းပြီးသွားခဲ့ချိန်မှာတော့ မီးသတ်သမားများဟာ ဖဲရိုက်နေတာကိုတွေ့ရှိခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။လူများစွာက တိုက်ခန်းရဲ့တံခါးကိုဖျက်ဖို့ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး ။ မီးသတ်သမားများရောက်လာချိန်မှာတော့ ကလေးငယ်ဟာမီးလောင်ကျွမ်းလို့သေဆုံးသွားခဲ့ပြီးပါပြီ ။

မီးငြိမ်းသွားတဲ့ချိန်မှာတော့ ကလေးငယ်ကိုဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြပါတယ် ။ အဆိုပါ ကြေကွဲဖွယ်ကောင်းတဲ့ဖြစ်ရပ်ကို မြင်တွေ့ခဲ့ကြတဲ့မျက်မြင်သက်သေတွေဟာ မီးသတ်သမားတွေရဲ့အရေးတယူလုပ်ဆောင်မှုမရှိတဲ့လုပ်ရပ်တွေကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ကလေးငယ်ရဲ့သေဆုံးမှုအတွက် မီးသတ်သမားတွေညံ့ဖျင်းမှုကြောင့်ဆိုပြီး တာဝန်ယူခိုင်းခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment