ေနာက္ဆံုးႏႈတ္ဆက္ခ်ိန္ျဖစ္သြားႏိုင္တဲ့အတြက္ လက္မလြတ္တမ္းအတူၾကိဳးစားခဲ့ၾကတဲ့ အသက္80ေက်ာ္စံုတြဲရဲ႕ (႐ုပ္သံ)

ဝူဟန္ဗိုင္းရပ္စ္ပိုးကူးစက္ပ်ံ့ႏွံ႔ျခင္းဟာ ရပ္တန္႔သြားပံုမရဘဲ ယခုအခ်ိန္မွာဆိုရင္ေတာ့ ေသဆံုးသူ 426 ဦးခန္႔႐ွိခဲ့ၿပီး ၊ ကူးစက္ခံရသူေပါင္း 20620 အထိ ေရာက္႐ွိလာခဲ့ၿပီျဖစ္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း social media ေပၚမွာေဝမ်ွခဲ့တဲ့ video ေလးတစ္ခုေၾကာင့္ အသက္ 80 ေက်ာ္အရြယ္ စံုတြဲကို လူအေတာ္အမ်ားက စာနာသနားသြားခဲ့ၾကပါတယ္ ။ အဆိုပါစံုတြဲဟာ တ႐ုတ္ႏိုင္ငံက ျဖစ္ၾကၿပီး ဝူဟန္ဗိုင္းရပ္စ္ပိုးကူးစက္ခံထားခဲ့ရတဲ့အတြက္ အေတာ္ေလးကို အားအင္ကုန္ခမ္းေနၿပီး ေရာဂါပိုးကိုမခုခံႏိုင္ၾကေတာ့ဘဲ အိပ္ယာထဲတြင္သာ လဲေလ်ာင္းေနခဲ့ၾကပါတယ္ ။ Video ထဲမွာေတာ့ အဆိုပါစံုတြဲဟာ သူတို႔ရဲ႕ေနာက္ဆံုးႏႈတ္ဆက္ခ်ိန္ျဖစ္သြားႏိုင္ပံုရတဲ့အတြက္ အခ်င္းခ်င္းလက္မလြတ္တမ္း စကားေျပာဆိုေနခဲ့ၾကတာပါ ။

Video ထဲမွာေတာ့ ခင္ပြန္းသည္က ဇနီးက စကားေျပာဆိုေနခဲ့ၿပီး ၊ အားအင္ကုန္ခမ္းေနပံုရၿပီး အိပ္ယာေပၚလဲေလ်ာင္းေနခဲ့တဲ့ ဇနီးသည္မွာေတာ့ ခင္ပြန္းသည္ရဲ႕လက္ကို ဆုပ္ကိုင္ထားလ်က္႐ွိပါတယ္ ။ အဆိုပါ ဗိုင္းရပ္စ္ပိုးကိုေတာ့ အသက္ႀကီးလြန္းတဲ့သူေတြနဲ႔ ငယ္ရြယ္လြန္းတဲ့ကေလးငယ္ေတြက ခုခံႏိုင္ဖို႔အတြက္ အေတာ္ေလးခက္ခဲလြန္းလွပါတယ္ ။

အဆိုပါ video ေလးဟာ လူအမ်ားကိုအေတာ္ေလး ဝမ္းနည္းမ်က္ရည္က်ေစခဲ့ၿပီး ၊ ဘဝတစ္ေလ်ွာက္လံုး အတူျဖတ္သန္းလာခဲ့တဲ့ လူတစ္ေယာက္ကို စြန္႔လြတ္ေပးဖို႔ကခက္ခဲလြန္းလွပါတယ္ ။ ထို႔ေၾကာင့္ လူအမ်ားစုက အဆိုပါစံုတြဲကို ျပန္လည္ေနေကာင္းက်န္းမာလာေစဖို႔ ဆုေတာင္းေပးလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့ခြင်းဟာ ရပ်တန့်သွားပုံမရဘဲ ယခုအချိန်မှာဆိုရင်တော့ သေဆုံးသူ 426 ဦးခန့်ရှိခဲ့ပြီး ၊ ကူးစက်ခံရသူပေါင်း 20620 အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း social media ပေါ်မှာဝေမျှခဲ့တဲ့ video လေးတစ်ခုကြောင့် အသက် 80 ကျော်အရွယ် စုံတွဲကို လူအတော်အများက စာနာသနားသွားခဲ့ကြပါတယ် ။ အဆိုပါစုံတွဲဟာ တရုတ်နိုင်ငံက ဖြစ်ကြပြီး ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ခံထားခဲ့ရတဲ့အတွက် အတော်လေးကို အားအင်ကုန်ခမ်းနေပြီး ရောဂါပိုးကိုမခုခံနိုင်ကြတော့ဘဲ အိပ်ယာထဲတွင်သာ လဲလျောင်းနေခဲ့ကြပါတယ် ။ Video ထဲမှာတော့ အဆိုပါစုံတွဲဟာ သူတို့ရဲ့နောက်ဆုံးနှုတ်ဆက်ချိန်ဖြစ်သွားနိုင်ပုံရတဲ့အတွက် အချင်းချင်းလက်မလွတ်တမ်း စကားပြောဆိုနေခဲ့ကြတာပါ ။

Video ထဲမှာတော့ ခင်ပွန်းသည်က ဇနီးက စကားပြောဆိုနေခဲ့ပြီး ၊ အားအင်ကုန်ခမ်းနေပုံရပြီး အိပ်ယာပေါ်လဲလျောင်းနေခဲ့တဲ့ ဇနီးသည်မှာတော့ ခင်ပွန်းသည်ရဲ့လက်ကို ဆုပ်ကိုင်ထားလျက်ရှိပါတယ် ။ အဆိုပါ ဗိုင်းရပ်စ်ပိုးကိုတော့ အသက်ကြီးလွန်းတဲ့သူတွေနဲ့ ငယ်ရွယ်လွန်းတဲ့ကလေးငယ်တွေက ခုခံနိုင်ဖို့အတွက် အတော်လေးခက်ခဲလွန်းလှပါတယ် ။

အဆိုပါ video လေးဟာ လူအများကိုအတော်လေး ဝမ်းနည်းမျက်ရည်ကျစေခဲ့ပြီး ၊ ဘဝတစ်လျှောက်လုံး အတူဖြတ်သန်းလာခဲ့တဲ့ လူတစ်ယောက်ကို စွန့်လွတ်ပေးဖို့ကခက်ခဲလွန်းလှပါတယ် ။ ထို့ကြောင့် လူအများစုက အဆိုပါစုံတွဲကို ပြန်လည်နေကောင်းကျန်းမာလာစေဖို့ ဆုတောင်းပေးလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment