ဝတယ္ဆိုၿပီး ေအာ္ေျပာခဲ့တဲ့ သူငယ္ခ်င္းကို လူၾကားထဲမွာပင္ ႐ိုက္ႏွက္သတ္ပုတ္ပစ္ခဲ့တဲ့ မိန္းကေလး

မိန္းကေလးေတြ အေတာ္မ်ားမ်ားဟာ ဘယ္အသက္ရြယ္ေတြပဲျဖစ္ျဖစ္ ” ဝတယ္ ” ဆိုၿပီး ေျပာဆိုခံခဲ့ရရင္ မခံစားႏိုင္တတ္ၾကပါဘူး ။ အထူးသျဖင့္ အပ်ိဳမိန္းကေလးေတြဆိုရင္ေပါ့ ။ ဒီတစ္ေခါက္မွာလည္း အဂၤလန္က မိန္းကေလးတစ္ေယာက္ဟာ သူမရဲ႕သူငယ္ခ်င္းျဖစ္သူက ဝတယ္ ဆိုၿပီးသူမအား ေအာ္ေျပာခဲ့လို႔ စိတ္မထိန္းႏိုင္ေတာ့တဲ့အဆံုး နပန္းပြဲပံုစံ အခ်င္းခ်င္း႐ိုက္ႏွက္သတ္ပုတ္ပစ္တဲ့အထိ ရန္ပြဲျဖစ္ပြားခဲ့ပါတယ္ ။ Video ထဲမွာေတာ့ မိန္းကေလးေတြဟာ Leicester Square ေ႐ွ႕မွာတင္ ရပ္ၾကည့္ေနၾကတဲ့လူအုပ္ေ႐ွ႕ ရန္ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္ ။ ျဖစ္စဥ္ကေတာ့ သူငယ္ခ်င္းအခ်င္းခ်င္း ကေတာက္ကဆ ျဖစ္ေနၾကေပမဲ့လည္း ေနာက္ဆံုး အက်ႌပန္းေရာင္နဲ႔မိန္းကေလးက ဝတ္စံုအမဲေရာင္နဲ႔ မိန္းကေလးကို ” you fat c** ” ဆိုၿပီး ေအာ္ေျပာခဲ့လို႔ ဝတ္စံုအမဲနဲ႔မိန္းကေလးက စိတ္မထိန္းႏိုင္ေတာ့တဲ့အဆံုး ပန္းေရာင္မိန္းကေလးရဲ႕ ဆံပင္ကိုလွမ္းဆြဲၿပီး ေျမျပင္ေပၚမွာ လူးလိမ့္ခဲ့ၾကတဲ့အထိ ရန္ပြဲျဖစ္ပြားခဲ့ၾကတာျဖစ္ပါတယ္ ။

သူမတို႔နဲ႔အတူ ပါလာတဲ့ သူငယ္ခ်င္းေတြက ရန္ပြဲကို ဝိုင္းတားၾကေပမဲ့ အဆင္မေျပခဲ့ပါဘူး ။ ေနာက္ဆံုး ေဘးပတ္ပတ္လည္ ဝိုင္းၾကည့္ေနၾကသူမ်ားက video ႐ိုက္ေနခဲ့ၾကၿပီး ဝိုင္ရယ္ေနခဲ့ၾကလို႔ သူငယ္ခ်င္းျဖစ္သူေတြက ” ကြၽန္မတို႔ ဒါကိုဝင္ေျဖ႐ွင္းေနတာ..ငတံုးေတြရဲ႕..ဘာလို႔ လူတိုင္းက video ႐ိုက္ေနၾကတာလဲ.. video ႐ိုက္ဖို႔ လုပ္ျပေနတာမဟုတ္ဘူး..နင္တို႔ေတြလည္း လန္ဒန္ၿမိဳ႕ထဲကေနာ္ ” ဆိုၿပီး ေဘးမွ video ႐ိုက္ကူးေနၾကသူမ်ားကို တားျမစ္ေျပာဆိုခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း အခ်ိန္အေတာ္ၾကာ အခ်င္းခ်င္းဆံပင္ေဆာင့္ဆြဲၿပီး ရိုက္ႏွက္ရန္ျဖစ္ေနၾကဆဲပါပဲ ။ ေနာက္ဆံုးမွ အက်ႌပန္းေရာင္နဲ႔ မိန္းကေလးက ရပ္တန္႔ၿပီး ထထြက္သြားတဲ့အခ်ိန္က်မွ ရန္ပြဲအဆံုးသတ္သြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source:TheSun

Unicode

မိန်းကလေးတွေ အတော်များများဟာ ဘယ်အသက်ရွယ်တွေပဲဖြစ်ဖြစ် ” ဝတယ် ” ဆိုပြီး ပြောဆိုခံခဲ့ရရင် မခံစားနိုင်တတ်ကြပါဘူး ။ အထူးသဖြင့် အပျိုမိန်းကလေးတွေဆိုရင်ပေါ့ ။ ဒီတစ်ခေါက်မှာလည်း အင်္ဂလန်က မိန်းကလေးတစ်ယောက်ဟာ သူမရဲ့သူငယ်ချင်းဖြစ်သူက ဝတယ် ဆိုပြီးသူမအား အော်ပြောခဲ့လို့ စိတ်မထိန်းနိုင်တော့တဲ့အဆုံး နပန်းပွဲပုံစံ အချင်းချင်းရိုက်နှက်သတ်ပုတ်ပစ်တဲ့အထိ ရန်ပွဲဖြစ်ပွားခဲ့ပါတယ် ။ Video ထဲမှာတော့ မိန်းကလေးတွေဟာ Leicester Square ရှေ့မှာတင် ရပ်ကြည့်နေကြတဲ့လူအုပ်ရှေ့ ရန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ သူငယ်ချင်းအချင်းချင်း ကတောက်ကဆ ဖြစ်နေကြပေမဲ့လည်း နောက်ဆုံး အင်္ကျီပန်းရောင်နဲ့မိန်းကလေးက ဝတ်စုံအမဲရောင်နဲ့ မိန်းကလေးကို ” you fat c** ” ဆိုပြီး အော်ပြောခဲ့လို့ ဝတ်စုံအမဲနဲ့မိန်းကလေးက စိတ်မထိန်းနိုင်တော့တဲ့အဆုံး ပန်းရောင်မိန်းကလေးရဲ့ ဆံပင်ကိုလှမ်းဆွဲပြီး မြေပြင်ပေါ်မှာ လူးလိမ့်ခဲ့ကြတဲ့အထိ ရန်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ် ။

သူမတို့နဲ့အတူ ပါလာတဲ့ သူငယ်ချင်းတွေက ရန်ပွဲကို ဝိုင်းတားကြပေမဲ့ အဆင်မပြေခဲ့ပါဘူး ။ နောက်ဆုံး ဘေးပတ်ပတ်လည် ဝိုင်းကြည့်နေကြသူများက video ရိုက်နေခဲ့ကြပြီး ဝိုင်ရယ်နေခဲ့ကြလို့ သူငယ်ချင်းဖြစ်သူတွေက ” ကျွန်မတို့ ဒါကိုဝင်ဖြေရှင်းနေတာ..ငတုံးတွေရဲ့..ဘာလို့ လူတိုင်းက video ရိုက်နေကြတာလဲ.. video ရိုက်ဖို့ လုပ်ပြနေတာမဟုတ်ဘူး..နင်တို့တွေလည်း လန်ဒန်မြို့ထဲကနော် ” ဆိုပြီး ဘေးမှ video ရိုက်ကူးနေကြသူများကို တားမြစ်ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း အချိန်အတော်ကြာ အချင်းချင်းဆံပင်ဆောင့်ဆွဲပြီး ရိုက်နှက်ရန်ဖြစ်နေကြဆဲပါပဲ ။ နောက်ဆုံးမှ အင်္ကျီပန်းရောင်နဲ့ မိန်းကလေးက ရပ်တန့်ပြီး ထထွက်သွားတဲ့အချိန်ကျမှ ရန်ပွဲအဆုံးသတ်သွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment