ဇနီးသည္မေသဆံုးခင္က ေပခဲ့တဲ့ေပႀကိဳးေခြေလးကို ျပန္ေကာက္ဖို႔တံတားေပၚကေန ခုန္ခ်ခဲ့တဲ့ အမ်ိဳးသား

တခ်ိဳ႕ေသာအရာဝတၳဳ ပစၥည္းေလးေတြက ကိုယ့္အတြက္ေတာ့ ပံုမွန္ပဲ သံုးလို႔မရေတာ့တဲ့အရာဝတၳဳေတြဆိုေပမဲ့လည္း အျခားသူတစ္ေယာက္အတြက္ေတာ့အဆိုပါအရာဟာ အမွတ္တရေတြမ်ားစြာ႐ွိခဲ့လို႔ ေတာ္ေတာ္ေလးကိုတန္ဖိုးျဖတ္လို႔မရႏိုင္တဲ့အရာေတြပါ ။ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံက အသက္41ႏွစ္အရြယ္ ပန္းပဲသမားဟာ ဇနီးသည္မေသဆံုးခင္က ေနာက္ဆံုးအေနနဲ႔ေပးခဲ့တဲ့ ေပႀကိဳးေခြေလးကိုျပန္ေကာက္ဖို႔ ပင္လယ္ထဲကိုခုန္ခ်ခဲ့ပါတယ္ ။ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားဟာ ရႊ႔ံဗြတ္ေတြထူလြန္ၿပီး ပင္လယ္ကိုျဖတ္ၿပီးျပဳလုပ္ထားတဲ့ တံတားအသစ္ေလးအေပၚမွာ ေအးေအးလူလူလမ္းေလ်ွာက္ေနတုန္း ေပႀကိဳးေခြေလးကိုထုတ္ၾကည့္ခဲ့ပံုရပါတယ္ ။ထို႔ေနာက္ ေပႀကိဳးေခြေလးဟာ ၎အမ်ိဳးသားလက္ထဲကေန ေခ်ာ္ထြက္သြားခဲ့ၿပီး ရႊံ ့ထူလြန္းတဲ့ ေရထဲသို႔က်သြားခဲ့ပါတယ္ ။

သာမွန္လူတစ္ေယာက္သာဆိုရင္ေတာ့ အဆိုပါတန္ဖိုးမႀကီးတဲ့ပစၥည္းကိုအဲ့အတိုင္းထားလိုက္ၾကမွာပါ ။ ဒါေပမဲ့ ဒီအမ်ိဳးသားကေတာ့ အဲ့လိုမဟုတ္ပါဘူး ။ျဖစ္ေပၚလာမဲ့အက်ိဳးဆက္ေတြကို ဘားမွမစဥ္းစားႏိုင္ေတာ့ပဲ ရႊံ ့ဗြတ္ထူလြန္းတဲ့ ေရထဲကိုခုန္ခ်ၿပီး ေပႀကိဳးေခြေလးကို ျပန္ရယူႏိုင္ဖို႔ႀကိဳးစားခဲ့ပါတယ္ ။သို႔ေပမဲ့လည္း ရႊံ ့ဗြတ္ဟာအေတာ္ေလးကိုနက္ခဲ့တဲ့အတြက္ တံတားေပၚျပန္မတက္ႏိုင္ခဲ့ဘဲ ေရထဲကေနေအာ္ဟစ္အကူအညီေတာင္းခံခဲ့ရပါတယ္ ။ကံေကာင္းေထာက္မစြာနဲ႔ပဲ အျခားအမ်ိဳးသားတစ္ဦးဟာလမ္းေလ်ွာက္လာတုန္း ပန္းပဲဆရာရဲ႕ ဦးထုပ္နဲ႔ဖိနပ္က်န္ေနခဲ့တာကိုေတြ႔႐ွိၿပီး တံတားေအာက္သို႔လွန္းၾကည့္လိုက္ခ်ိန္မွာေတာ့ ေရထဲက်ေနတဲ့ပန္းပဲဆရာကိုေတြ႔႐ွိခဲ့လို႔ တာဂန္႐ွိသူမ်ားကိုလွန္းအေၾကာင္းၾကားခဲ့ပါတယ္ ။ေဒသခံအာဏာပိုင္မ်ားက လာေရာက္ကယ္ဆယ္ေပးခဲ့ၾကၿပီး ကယ္တင္ခ်ိန္မွာ မိနစ္40ခန္႔ၾကာျမင့္ခဲ့ပါတယ္ ။

ပန္းပဲဆရာကို ေမးျမန္းၾကည့္ခ်ိန္မွာေတာ့ အဆိုပါေပႀကိဳးေခြေလးဟာ သူ႔အတြက္အေတာ္ေလးအေရးႀကီးေၾကာင္းႏွင့္ ဇနီးသည္ျဖစ္သူ ဝမ္းနည္းပူေဆြမႈေတြနဲ႔မဆံုးပါးခင္အခ်ိန္က အသံုးျပဳဖို႔ဆိုၿပီးဝယ္ေပးခဲ့တဲ့အတြက္ ဘယ္ေလာက္ျမင့္ၿပီး အႏၱရာယ္ဘယ္ေလာက္မ်ားလဲဆိုတာ မစဥ္းစားႏိုင္ေတာ့ဘဲ ခုန္ခ်မိခဲ့ျခင္းျဖစ္ေၾကာင္း ေျဖဆိုခဲ့ပါတယ္ ။ဇနီးသည္ျဖစ္သူက ေပႀကိဳးေခြေလးကို ဂ႐ုစိုက္ေပးဖို႔ေျပာခဲ့တဲ့အတြက္ ဇနီးသည္မ႐ွိေတာ့ေပမဲ့လည္းကတိတည္ႏိုင္ေအာင္ ႀကိဳးစားခ်င္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာျပသြားခဲ့ပါတယ္ ။ပန္းပဲဆရာကို အိမ္မျပန္ခင္ စစ္ေဆးမႈမ်ားျပဳလုပ္ေပးၿပီး သန္႔႐ွင္းေအာင္ေဆးေၾကာႏိုင္ရန္ ေရမ်ားပက္ျဖန္းေပးခဲ့ပါတယ္ ။ ကံေကာင္းေထာက္မစြာနဲ႔ပဲ ပန္းပဲဆရာဟာဒဏ္ရာႀကီးႀကီးမားမား ရ႐ွိခဲ့ျခင္းမ်ိဳးမ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တချို့သောအရာဝတ္ထု ပစ္စည်းလေးတွေက ကိုယ့်အတွက်တော့ ပုံမှန်ပဲ သုံးလို့မရတော့တဲ့အရာဝတ္ထုတွေဆိုပေမဲ့လည်း အခြားသူတစ်ယောက်အတွက်တော့အဆိုပါအရာဟာ အမှတ်တရတွေများစွာရှိခဲ့လို့ တော်တော်လေးကိုတန်ဖိုးဖြတ်လို့မရနိုင်တဲ့အရာတွေပါ ။ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အသက်41နှစ်အရွယ် ပန်းပဲသမားဟာ ဇနီးသည်မသေဆုံးခင်က နောက်ဆုံးအနေနဲ့ပေးခဲ့တဲ့ ပေကြိုးခွေလေးကိုပြန်ကောက်ဖို့ ပင်လယ်ထဲကိုခုန်ချခဲ့ပါတယ် ။ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ ရွှံ့ဗွတ်တွေထူလွန်ပြီး ပင်လယ်ကိုဖြတ်ပြီးပြုလုပ်ထားတဲ့ တံတားအသစ်လေးအပေါ်မှာ အေးအေးလူလူလမ်းလျှောက်နေတုန်း ပေကြိုးခွေလေးကိုထုတ်ကြည့်ခဲ့ပုံရပါတယ် ။ထို့နောက် ပေကြိုးခွေလေးဟာ ၎င်းအမျိုးသားလက်ထဲကနေ ချော်ထွက်သွားခဲ့ပြီး ရွှံ့ထူလွန်းတဲ့ ရေထဲသို့ကျသွားခဲ့ပါတယ် ။

သာမှန်လူတစ်ယောက်သာဆိုရင်တော့ အဆိုပါတန်ဖိုးမကြီးတဲ့ပစ္စည်းကိုအဲ့အတိုင်းထားလိုက်ကြမှာပါ ။ ဒါပေမဲ့ ဒီအမျိုးသားကတော့ အဲ့လိုမဟုတ်ပါဘူး ။ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကို ဘားမှမစဉ်းစားနိုင်တော့ပဲ ရွှံ့ဗွတ်ထူလွန်းတဲ့ ရေထဲကိုခုန်ချပြီး ပေကြိုးခွေလေးကို ပြန်ရယူနိုင်ဖို့ကြိုးစားခဲ့ပါတယ် ။သို့ပေမဲ့လည်း ရွှံ့ဗွတ်ဟာအတော်လေးကိုနက်ခဲ့တဲ့အတွက် တံတားပေါ်ပြန်မတက်နိုင်ခဲ့ဘဲ ရေထဲကနေအော်ဟစ်အကူအညီတောင်းခံခဲ့ရပါတယ် ။ကံကောင်းထောက်မစွာနဲ့ပဲ အခြားအမျိုးသားတစ်ဦးဟာလမ်းလျှောက်လာတုန်း ပန်းပဲဆရာရဲ့ ဦးထုပ်နဲ့ဖိနပ်ကျန်နေခဲ့တာကိုတွေ့ရှိပြီး တံတားအောက်သို့လှန်းကြည့်လိုက်ချိန်မှာတော့ ရေထဲကျနေတဲ့ပန်းပဲဆရာကိုတွေ့ရှိခဲ့လို့ တာဂန်ရှိသူများကိုလှန်းအကြောင်းကြားခဲ့ပါတယ် ။ဒေသခံအာဏာပိုင်များက လာရောက်ကယ်ဆယ်ပေးခဲ့ကြပြီး ကယ်တင်ချိန်မှာ မိနစ်40ခန့်ကြာမြင့်ခဲ့ပါတယ် ။

ပန်းပဲဆရာကို မေးမြန်းကြည့်ချိန်မှာတော့ အဆိုပါပေကြိုးခွေလေးဟာ သူ့အတွက်အတော်လေးအရေးကြီးကြောင်းနှင့် ဇနီးသည်ဖြစ်သူ ဝမ်းနည်းပူဆွေမှုတွေနဲ့မဆုံးပါးခင်အချိန်က အသုံးပြုဖို့ဆိုပြီးဝယ်ပေးခဲ့တဲ့အတွက် ဘယ်လောက်မြင့်ပြီး အန္တရာယ်ဘယ်လောက်များလဲဆိုတာ မစဉ်းစားနိုင်တော့ဘဲ ခုန်ချမိခဲ့ခြင်းဖြစ်ကြောင်း ဖြေဆိုခဲ့ပါတယ် ။ဇနီးသည်ဖြစ်သူက ပေကြိုးခွေလေးကို ဂရုစိုက်ပေးဖို့ပြောခဲ့တဲ့အတွက် ဇနီးသည်မရှိတော့ပေမဲ့လည်းကတိတည်နိုင်အောင် ကြိုးစားချင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ် ။ပန်းပဲဆရာကို အိမ်မပြန်ခင် စစ်ဆေးမှုများပြုလုပ်ပေးပြီး သန့်ရှင်းအောင်ဆေးကြောနိုင်ရန် ရေများပက်ဖြန်းပေးခဲ့ပါတယ် ။ ကံကောင်းထောက်မစွာနဲ့ပဲ ပန်းပဲဆရာဟာဒဏ်ရာကြီးကြီးမားမား ရရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment