ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ဆရာဝန်အတွက် မိခင်ဖြစ်သူမှ အစားအသောက်ပို့ပေးပြီး တံခါးဝမှာငိုကြွေးနေခဲ့တဲ့ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိခင်တိုင်းကတော့ ဒုက္ခတွေနဲ့ကြုံတွေ့လာရပြီဆိုရင် သူတို့ရဲ့ သားသမီးတွေကို အမြဲကာကွယ်စောင့်ရှောက်ပေးချင်ကြတဲ့ လူသားတွေပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်အဖြစ်အပျက်ကတော့ မိခင် နဲ့ သားသမီး အကြား ဖြတ်သွားလို့မရတဲ့ မျဉ်းတစ်ကြောင်းခြားနေသလိုပါပဲ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ဝူဟန်မြို့မှာနေထိုင်တဲ့ မိခင်တစ်ဦးဟာ ဝူဟန်ဗိုင်းရပ်ပိုးကူးစက်ခံခဲ့ရတဲ့လူနာအဖြစ် သံသာရှိခံထားရတဲ့ သူမရဲ့သားကို အနီးကပ်ပြုစုစောင့်ရှောက်ပြီး အစားအသောက်တွေ မချက်ကျွေးပေးနိုင်လို့ဆိုပြီး သားဖြစ်သူရဲ့တံခါးဝမှာ ငိုကြွေးနေခဲ့ပါတယ် ။ Video ထဲမှာတော့ သားဖြစ်သူဟာ ဆရာဝန်တစ်ဦးဖြစ်တဲ့အပြင် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတယ်ဆိုပြီး သံသယဝင်ခဲ့လို့ သူ၏မိခင်နဲ့ညီမဖြစ်သူတို့ကို အိမ်ထဲမဝင်စေခဲ့ဘဲ 2မီတာ အကွာအဝေးမှာနေပြီး စကားပြောဆိုနေခဲ့တာပါ ။

မိခင် ဖြစ်သူမှာတော့ သားအတွက် အစားအသောက်တွေယူလာခဲ့ပြီး တံခါးပေါက်အနားတွင်ချထားကာ မိခင်ဖြစ်သူမှာတော့ ” ကိုယ့်ကို ဂရုစိုက် ” ဆိုပြီး သားဖြစ်သူကို ငိုကြွေးကာ မှာကြားနေခဲ့တာပါ ။

ကံကောင်းစွာနဲ့ပဲ နောက်ဆုံးမှာတော့ သားဖြစ်သူဟာ ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမခံခဲ့ရပါဘူး ။ သို့ပေမဲ့လည်း သားဖြစ်သူက ဆရာဝန်ဖြစ်နေခဲ့တဲ့အတွက် ကိုယ့်ကိုသံသယဖြစ်နေခဲ့တာနဲ့ ချက်ချင်း မိသားစုဝင်တွေဆီ မကူးစက်အောင်ဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့လုပ်ရပ်တွေမှာတော့ လေးစားအတုယူဖို့ကောင်းလွန်းလှပါတယ် ။ အဆိုပါ video လေးကို ကြည့်ချင်အားဖြင့် မိဘတွေတိုင်း သားသမီးတွေအပေါ် ပူပန်စိတ်တွေကို အထင်းသားကြီးတွေ့ရှိရမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment