ကလေးငယ်ကို မူးယစ်ဆေးဖို့အတွက် ငွေတောင်းရမ်းခိုင်းလို့ ဒုက္ခရောက်သွားခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ Sibu မြို့ ညဈေးတန်းတစ်ခုမှာ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့မူးယစ်ဆေးဖို့အတွက် ကလေးငယ်ကို အသုံးချပြီး ငွေတောင်းရမ်းခိုင်းခဲ့ပါတယ် ။ Video ထဲမှာတော့ အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ခဲ့ကြတဲ့ လူအုပ်ကြီးက ကလေးငယ်အတွက် စိတ်မကောင်းဖြစ်ရင်း အဆိုပါမူးယစ်ဆေးစွဲနေတဲ့အမျိုးသမီးကို အပြစ်တင်ဝေဖန်ပြောဆိုခဲ့ကြပါတယ် ။ အဆိုပါ video ကို Facebook စာမျက်နှာပေါ်မှာ ဝေမျှထားခဲ့ပြီးနောက် ” ကလေးငယ်ကို ပိုက်ဆံတောင်းရမ်းဖို့အတွက် ဖမ်းဆီးထားတယ် ပြီးတော့ ကလေးငယ်ခက်ခက်ခဲခဲ ရှာဖွေတောင်းရမ်းထားတဲ့ ငွေကြေးကို သူမရဲ့မူးယစ်ဆေးဖို့အတွက် အသုံးချတယ် ” ဆိုပြီးရေးသားထားကာ video နှင့်တကွ ဝေမျှထားခဲ့ပါတယ် ။

ကလေးငယ်ဟာ အနီရောင်အင်္ကျီဝတ်ဆင်ထားပြီးမူးယစ်ဆေးစွဲနေတဲ့အမျိုးသမီးရဲ့ သားကောင်လိုဖြစ်နေခဲ့ပြီး ၊ သူမရဲ့အဝေးကို ထွက်ပြေးချင်နေပုံရတာကိုလည်း အထင်းသားကြီးတွေ့မြင်ရမှာပါ ။ အဆိုပါ ညဈေးတန်းကို လာရောက်လည်ပတ်ကြတဲ့လူတွေက စပ်စုပြီးကလေးငယ်ကိုမေးမြန်းကြည့်ရင်းကနေ ယခုလိုအဖြစ်မျိုးကို သတိထားမိခဲ့တာဖြစ်ပါတယ် ။

ထို့ကြောင့် အဆိုပါလူအုပ်စုကြီးဟာ ပြစ်မှုကျူ းလွန်းတဲ့လုပ်ရပ်မျိုးကို ဝိုင်းပြီးတားမြစ်နိုင်ကြသူတွေအဖြစ် လူအများကချီးကျူ းခဲ့ကြပါတယ် ။ ထို့နောက် ကလေးငယ်ကို Sibu မြို့ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြပြီး ၊ ကလေးငယ်ရဲ့ မိဘတွေ နေရပ်ကို ရှာဖွေပေးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment