ဒုကၡေရာက္ေနတဲ့လံုျခံဳေရးဝန္ထမ္းကို အခ်ိန္မွီကယ္တင္ေပးခဲ့တဲ့ ေခြးေလးေတြရဲ႕လုပ္ရပ္

ေခြးေလးေတြဟာ သစၥာ႐ွိလြန္ၿပီး ၊ အျခားတိရစာၦန္ေတြထက္ သိတတ္ကာ ဒုကၡေရာက္ေနသူမ်ားကိုလည္း အခ်ိန္မွီကယ္တင္ေပးတတ္တဲ့ သူတို႔ရဲ႕အျပဳအမႈလုပ္ရပ္ေတြေၾကာင့္ ၎တို႔ကို လူေတြရဲ႕အေကာင္းဆံုးမိတ္ေဆြလို႔ ေခၚဆိုၾကတာပါ ။ ဒီတစ္ေခါက္မွာလည္း မနက္ခင္းအခ်ိန္မွာ ကင္းလွည့္ေနခဲ့တဲ့လံုျခံဳေရးဝန္ထမ္းဟာ စက္ဘီးေပၚကေန မေတာ္တဆျပဳတ္က်သြားခဲ့ၿပီး ဒဏ္ရာျပင္းျပင္းထန္ထန္ရသြားခဲ့လို႔ ဒုကၡေရာက္ေနခ်ိန္မွာ ေနအိမ္ျခံဝန္းထဲမွာ႐ွိတဲ့ ေခြးေလးႏွစ္ေကာင္က အခ်ိန္မွီကယ္တင္ေပးႏိုင္ခဲ့တာပါ ။ ေခြးေလးေတြရဲ႕ သခင္ေရးသားထားတာကေတာ့ ” သူတို႔ႏွစ္ေကာင္အတြက္ ဂုဏ္ယူမိတယ္.. မနက္ 8နာရီေလာက္မွာ မနက္စာခ်က္ေနတုန္း သူတို႔ႏွစ္ေကာင္ က်ယ္ေလာင္စြာေဟာင္ေနတာကိုၾကားခဲ့ရတယ္.. ဘာမ်ားျဖစ္တာလဲဆိုၿပီး သြားၾကည့္လိုက္ေတာ့ လံုျခံဳေရးဝန္ထမ္းက စက္ဘီးေမွာက္ၿပီး လဲက်ေနခဲ့တာကို ေတြ႔လိုက္ရတယ္ ” ဆိုၿပီး ေရးသားထယားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ အိမ္နီးခ်င္းေတြက အေရးေပၚလူနာတင္ကား အလ်င္အျမန္ေခၚေပးခဲ့ၾကပါတယ္ ။ အိမ္နီးခ်င္းေတြကလည္း သိတတ္နားလည္လြန္းလွတဲ့ ေခြးေလးေတြရဲ႕လုပ္ရပ္ေတြေၾကာင့္ အေတာ္ေလးခ်ီးက်ဴ းခဲ့ၾကပါတယ္ ။

“ေခြးေလးေတြက က်ယ္ေလာင္စြာ မေဟာင္ခဲ့ၾကဘူးဆိုရင္ ဘယ္သူကမွ သိၾကမွာမဟုတ္ဘူး.. သူတို႔ေလးေတြဟာ လူေတြထက္ပိုၿပီး သတိ႐ွိၾကပါတယ္..သူတို႔က လူေတြရဲ႕အသက္ကို ခ်က္ခ်င္းကယ္တင္ေပးႏိုင္ခဲ့ၾကတဲ့ သူေတြပါပဲ ” ဆိုၿပီး သခင္ျဖစ္သူက ေခြးေလးေတြရဲ႕လုပ္ရပ္ကို ခ်ီးက်ဴ းခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခွေးလေးတွေဟာ သစ္စာရှိလွန်ပြီး ၊ အခြားတိရစ္ဆာန်တွေထက် သိတတ်ကာ ဒုက္ခရောက်နေသူများကိုလည်း အချိန်မှီကယ်တင်ပေးတတ်တဲ့ သူတို့ရဲ့အပြုအမှုလုပ်ရပ်တွေကြောင့် ၎င်းတို့ကို လူတွေရဲ့အကောင်းဆုံးမိတ်ဆွေလို့ ခေါ်ဆိုကြတာပါ ။ ဒီတစ်ခေါက်မှာလည်း မနက်ခင်းအချိန်မှာ ကင်းလှည့်နေခဲ့တဲ့လုံခြုံရေးဝန်ထမ်းဟာ စက်ဘီးပေါ်ကနေ မတော်တဆပြုတ်ကျသွားခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့လို့ ဒုက္ခရောက်နေချိန်မှာ နေအိမ်ခြံဝန်းထဲမှာရှိတဲ့ ခွေးလေးနှစ်ကောင်က အချိန်မှီကယ်တင်ပေးနိုင်ခဲ့တာပါ ။ ခွေးလေးတွေရဲ့ သခင်ရေးသားထားတာကတော့ ” သူတို့နှစ်ကောင်အတွက် ဂုဏ်ယူမိတယ်.. မနက် 8နာရီလောက်မှာ မနက်စာချက်နေတုန်း သူတို့နှစ်ကောင် ကျယ်လောင်စွာဟောင်နေတာကိုကြားခဲ့ရတယ်.. ဘာများဖြစ်တာလဲဆိုပြီး သွားကြည့်လိုက်တော့ လုံခြုံရေးဝန်ထမ်းက စက်ဘီးမှောက်ပြီး လဲကျနေခဲ့တာကို တွေ့လိုက်ရတယ် ” ဆိုပြီး ရေးသားထယားခဲ့ပါတယ် ။

ထို့ကြောင့် အိမ်နီးချင်းတွေက အရေးပေါ်လူနာတင်ကား အလျင်အမြန်ခေါ်ပေးခဲ့ကြပါတယ် ။ အိမ်နီးချင်းတွေကလည်း သိတတ်နားလည်လွန်းလှတဲ့ ခွေးလေးတွေရဲ့လုပ်ရပ်တွေကြောင့် အတော်လေးချီးကျူ းခဲ့ကြပါတယ် ။

“ခွေးလေးတွေက ကျယ်လောင်စွာ မဟောင်ခဲ့ကြဘူးဆိုရင် ဘယ်သူကမှ သိကြမှာမဟုတ်ဘူး.. သူတို့လေးတွေဟာ လူတွေထက်ပိုပြီး သတိရှိကြပါတယ်..သူတို့က လူတွေရဲ့အသက်ကို ချက်ချင်းကယ်တင်ပေးနိုင်ခဲ့ကြတဲ့ သူတွေပါပဲ ” ဆိုပြီး သခင်ဖြစ်သူက ခွေးလေးတွေရဲ့လုပ်ရပ်ကို ချီးကျူ းခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment