အ႐ိုး႐ွင္းဆံုးပံုစံနဲ႔ ဇနီးသည္ကို ဘယ္ေလာက္ခ်စ္လဲဆိုတာ သက္ေသျပခဲ့တဲ့ ဦးေလးႀကီးရဲ႕လုပ္ရပ္

တစ္စံုတစ္ေယာက္ဆီကေန တန္ဖိုးမျဖတ္ႏိုင္တဲ့ ေမြးေန႔လက္ေဆာင္မ်ိဳးရဖူးၾကလား ။ ေမြးေန႔ပြဲဆိုရင္ ေမြးေန႔ကိတ္ေလးနဲ႔မွ ျပည့္စံုတယ္လို႔ ထင္ျမင္မိၾကမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ မေလး႐ွားႏိုင္ငံက ဦးေလးႀကီးတစ္ေယာက္မွာေတာ့ ညဘက္အေတာ္ေနာက္က်တဲ့အခ်ိန္မွာမွ ဟမ္ဘာဂါဆိုင္သို႔ေရာက္႐ွိလာၿပီး ဟမ္ဘာဂါတစ္လံုးမွာယူခဲ့ၿပီးေနာက္ ဘူးအဖံုးေပၚမွာ Happy Birthday my wife ဆိုတဲ့ စာလံုးေလးကို ဆိုင္႐ွင္ကို ေရးသားခိုင္းခဲ့ပါတယ္ ။ ဦးေလးႀကီးကို ေမးျမန္းခဲ့ခ်ိန္မွာေတာ့ ” ဒီအခ်ိန္မွာ ကိတ္မုန္႔ဆိုင္ေတြက မဖြင့္ေတာ့လို႔ ကြၽန္ေတာ့္ဇနီးသည္ရဲ႕ေမြးေန႔အတြက္ ဒီဆိုင္မွာ ဟမ္ဘာဂါ လာဝယ္ေပးတာပါ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

ထို႔အျပင္ ဇနီးသည္ေလးကို မေမ့မေလ်ာ့တမ္း Surprise လုပ္ေပးခဲ့တဲ့ ဦးေလးႀကီးရဲ႕လုပ္ရပ္ဟာ အေတာ္ေလးကို ခ်စ္ဖို႔ေကာင္းလြန္းလွပါတယ္ ။ အဆိုပါ ဓာတ္ပံုေတြကို social media ေပၚ ေဝမ်ွခဲ့ခ်ိန္မွာေတာ့ လူအမ်ားက ႐ိုး႐ွင္းၿပီး ခ်စ္ဖို႔ေကာင္းလြန္းတဲ့လုပ္ရပ္နဲ႔ ဇနီးသည္ကို ဘယ္ေလာက္ခ်စ္ေၾကာင္း သက္ေသျပလိုက္တာပဲ ဆိုၿပီး ခ်ီးက်ဴ းေျပာဆိုခဲ့ၾကပါတယ္ ။ ထို႔အျပင္ အခ်ိဳ႕ေသာသူမ်ားက ဦးေလးႀကီးကို ေမြးေန႔ကိတ္လက္ေဆာင္ပါ ေပးလိုက္ခ်င္ေၾကာင္း မ်ိဳးစံုေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်စုံတစ်ယောက်ဆီကနေ တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်မျိုးရဖူးကြလား ။ မွေးနေ့ပွဲဆိုရင် မွေးနေ့ကိတ်လေးနဲ့မှ ပြည့်စုံတယ်လို့ ထင်မြင်မိကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက် မလေးရှားနိုင်ငံက ဦးလေးကြီးတစ်ယောက်မှာတော့ ညဘက်အတော်နောက်ကျတဲ့အချိန်မှာမှ ဟမ်ဘာဂါဆိုင်သို့ရောက်ရှိလာပြီး ဟမ်ဘာဂါတစ်လုံးမှာယူခဲ့ပြီးနောက် ဘူးအဖုံးပေါ်မှာ Happy Birthday my wife ဆိုတဲ့ စာလုံးလေးကို ဆိုင်ရှင်ကို ရေးသားခိုင်းခဲ့ပါတယ် ။ ဦးလေးကြီးကို မေးမြန်းခဲ့ချိန်မှာတော့ ” ဒီအချိန်မှာ ကိတ်မုန့်ဆိုင်တွေက မဖွင့်တော့လို့ ကျွန်တော့်ဇနီးသည်ရဲ့မွေးနေ့အတွက် ဒီဆိုင်မှာ ဟမ်ဘာဂါ လာဝယ်ပေးတာပါ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

ထို့အပြင် ဇနီးသည်လေးကို မမေ့မလျော့တမ်း Surprise လုပ်ပေးခဲ့တဲ့ ဦးလေးကြီးရဲ့လုပ်ရပ်ဟာ အတော်လေးကို ချစ်ဖို့ကောင်းလွန်းလှပါတယ် ။ အဆိုပါ ဓာတ်ပုံတွေကို social media ပေါ် ဝေမျှခဲ့ချိန်မှာတော့ လူအများက ရိုးရှင်းပြီး ချစ်ဖို့ကောင်းလွန်းတဲ့လုပ်ရပ်နဲ့ ဇနီးသည်ကို ဘယ်လောက်ချစ်ကြောင်း သက်သေပြလိုက်တာပဲ ဆိုပြီး ချီးကျူ းပြောဆိုခဲ့ကြပါတယ် ။ ထို့အပြင် အချို့သောသူများက ဦးလေးကြီးကို မွေးနေ့ကိတ်လက်ဆောင်ပါ ပေးလိုက်ချင်ကြောင်း မျိုးစုံပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment