လူ 12 ဦးခန့်ကိုသေနတ်ဖြင့် ပစ်သတ်ပြီး Facebook ပေါ်မှာ ဓာတ်ပုံတွေဝေမျှခဲ့တဲ့ တပ်ပြေးအမျိုးသား (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

2020 ခုနှစ်ဟာ ဆိုးဝါးတဲ့ကိစ္စရပ်တွေ ၊ ဒုက္ခတွေနဲ့ အစပြုခဲ့တဲ့ နှစ်လို့ ပြောရမှာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက တပ်ပြေးအမျိုးသားတစ်ဦးဟာ သေနတ်တစ်လတ်ကို ခိုးယူပြီး ထွက်ပြေးတိမ်းရှောင်ရာမှ လူ 12 ဦးခန့်ကိုသေဆုံးစေခဲ့ပါတယ် ။ February 8 ရက်နေ့မှာတော့ အဆိုပါတပ်ပြေးအမျိုးသားဟာ ထိုင်းနိုင်ငံ ၊ Khao Nok ကနေထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားရင်း တပ်မှူးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့အပြင် ၊ အရပ်သားအတော်များများကိုလည်း ထိခိုက်သေကြေစေခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ S.M Chakkaphan Thom အမည်ရှိသူဖြစ်ပြီး ပြစ်မှုကျူ းလွန်ချိန်တုန်းက ရိုက်ယူထားခဲ့တဲ့ ဓာတ်ပုံ နှင့် video များကိုလည်း သူ၏ Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။

ထို့အပြင် ” ငါအခု ပင်ပန်းနေပြီ ၊ ငါ့ရဲ့လက်ချောင်းတွေတောင် ထပ်မလှုပ်ချင်တော့ဘူး ၊ ငါသေ သွားရင်လည်း ဂရုမစိုက်ဘူး ” ဆိုပြီး video ထဲမှာ ပြောဆိုခဲ့ပါသေးတယ် ။ အသက်ဆုံးရှုံးသွားခဲ့ကြသူတွေထဲမှာ ကျောင်းသားတစ်ဦး နှင့် ဆိုင်ကယ်ကယ်ရီ သမားတစ်ဦးလည်း ပါရှိခဲ့ကြောင်း သိရှိရပါတယ် ။

ထို့အပြင် လူအများစုက အဆိုပါဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ သူတွေရဲ့ မိသားစုများနှင့်အတူ ထပ်တူ ကြေကွဲဝမ်းနည်းခဲ့ကြပြီး ၊ အဆိုပါ တပ်ပြေးအမျိုးသားကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ မျှော်လင့်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment