လူ 21 ဦးကိုေသဆံုးေစခဲ့တဲ့ ထိုင္းကုန္တိုက္က ပစ္ခတ္မႈမွ ေသနတ္ကိုင္တပ္ေျပးအမ်ိဳးသားကို အေသပစ္ဖမ္းႏိုင္ခဲ့ပါၿပီ

Sgt Jakkrapanth Thomma အမည္႐ွိတဲ့ ေသနတ္ကိုင္ေဆာင္ထားတဲ့ တပ္ေျပးအမ်ိဳးသားဟာ ထိုင္းကုန္တိုက္မွာ႐ွိတဲ့ လူေပါင္း 21ခန္႔ကို အေသပစ္သတ္ခဲ့တဲ့အျပင္ ၊ လူေပါင္း 40 ေက်ာ္ကိုလည္း ထိခိုက္ဒဏ္ရာရ႐ွိေစခဲ့ပါတယ္ ။ ထို႔ေနာက္ အဆိုပါတပ္ေျပးအမ်ိဳးသားကို ရဲတပ္ဖြဲ႔မွ အေသပစ္သတ္ၿပီး ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ထိုင္းသတင္းမီဒီယာေတြမွ ယေန႔မနက္ခင္း 9:15 အခ်ိိ္န္မွာ သတင္းထုတ္ျပန္ေၾကညာခဲ့ၾကပါတယ္ ။

ပထမရက္မွာေတာ့ ပစ္ခတ္ခံရသူေပါင္း 12 ဦးသာေသဆံုးသြားခဲ့ေပမဲ့လည္း ၊ ယေန႔မနက္ခင္းမွာေတာ့ ေသဆံုးသူ 21 ဦးခန္႔အထိ ႐ွိသြားခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ အဆိုပါတပ္ေျပးအမ်ိဳးသားရဲ႕ ပစ္ခတ္မႈဟာ ကုန္တိုက္ႀကီးရဲ႕ ေျမညီထပ္ “Zone A” မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္ ။

အဆိုပါ တပ္ေျပးေသနတ္သမား ခိုးယူခဲ့တဲ့ လက္နတ္မ်ားမွာေတာ့ 3HK33 ႐ိုင္ဖယ္ ႏွင့္ က်ည္ 736 ေတာင့္ ၊ 2 M60 ႏွင့္ က်ည္ 200 ေတာင့္ ၊ Humvee တို႔ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Sgt Jakkrapanth Thomma အမည်ရှိတဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ တပ်ပြေးအမျိုးသားဟာ ထိုင်းကုန်တိုက်မှာရှိတဲ့ လူပေါင်း 21ခန့်ကို အသေပစ်သတ်ခဲ့တဲ့အပြင် ၊ လူပေါင်း 40 ကျော်ကိုလည်း ထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ် ။ ထို့နောက် အဆိုပါတပ်ပြေးအမျိုးသားကို ရဲတပ်ဖွဲ့မှ အသေပစ်သတ်ပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှ ယနေ့မနက်ခင်း 9:15 အချိန်မှာ သတင်းထုတ်ပြန်ကြေညာခဲ့ကြပါတယ် ။

ပထမရက်မှာတော့ ပစ်ခတ်ခံရသူပေါင်း 12 ဦးသာသေဆုံးသွားခဲ့ပေမဲ့လည်း ၊ ယနေ့မနက်ခင်းမှာတော့ သေဆုံးသူ 21 ဦးခန့်အထိ ရှိသွားခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် အဆိုပါတပ်ပြေးအမျိုးသားရဲ့ ပစ်ခတ်မှုဟာ ကုန်တိုက်ကြီးရဲ့ မြေညီထပ် “Zone A” မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။

အဆိုပါ တပ်ပြေးသေနတ်သမား ခိုးယူခဲ့တဲ့ လက်နတ်များမှာတော့ 3HK33 ရိုင်ဖယ် နှင့် ကျည် 736 တောင့် ၊ 2 M60 နှင့် ကျည် 200 တောင့် ၊ Humvee တို့ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment