မုဒိမ်းပြုကျင့်ဖို့ကြိုးစားခဲ့တဲ့အမျိုးသားကို ဝူဟန်ဗိုင်းရပ်စ်ပိုးနဲ့ အနိုင်ယူပြခဲ့တဲ့မိန်းကလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လက်ရှိမှာတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့နိုင်ငံအချို့ဟာ ဝူဟန်ဗိုင်းရပ်ပိုးပျံ့နှံမှုတွေကြောင့် အတော်လေးကို ဒုက္ခအကြပ်အတည်းရောက်နေခဲ့ကြတာပါ ။ အထူးသဖြင့် တရုတ်နိုင်ငံက ပြည်သူတွေအများစုဟာ ဘယ်မှကိုမသွားရဲ ၊ မလာရဲ တော့လောက်အောင်ကို အပြစ်ပေးခံနေရသလိုပါပဲ ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံက မိန်းမငယ်လေးတစ်ယောက်မှာတော့ ဝူဟန်ဗိုင်းရပ်စ်ပိုးရဲ့အကူအညီနဲ့ အဓမ္မပြုကျင့်ခံရမဲ့အဖြစ်မျိုးကနေ လွတ်မြောက်သွားခဲ့ပါတယ် ။ သူမဟာ Jingshan မြို့မှာရှိတဲ့ နေအိမ်မှာ အိပ်စက်နေစဉ် နိုးထလာခဲ့တဲ့အချိန်မှာတော့ သူမရဲ့အခန်းထဲမှာ သူစိမ်းအမျိုးသားတစ်ယောက်ကို တွေ့ရှိခဲ့ရပြီး အဆိုပါအမျိုးသားကလည်း သူမကိုတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ ။

သူမ အရင်ဆုံးအော်ဟစ်အကူအညီတောင်းဖို့ကြိုးစားခဲ့ပေမဲ့လည်း အဆိုပါအမျိုးသားက သူမရဲ့နှားခေါင်းနဲ့ ပါးစပ်တွေကိုပိတ်ထားခဲ့တဲ့အပြင် လည်ပင်တွေကိုပါ ညှစ်ထားခဲ့တဲ့အတွက် သူမဘယ်လိုမှ ရုန်းထွက်လို့ မရတော့တဲ့အဆုံး သူမဟာ ဟန်ဆောင်ပြီး ချောင်းဆိုးသလို ပြုလုပ်ခဲ့ပါတယ် ။ ထို့နောက် သူမက ” ကျွန်မ ဝူဟန်ကနေ ပြန်ရောက်လာတာ မကြာသေးဘူး ၊ ကျွန်မရောဂါ ကူးစက်ခံထားရလို့ အခုလို အိမ်မှာ တစ်ယောက်တည်း နေနေတာ ” ဆိုပြီး အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားကိုပြောဆိုခဲ့ပါတယ် ။

ထိုအချိန်ကျမှ အဆိုပါအမျိုးသားဟာ အခန်းထဲကနေ ချက်ချင်း ဝရုန်းသုန်းကာပြေးထွက်သွားခဲ့ပါတယ် ။ထို့နောက် သူမဟာ ရဲအရာရှိတွေကို တိုင်ကြားခဲ့ပါတယ် ။ မကြာခင်မှာပဲ တရာခံဟာ သူ၏ဖခင်နှင့်အတူ ရဲစခန်းသို့ရောက်ရှိလာပြီး ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ် ။ ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူအတော်များများ သေဆုံးခဲ့ပေမဲ့လည်း ယခုကောင်မလေးရဲ့ဘဝကိုတော့ ဝူဟန်ဗိုင်းရပ်က ကယ်တင်ပေးလိုက်တာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment