အတန္းပိုင္ဆရာရဲ႕ အႏိုင္က်င့္ႏွိပ္စက္ခံေနရလို႔ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ 16 ႏွစ္အရြယ္ ေက်ာင္းသားေလး

အႏိုင္က်င့္တဲ့လုပ္ရပ္မ်ိဳးဟာ လူ႔အဖြဲ႔အစည္းေတြမွာ လံုးဝလက္မခံႏိုင္တဲ့လုပ္ရပ္မ်ိဳးပါ ။ ထို႔အျပင္ ယခုလို လူငယ္ေတြအၾကားအႏိုင္က်င့္တဲ့ လုပ္ရပ္ေတြမွာ အဓိက ကာကြယ္ေပးရမဲ့သူျဖစ္တဲ့ ကိုယ့္ရဲ႕အတန္းပိုင္ဆရာကိုယ္တိုင္က ကိုယ့္အေပၚအႏိုင္က်င့္မယ္ဆိုရင္ေတာ့ လံုးဝကိုထြက္ေပါက္မ႐ွိေတာ့ေလာက္ေအာင္ ခံစားရမွာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက အသက္ 16 ႏွစ္အရြယ္ ေက်ာင္းသားေလးဟာ အတန္းပိုင္ဆရာရဲ႕ အႏိုင္က်င့္ေျပာဆိုလြန္းတဲ့ဒဏ္ကို မခံႏိုင္ေတာ့တဲ့အဆံုး ကိုယ့္ကိုအဆံုးစီရင္သြားခဲ့ပါတယ္ ။ ေကာင္ေလးဟာ အႏိုင္က်င့္ေျပာဆိုမႈမခံႏိုင္ေတာ့တဲ့အဆံုး စိတ္ဓာတ္က်သြားခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ 4 ရက္ေန႔ကမွ ကိုယ့္ကိုအဆံုးစီရင္သြားခဲ့တာပါ ။

ျဖစ္စဥ္ကေတာ့ ေက်ာင္းမွာ႐ွိတဲ့ အေတာ္ဆံုးေက်ာင္းသားေတြသာတက္တဲ့ အတန္းကိုတက္ခ်င္ခဲ့လို႔ ေက်ာင္းသားေလးဟာ အေတာ္ေလးစာႀကိဳးစားေနခဲ႔ေပမဲ့လည္း ပယ္ခ်ျခင္းခံခဲ့ရပါတယ္ ။ ထို႔အျပင္ အတန္းပိုင္ဆရာက သူ႔အားအျမဲလိုလို ဆံပင္ ၊ အဝတ္အစားေတြနဲ႔ ပက္သက္ၿပီးအျပစ္႐ွာ ဆူပူေလ့႐ွိပါတယ္ ။ ၿပီးခဲ့တဲ့လကလည္း ေက်ာင္းသားေလးရဲ႕ေဘာင္းဘီဟာ အေတာ္ေလးက်ပ္တယ္ဆိုၿပီး ဆရာျဖစ္သူကအျပစ္တင္ဆူပူခဲ့ၿပီး ေနာက္ေန႔ေတြမွာ ေဘာင္ဘီအတိုေတြကိုသာ ဝတ္ဆင္ေစခဲ့ပါတယ္ ။ ထို႔အျပင္ ေက်ာင္းသားေလး အခ်ိန္အေတာ္ၾကာ အသံုးျပဳခဲ့တဲ့ ေသာ့ခ်ိတ္ေလးကိုလည္း ခြၽန္ထပ္တဲ့ပစၥည္းဆိုၿပီး ဆရာျဖစ္သူကအျပစ္တင္ေျပာဆိုကာ သိမ္းယူခဲ့ေသးေၾကာင္းလည္း သိ႐ွိရပါတယ္ ။

အဆိုပါ ေသဆံုးခဲ့တဲ့ျဖစ္စဥ္ကိုေတာ့ ေက်ာင္းသားေလးရဲ႕မိခင္က မနက္ခင္း 6 နာရီအခ်ိန္ခန္႔မွာ မ်က္ႏွာၾကက္မွာ ဆြဲႀကိဳးခ်ေသေနတဲ့ သားျဖစ္သူရဲ႕ ႐ုပ္အေလာင္းကို ေတြ႔႐ွိခဲ့ရတာျဖစ္ပါတယ္ ။ ထို႔အျပင္ အဆိုပါေန႔က ေက်ာင္းသားေလးဟာ စာေမးပြဲရလဒ္ပိုမိုတိုးတက္လာေစဖို႔အတြက္ ပထမဆံုးက်ဴ ႐ွင္တက္မဲ့ေန႔လဲျဖစ္ေၾကာင္း မိခင္ျဖစ္သူက ဝမ္းနည္းေၾကကြဲဖြယ္ ေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အနိုင်ကျင့်တဲ့လုပ်ရပ်မျိုးဟာ လူ့အဖွဲ့အစည်းတွေမှာ လုံးဝလက်မခံနိုင်တဲ့လုပ်ရပ်မျိုးပါ ။ ထို့အပြင် ယခုလို လူငယ်တွေအကြားအနိုင်ကျင့်တဲ့ လုပ်ရပ်တွေမှာ အဓိက ကာကွယ်ပေးရမဲ့သူဖြစ်တဲ့ ကိုယ့်ရဲ့အတန်းပိုင်ဆရာကိုယ်တိုင်က ကိုယ့်အပေါ်အနိုင်ကျင့်မယ်ဆိုရင်တော့ လုံးဝကိုထွက်ပေါက်မရှိတော့လောက်အောင် ခံစားရမှာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အသက် 16 နှစ်အရွယ် ကျောင်းသားလေးဟာ အတန်းပိုင်ဆရာရဲ့ အနိုင်ကျင့်ပြောဆိုလွန်းတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။ ကောင်လေးဟာ အနိုင်ကျင့်ပြောဆိုမှုမခံနိုင်တော့တဲ့အဆုံး စိတ်ဓာတ်ကျသွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ 4 ရက်နေ့ကမှ ကိုယ့်ကိုအဆုံးစီရင်သွားခဲ့တာပါ ။

ဖြစ်စဉ်ကတော့ ကျောင်းမှာရှိတဲ့ အတော်ဆုံးကျောင်းသားတွေသာတက်တဲ့ အတန်းကိုတက်ချင်ခဲ့လို့ ကျောင်းသားလေးဟာ အတော်လေးစာကြိုးစားနေခဲ့ပေမဲ့လည်း ပယ်ချခြင်းခံခဲ့ရပါတယ် ။ ထို့အပြင် အတန်းပိုင်ဆရာက သူ့အားအမြဲလိုလို ဆံပင် ၊ အဝတ်အစားတွေနဲ့ ပက်သက်ပြီးအပြစ်ရှာ ဆူပူလေ့ရှိပါတယ် ။ ပြီးခဲ့တဲ့လကလည်း ကျောင်းသားလေးရဲ့ဘောင်းဘီဟာ အတော်လေးကျပ်တယ်ဆိုပြီး ဆရာဖြစ်သူကအပြစ်တင်ဆူပူခဲ့ပြီး နောက်နေ့တွေမှာ ဘောင်ဘီအတိုတွေကိုသာ ဝတ်ဆင်စေခဲ့ပါတယ် ။ ထို့အပြင် ကျောင်းသားလေး အချိန်အတော်ကြာ အသုံးပြုခဲ့တဲ့ သော့ချိတ်လေးကိုလည်း ချွန်ထပ်တဲ့ပစ္စည်းဆိုပြီး ဆရာဖြစ်သူကအပြစ်တင်ပြောဆိုကာ သိမ်းယူခဲ့သေးကြောင်းလည်း သိရှိရပါတယ် ။

အဆိုပါ သေဆုံးခဲ့တဲ့ဖြစ်စဉ်ကိုတော့ ကျောင်းသားလေးရဲ့မိခင်က မနက်ခင်း 6 နာရီအချိန်ခန့်မှာ မျက်နှာကြက်မှာ ဆွဲကြိုးချသေနေတဲ့ သားဖြစ်သူရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ် ။ ထို့အပြင် အဆိုပါနေ့က ကျောင်းသားလေးဟာ စာမေးပွဲရလဒ်ပိုမိုတိုးတက်လာစေဖို့အတွက် ပထမဆုံးကျူ ရှင်တက်မဲ့နေ့လဲဖြစ်ကြောင်း မိခင်ဖြစ်သူက ဝမ်းနည်းကြေကွဲဖွယ် ပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment