အိမ္သာခြက္ထဲမွာ ပိတ္ဆို႔ေနတဲ့ေမြးကင္းစကေလးငယ္ရဲ႕ ႐ုပ္အေလာင္းကို ေတြ႔႐ွိခဲ့တဲ့အျဖစ္

မၾကာေသးခင္ကမွ မေလး႐ွားႏိုင္ငံ ၊ Kuantan ၿမိဳ႕ရဲ႕ ကားဂိတ္တစ္ခုမွာ႐ွိတဲ့ သန္႔စင္ခန္းက အိမ္သာခြက္တစ္ခုထဲမွာ ေမြးကင္းစကေလးငယ္ရဲ႕ ႐ုပ္အေလာင္းကိုေတြ႔႐ွိခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါကားဂိတ္မွာ တကၠစီသမား 3ေယာက္ဟာ အခ်င္းခ်င္းစကားေျပာဆိုေနၾကတုန္း သန့္ရွင္းေရးဝန္ထမ္းအမ်ိဳးသမီးတစ္ေယာက္ရဲ႕ေအာ္ဟစ္ အကူအညီေတာင္းသံကို ၾကားခဲ့ရပါတယ္ ။ ထို႔အျပင္ သူမက အိမ္သာခြက္ထဲမွာ ေသြးမ်ားျဖင့္ျပည့္ေနေၾကာင္း ေျပာဆိုခဲ့လို႔ သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ အမ်ိဳးသမီးေတြရဲ႕ တစ္ခါသံုးပစၥည္းစြန္႔ပစ္ထားခဲ့တယ္လို႔သာ အစပိုင္းကေတြးထင္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ေသေသခ်ာခ်ာၾကည့္႐ႈလိုက္ခ်ိန္မွာေတာ့ ကေလးငယ္ရဲ႕ ခ်က္ႀကိဳးကို ေတြ႔႐ွိသြားခဲ့လို႔ ဖယ္ထုတ္ၿပီး ေရဆြဲခ်ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ေရကလံုးဝမက်ဘဲ ျဖစ္ေနခဲ့တဲ့အတြက္ အဆိုပါေနရာတြင္႐ွိေနၾကသူအကုန္လံုးက ေမြးကင္းစကေလးငယ္က အိမ္သာအေပါက္ထဲမွာေပါက္စို႔ေနလို႔ ေရလံုးဝမက်တာမွန္း သိ႐ွိသြားခဲ့ၾကၿပီး ရဲစခန္းသို႔တိုင္ၾကားခဲ့ၾကပါေတာ့တယ္ ။

ရဲအရာ႐ွိမ်ား ေရာက္႐ွိလာခဲ့ၿပီး စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ေမြးကင္းစကေလးငယ္ကိုေတြ႔႐ွိခဲ့တဲ့အျပင္ သားေလးျဖစ္ေနခဲ့ေၾကာင္းလည္း သိ႐ွိခဲ့ၾကပါတယ္ ။ ဆက္လက္ၿပီး CCTV ကေနစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဝတ္စံုအမဲေရာင္နဲ႔ အမ်ိဳးသမီးဟာ အိတ္ႀကီးတစ္လံုးျဖင့္ မနက္ခင္း 5:58 အခ်ိန္မွာ အိမ္သာထဲသို႔ဝင္ေရာက္သြားခဲ့ၿပီး မနက္ 30 အၾကာမွာမွ အိမ္သာထဲကေန ျပန္ထြက္လာခဲ့တာကိုေတြ႔႐ွိခဲ့ပါေတာ့တယ္ ။

အဆိုပါအမ်ိဳးသမီးကို ရဲအရာ႐ွိမ်ားက ဆက္လက္႐ွာေဖြေနခဲ့ၾကၿပီး ၊ သူမကို ကားဂိတ္အထိ ပို႔ေဆာင္ေပးခဲ့တဲ့ တကၠစီယာဥ္ေမာင္းကလည္း အဆိုပါ စံုစမ္းစစ္ေဆးေရးအစီအစဥ္မွာ ဝင္ေရာက္ကူညီေပးခဲ့ပါေသးတယ္ ။ ဆိုးဝါးလြန္းတဲ့ လုပ္ရပ္ျဖစ္တဲ့အတြက္ တရာခံမွာ ႀကီးမားတဲ့ျပစ္ဒဏ္မ်ိဳးခ်မွတ္ခံရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။ ကေလးငယ္ရဲ႕႐ုပ္အေလာင္းကိုေတာ့ ေဆးရံုသို႔ပို႔ေဆာင္ၿပီး အေလာင္းခြဲစိတ္စစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကမှ မလေးရှားနိုင်ငံ ၊ Kuantan မြို့ရဲ့ ကားဂိတ်တစ်ခုမှာရှိတဲ့ သန့်စင်ခန်းက အိမ်သာခွက်တစ်ခုထဲမှာ မွေးကင်းစကလေးငယ်ရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါကားဂိတ်မှာ တက္ကစီသမား 3ယောက်ဟာ အချင်းချင်းစကားပြောဆိုနေကြတုန်း သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်ရဲ့အော်ဟစ် အကူအညီတောင်းသံကို ကြားခဲ့ရပါတယ် ။ ထို့အပြင် သူမက အိမ်သာခွက်ထဲမှာ သွေးများဖြင့်ပြည့်နေကြောင်း ပြောဆိုခဲ့လို့ သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ အမျိုးသမီးတွေရဲ့ တစ်ခါသုံးပစ္စည်းစွန့်ပစ်ထားခဲ့တယ်လို့သာ အစပိုင်းကတွေးထင်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သေသေချာချာကြည့်ရှုလိုက်ချိန်မှာတော့ ကလေးငယ်ရဲ့ ချက်ကြိုးကို တွေ့ရှိသွားခဲ့လို့ ဖယ်ထုတ်ပြီး ရေဆွဲချခဲ့ပါတယ် ။ သို့ပေမဲ့လည်း ရေကလုံးဝမကျဘဲ ဖြစ်နေခဲ့တဲ့အတွက် အဆိုပါနေရာတွင်ရှိနေကြသူအကုန်လုံးက မွေးကင်းစကလေးငယ်က အိမ်သာအပေါက်ထဲမှာပေါက်စို့နေလို့ ရေလုံးဝမကျတာမှန်း သိရှိသွားခဲ့ကြပြီး ရဲစခန်းသို့တိုင်ကြားခဲ့ကြပါတော့တယ် ။

ရဲအရာရှိများ ရောက်ရှိလာခဲ့ပြီး စစ်ဆေးခဲ့ချိန်မှာတော့ မွေးကင်းစကလေးငယ်ကိုတွေ့ရှိခဲ့တဲ့အပြင် သားလေးဖြစ်နေခဲ့ကြောင်းလည်း သိရှိခဲ့ကြပါတယ် ။ ဆက်လက်ပြီး CCTV ကနေစစ်ဆေးခဲ့ချိန်မှာတော့ ဝတ်စုံအမဲရောင်နဲ့ အမျိုးသမီးဟာ အိတ်ကြီးတစ်လုံးဖြင့် မနက်ခင်း 5:58 အချိန်မှာ အိမ်သာထဲသို့ဝင်ရောက်သွားခဲ့ပြီး မနက် 30 အကြာမှာမှ အိမ်သာထဲကနေ ပြန်ထွက်လာခဲ့တာကိုတွေ့ရှိခဲ့ပါတော့တယ် ။

အဆိုပါအမျိုးသမီးကို ရဲအရာရှိများက ဆက်လက်ရှာဖွေနေခဲ့ကြပြီး ၊ သူမကို ကားဂိတ်အထိ ပို့ဆောင်ပေးခဲ့တဲ့ တက္ကစီယာဉ်မောင်းကလည်း အဆိုပါ စုံစမ်းစစ်ဆေးရေးအစီအစဉ်မှာ ဝင်ရောက်ကူညီပေးခဲ့ပါသေးတယ် ။ ဆိုးဝါးလွန်းတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် တရာခံမှာ ကြီးမားတဲ့ပြစ်ဒဏ်မျိုးချမှတ်ခံရနိုင်ကြောင်း သိရှိရပါတယ် ။ ကလေးငယ်ရဲ့ရုပ်အလောင်းကိုတော့ ဆေးရုံသို့ပို့ဆောင်ပြီး အလောင်းခွဲစိတ်စစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment