နာမည္ႀကီးခ်င္လို႔ ေလယာဥ္ေပၚမွာ ဝူဟန္ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူအျဖစ္ ဟန္ေဆာင္ခဲ့တဲ့ အမ်ိဳးသားရဲ႕လုပ္ရပ္ေၾကာင့္ လူအမ်ားဒုကၡေရာက္ခဲ့ရတဲ့အျဖစ္

Instagram ေပၚမွာနာမည္ႀကီးခ်င္တာနဲ႔ပဲ ႐ူးမိုက္လြန္းတဲ့ စေနာက္က်ီစယ္မႈေတြနဲ႔ ေနာက္ေျပာင္တတ္ၾကတဲ့ လူေတြအေတာ္မ်ားမ်ားကိုေတြ႔ဖူးၾကမွာပါ ။ စေနာက္တာကလည္း အတိုင္းအတာကိုေက်ာ္လြန္သြားမယ္ဆိုရင္ေတာ့ ဒုကၡေရာက္တတ္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ကေနဒါႏိုင္ငံကအမ်ိဳးသားတစ္ေယာက္ဟာ Instagram ေပၚမွာနာမည္ႀကီးခ်င္လို႔ဆိုၿပီး ေလယာဥ္လိုက္ပါစီးနင္ေနတုန္း သူဟာ ဝူဟန္ဗိုင္းရပ္စ္ပိုးကူးစက္သူျဖစ္ေၾကာင္းစေနာက္ကာေျပာဆိုခဲ့လို႔ ေလယာဥ္တစ္စီးလံုး ေလဆိပ္သို႔ျပန္လွည့္လာခဲ့ရတဲ့အျဖစ္မ်ိဳးအထိ ျဖစ္ပ်က္ခဲ့ရပါတယ္ ။

အဆိုပါေလယာဥ္ဟာ Toronto ၿမိဳ႕ကေန Jamaica ၿမိဳ႕သို႔ ထြက္ခြာပ်ံသန္းလာရင္း Potok Philippe အမည္႐ွိတဲ့အမ်ိဳးသားဟာ ပန္းေရာင္ေခါင္းစြပ္အက်ႌ ၊ mask တပ္ထားၿပီး လက္အိတ္ေတြကိုပါဝတ္ဆင္ကာ ” အားလံုး အာရံုစိုက္ေပးၾကပါဗ်ာ ၊ ကြၽန္ေတာ္အခုမွ Hunan ျပည္နယ္ကေန ျပန္လာခဲ့တာပါ ၊ ကို႐ိုနာဗိုင္းရပ္စ္ေတြ ပ်ံ့ႏွံ႔ေနတဲ့ ေနရာကေနေပါ့ ၊ ကြၽန္ေတာ္ အခုလည္း ေနသိပ္မေကာင္းပါဘူး ၊ Thank you ” ဆိုၿပီး ေျဖၾကားခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားရဲ႕စေနာက္မႈေၾကာင့္ ေလယာဥ္တစ္စီးလံုး Jamaica ၿမိဳ႕႐ွိ ေလဆိပ္သို႔ အေျခခ်ခြင့္ပိတ္သိမ္းခံခဲ့ရၿပီးေနာက္ နဂို Toronto ေလဆိပ္သို႔ ျပန္လွည့္ခဲ့ရပါတယ္ ။

ေနာက္ဆံုးမွ Philippe ဟာ Instagram မွာ နာမည္ႀကီးခ်င္ခဲ့လို႔ ယခုလိုစေနာက္မိတာျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါတယ္ ။ ေနာက္တစ္ႀကိမ္ ထြက္ခြာမဲ့ ေလယာဥ္တစ္စင္းလံုးဟာလည္း အဆိုပါအမ်ိဳးသားရဲ႕စေနာက္မႈေၾကာင့္ ပ်ံသန္းထြက္ခြာမႈကို ပိတ္သိမ္းခံလိုက္ရၿပီး လူအမ်ားအျပားဒုကၡေရာက္ခဲ့ရပါတယ္ ။ ေလဆိပ္သို႔ ေလယာဥ္ဆိုက္ေရာက္တာနဲ႔ Philippe ဟာ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါေတာ့တယ္ ။ Philippeဟာ သူ၏ စဥ္းစားဥာဏ္နည္းလြန္းၿပီး လူအမ်ားကိုဒုကၡေရာက္ေစတဲ့အထိ ေနာက္ေျပာင္ခဲ့မိတဲ့လုပ္ရပ္အတြက္လည္း ေနာင္တရမိေၾကာင္း ေတာင္ပန္စကားဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Instagram ပေါ်မှာနာမည်ကြီးချင်တာနဲ့ပဲ ရူးမိုက်လွန်းတဲ့ စနောက်ကျီစယ်မှုတွေနဲ့ နောက်ပြောင်တတ်ကြတဲ့ လူတွေအတော်များများကိုတွေ့ဖူးကြမှာပါ ။ စနောက်တာကလည်း အတိုင်းအတာကိုကျော်လွန်သွားမယ်ဆိုရင်တော့ ဒုက္ခရောက်တတ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကနေဒါနိုင်ငံကအမျိုးသားတစ်ယောက်ဟာ Instagram ပေါ်မှာနာမည်ကြီးချင်လို့ဆိုပြီး လေယာဉ်လိုက်ပါစီးနင်နေတုန်း သူဟာ ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်သူဖြစ်ကြောင်းစနောက်ကာပြောဆိုခဲ့လို့ လေယာဉ်တစ်စီးလုံး လေဆိပ်သို့ပြန်လှည့်လာခဲ့ရတဲ့အဖြစ်မျိုးအထိ ဖြစ်ပျက်ခဲ့ရပါတယ် ။

အဆိုပါလေယာဉ်ဟာ Toronto မြို့ကနေ Jamaica မြို့သို့ ထွက်ခွာပျံသန်းလာရင်း Potok Philippe အမည်ရှိတဲ့အမျိုးသားဟာ ပန်းရောင်ခေါင်းစွပ်အင်္ကျီ ၊ mask တပ်ထားပြီး လက်အိတ်တွေကိုပါဝတ်ဆင်ကာ ” အားလုံး အာရုံစိုက်ပေးကြပါဗျာ ၊ ကျွန်တော်အခုမှ Hunan ပြည်နယ်ကနေ ပြန်လာခဲ့တာပါ ၊ ကိုရိုနာဗိုင်းရပ်စ်တွေ ပျံ့နှံ့နေတဲ့ နေရာကနေပေါ့ ၊ ကျွန်တော် အခုလည်း နေသိပ်မကောင်းပါဘူး ၊ Thank you ” ဆိုပြီး ဖြေကြားခဲ့ပါတယ် ။ အဆိုပါအမျိုးသားရဲ့စနောက်မှုကြောင့် လေယာဉ်တစ်စီးလုံး Jamaica မြို့ရှိ လေဆိပ်သို့ အခြေချခွင့်ပိတ်သိမ်းခံခဲ့ရပြီးနောက် နဂို Toronto လေဆိပ်သို့ ပြန်လှည့်ခဲ့ရပါတယ် ။

နောက်ဆုံးမှ Philippe ဟာ Instagram မှာ နာမည်ကြီးချင်ခဲ့လို့ ယခုလိုစနောက်မိတာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ် ။ နောက်တစ်ကြိမ် ထွက်ခွာမဲ့ လေယာဉ်တစ်စင်းလုံးဟာလည်း အဆိုပါအမျိုးသားရဲ့စနောက်မှုကြောင့် ပျံသန်းထွက်ခွာမှုကို ပိတ်သိမ်းခံလိုက်ရပြီး လူအများအပြားဒုက္ခရောက်ခဲ့ရပါတယ် ။ လေဆိပ်သို့ လေယာဉ်ဆိုက်ရောက်တာနဲ့ Philippe ဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတော့တယ် ။ Philippeဟာ သူ၏ စဉ်းစားဉာဏ်နည်းလွန်းပြီး လူအများကိုဒုက္ခရောက်စေတဲ့အထိ နောက်ပြောင်ခဲ့မိတဲ့လုပ်ရပ်အတွက်လည်း နောင်တရမိကြောင်း တောင်ပန်စကားဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment