ထမင္းစားတာေႏွးလြန္းတယ္ဆိုၿပီး 7ႏွစ္အရြယ္ကေလးငယ္ကို ေသဆံုးသည္အထိ႐ိုက္ႏွက္ခဲ့တဲ့ မိေထြး

တ႐ုတ္ႏိုင္ငံက 7ႏွစ္အရြယ္ကေလးမေလးဟာ မိေထြးျဖစ္သူက ထမင္းစာတာေႏွးလြန္းလို႔ဆိုၿပီး သံႀကိဳးနဲ႔ တစ္နာရီဝန္းက်င္ခန္႔႐ိုက္ႏွက္ခဲ့ပါတယ္ ။ကေလးငယ္ဟာ ပြန္းပဲ့ဒဏ္ရာမ်ားစြာခံစားခဲ့ရၿပီး ဖခင္ျဖစ္သူေဆးရံုပို႔ၿပီး မၾကာခင္မွာပဲေသဆံုးသြားခဲ့ရပါတယ္ ။ျဖစ္စဥ္ကေတာ့ Guo Mou အမည္ရတဲ့ကေလးမေလးဟာ သူမရဲ႕မိသားစုနဲ႔ေန႔လည္စာစားေနတုန္ သူမ၏မိေထြးက ‘အဲ့လိုေႏွးေႏွးေလးစားေနရင္ ငါနင့္ကို႐ိုက္မွာေနာ္ ‘ဆိုၿပီး ေျပာခဲ့ပါတယ္ ။ထို႔ေနာက္ကေလးငယ္ကို ေရခ်ိဳးခန္းထဲသို႔ေခၚသြားၿပီး တံခါးကိုေသာ့ခတ္ထားကာ သံႀကိဳးျဖင့္ကေလးငယ္ကို႐ိုက္ႏွက္ခဲ့ပါတယ္ ။ကေလးငယ္၏ဖခင္ျဖစ္သူမွာေရခ်ိဳးခန္းအျပင္ဖက္တြင္ရပ္ေနခဲ့ၿပီး ဖခင္ျဖစ္သူမွာလည္း မိေထြးျဖစ္သူ၏ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ႏွိပ္စက္မႈကို ခံခဲ့ရဖူးတဲ့အတြက္ အေတာ္ေလးေၾကာက္လန္႔ေနခဲ့ပါတယ္ ။

ဖခင္ျဖစ္သူတံခါးကိုဖြင့္လိုက္တဲ့အခ်ိန္မွာေတာ့ ကေလးငယ္ေလးဟာပြန္းပဲ့ဒဏ္ရာမ်ားစြာရ႐ွိခဲ့တဲ့အတြက္ မိေထြးျဖစ္သူႏွင့္ရန္ျဖစ္ခဲ့ၿပီး ေဒါသစိတ္ထိန္ဖို႔အတြက္အိမ္ကေနထြက္သြားခဲ့ပါတယ္ ။အိမ္ကိုျပန္ေရာက္လာခဲ့တဲ့အခ်ိန္မွာလည္း မိေထြးျဖစ္သူဟာကေလးငယ္ရဲ႕အေျခအေန မဆိုးဝါးခင္အခ်ိန္ထိ ကေလးငယ္ကိုေဆးရံုသို႔ပို႔ေဆာင္ရန္ ပိတ္ပင္ခဲ့ပါတယ္ ။ အေျခအေနဆိုးဝါးလာခဲ့ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူဟာသမီးေလးကို ကယ္တင္ရန္ေဆးရံုသို႔ အလ်င္အျမန္ေခၚေဆာင္သြားခဲ့ေပမဲ့လည္း ကေလးငယ္ဟာေဆးရံုသို႔ေရာက္႐ွိၿပီး 10မိနစ္အၾကာမွာပဲေသဆံုးသြားခဲ့ရပါတယ္ ။

Guo ရဲ႕မိဘရင္းမ်ားဟာ သူမ2လသားအရြယ္မွာပဲတရားဝင္ကြာ႐ွင္းခဲ့ၾကပါတယ္ ။သို႔ေပမဲ့လည္း ဖခင္ျဖစ္သူဟာ သမီးေလးအရြယ္ေရာက္လာခ်ိန္တြင္ မိခင္လိုအပ္လာမည္ျဖစ္တဲ့အတြက္ ေနာက္အိမ္ေထာင္ျပဳခဲ့ျခင္းျဖစ္ပါတယ္ ။ ကေလးငယ္ေသဆံုးသြားခဲ့တဲ့အတြက္ မိေထြးျဖစ္သူမွာလည္း ကိုယ္ထိလက္ေရာက္ႏွိပ္စက္ညႇင္းပန္းသူအျဖစ္ အမည္တြင္သြားခဲ့ပါတယ္ ။Guo၏ဖခင္ျဖစ္သူေျပာျပခ်က္အရ သူ၏ဇနီးသည္မွာသမီးေလးကို အျခားအေသးအဖြဲ႔ကိစၥမ်ားႏွင့္လည္း မၾကာခဏ႐ိုက္ႏွက္တတ္ၿပီး ယခုကဲ့သို႔အေျခအေနအထိမေရာက္႐ွိခဲ့ဖူးေၾကာင္း ေျပာျပခဲ့ပါတယ္ ။မိေထြးျဖစ္သူကို ရဲအရာ႐ွိမ်ားကဖမ္းဆီးထိန္းသိမ္းထားခဲ့ၾကၿပီး အေသးစိတ္အခ်က္အလက္မ်ားကိုသိ႐ွိႏိုင္ရန္အတြက္ စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္လ်က္႐ွိေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ထမင်းစားတာနှေးလွန်းတယ်ဆိုပြီး 7နှစ်အရွယ်ကလေးငယ်ကို သေဆုံးသည်အထိရိုက်နှက်ခဲ့တဲ့ မိထွေး

တရုတ်နိုင်ငံက 7နှစ်အရွယ်ကလေးမလေးဟာ မိထွေးဖြစ်သူက ထမင်းစာတာနှေးလွန်းလို့ဆိုပြီး သံကြိုးနဲ့ တစ်နာရီဝန်းကျင်ခန့်ရိုက်နှက်ခဲ့ပါတယ် ။ကလေးငယ်ဟာ ပွန်းပဲ့ဒဏ်ရာများစွာခံစားခဲ့ရပြီး ဖခင်ဖြစ်သူဆေးရုံပို့ပြီး မကြာခင်မှာပဲသေဆုံးသွားခဲ့ရပါတယ် ။ဖြစ်စဉ်ကတော့ Guo Mou အမည်ရတဲ့ကလေးမလေးဟာ သူမရဲ့မိသားစုနဲ့နေ့လည်စာစားနေတုန် သူမ၏မိထွေးက ‘အဲ့လိုနှေးနှေးလေးစားနေရင် ငါနင့်ကိုရိုက်မှာနော် ‘ဆိုပြီး ပြောခဲ့ပါတယ် ။ထို့နောက်ကလေးငယ်ကို ရေချိုးခန်းထဲသို့ခေါ်သွားပြီး တံခါးကိုသော့ခတ်ထားကာ သံကြိုးဖြင့်ကလေးငယ်ကိုရိုက်နှက်ခဲ့ပါတယ် ။ကလေးငယ်၏ဖခင်ဖြစ်သူမှာရေချိုးခန်းအပြင်ဖက်တွင်ရပ်နေခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း မိထွေးဖြစ်သူ၏ကိုယ်ထိလက်ရောက်ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရဖူးတဲ့အတွက် အတော်လေးကြောက်လန့်နေခဲ့ပါတယ် ။

ဖခင်ဖြစ်သူတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ ကလေးငယ်လေးဟာပွန်းပဲ့ဒဏ်ရာများစွာရရှိခဲ့တဲ့အတွက် မိထွေးဖြစ်သူနှင့်ရန်ဖြစ်ခဲ့ပြီး ဒေါသစိတ်ထိန်ဖို့အတွက်အိမ်ကနေထွက်သွားခဲ့ပါတယ် ။အိမ်ကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာလည်း မိထွေးဖြစ်သူဟာကလေးငယ်ရဲ့အခြေအနေ မဆိုးဝါးခင်အချိန်ထိ ကလေးငယ်ကိုဆေးရုံသို့ပို့ဆောင်ရန် ပိတ်ပင်ခဲ့ပါတယ် ။ အခြေအနေဆိုးဝါးလာခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာသမီးလေးကို ကယ်တင်ရန်ဆေးရုံသို့ အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း ကလေးငယ်ဟာဆေးရုံသို့ရောက်ရှိပြီး 10မိနစ်အကြာမှာပဲသေဆုံးသွားခဲ့ရပါတယ် ။

Guo ရဲ့မိဘရင်းများဟာ သူမ2လသားအရွယ်မှာပဲတရားဝင်ကွာရှင်းခဲ့ကြပါတယ် ။သို့ပေမဲ့လည်း ဖခင်ဖြစ်သူဟာ သမီးလေးအရွယ်ရောက်လာချိန်တွင် မိခင်လိုအပ်လာမည်ဖြစ်တဲ့အတွက် နောက်အိမ်ထောင်ပြုခဲ့ခြင်းဖြစ်ပါတယ် ။ ကလေးငယ်သေဆုံးသွားခဲ့တဲ့အတွက် မိထွေးဖြစ်သူမှာလည်း ကိုယ်ထိလက်ရောက်နှိပ်စက်ညှင်းပန်းသူအဖြစ် အမည်တွင်သွားခဲ့ပါတယ် ။Guo၏ဖခင်ဖြစ်သူပြောပြချက်အရ သူ၏ဇနီးသည်မှာသမီးလေးကို အခြားအသေးအဖွဲ့ကိစ္စများနှင့်လည်း မကြာခဏရိုက်နှက်တတ်ပြီး ယခုကဲ့သို့အခြေအနေအထိမရောက်ရှိခဲ့ဖူးကြောင်း ပြောပြခဲ့ပါတယ် ။မိထွေးဖြစ်သူကို ရဲအရာရှိများကဖမ်းဆီးထိန်းသိမ်းထားခဲ့ကြပြီး အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ထမင္းစားတာေႏွးလြန္းတယ္ဆိုၿပီး 7ႏွစ္အရြယ္ကေလးငယ္ကို ေသဆံုးသည္အထိ႐ိုက္ႏွက္ခဲ့တဲ့ မိေထြး"

Leave a comment

Your email address will not be published.


*