မီးလောင်နေတဲ့ကားထဲမှာပိတ်မိနေတဲ့မြေးလေးတွေကို ကြည့်နေရုံမျှအပ ဘားမှမကူညီနိုင်ခဲ့တဲ့ အဘိုးတစ်ယောက်ရဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 54နှစ်အရွယ်အဘိုးဖြစ်သူဟာ တစ်မနက်ခင်းမှာ သူ၏မြေနှစ်ယောက်ကိုခေါ်ပြီးအပြင်ထွက်လည်ခဲ့ပါတယ် ။ တစ်နေရာရောက်တော့ အဘိုးဖြစ်သူဟာ ကားပေါ်ကနေခဏဆင်းပြီး ကလေးနှစ်ယောက်ကိုကားထဲမှာထားခဲ့ကာ ကားတံခါးကိုသော့ခတ်ခဲ့ပါတယ် ။အဲ့အချိန်မှာ ရုတ်တရက်ကားဟာ မီးထလောင်ပြီး ကားထဲမှာရှိနေတဲ့ ကလေးငယ်များလည်း မီးလောင်ကျွမ်းခဲ့ရပါတယ် ။မီးလောင်ကျွမ်းနေတာကိုမြင်တော့ အနီးအနားမှာရှိနေတဲ့သူများက အဘိုးဖြစ်သူကိုလာရောက်ကူညီခဲ့ကြပြီး ကားပုတင်းပေါက်ပွင့်အောင်ပစ္စည်းကိရိယာတွေနဲ့ရိုက်ခွဲခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း ကားပုတင်းပေါက်ကိုဖွင့်ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး ။ ကားအတွင်းပိုင်မှာလောင်ကျွမ်းနေတဲ့ မီးတွေကပိုမိုပြင်းထန်လာခဲ့လို့ ကလေးနှစ်ယောက်လုံးမှာလည်း သေဆုံးခဲ့ရပါတယ် ။ မီးသတ်သမားတွေကလာပြီး မီးငြိမ်သက်ပေးခဲ့ကြပေမဲ့လည်း ကားတံခါးကိုဖွင့်လို့မရခဲ့ပါဘူး ။အဘိုးဖြစ်သူကလည်း ကားထိုင်ခုံပေါ်မှာပဲ မီးလောင်ကျွမ်းခံနေရတဲ့ကလေးငယ်တွေကို ရပ်ကြည့်နေရုံမျှအပ ဘားမှမကူညီနိုင်ခဲ့ပါဘူး ။သူ၏ မြေးငယ်လေးများကိုမကယ်တင်နိုင်ခဲ့လို့ ဝမ်းနည်းပူဆွေးပြီး အဆိုပါနေရာတွင် အဘိုးဖြစ်သူမှာ အော်ဟစ်ငိုကြွေးနေခဲ့ရပါတယ် ။

ဓာတ်ပုံထဲမှာ ဖော်ပြထားတာကတော့ မီးလောင်ကျွမ်းထားတဲ့ကားရဲ့ ခြေရာလက်ရာမပျက်သေးတဲ့ပုံဖြစ်ပြီး ကလေးငယ်နှစ်ယောက်မှာတော့ ကားအတွင်းပိုင်မှာ မီးကျွမ်းလောင်ခဲ့ကြပြီး ကားထိုင်ခုံလေးတွေမှာ ကပ်နေခဲ့ကြတဲ့အထိ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် ဆိုးဆိုးရွားရွားဖြစ်ပျက်ခဲ့တာပါ ။ ဒါ့အပြင် ရဲအရာရှိများကလည်း ကားပိုင်ရှင်ဖြစ်သူအဘိုးကို စစ်ဆေးမေးမြန်းရန်အတွက်ဖမ်းဆီးထားခဲ့ပြီး ၊ ကားမှာမည်သို့မည်ပုံမီးလောင်ကျွမ်းခြင်း စတင်ခဲ့ကြောင်းကို ယခုချိန်ထိမသိရှိရသေးကြောင်း ဖော်ပြထားပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment