အိမ္သံုးကားနဲ႔ ႏြား 3ေကာင္ခိုးခဲ့မိလို႔ ဒုကၡေရာက္ၿပီး ကားကိုပါစြန္႔ပစ္ထားခဲ့ရတဲ့အျဖစ္

ကားအတြင္းထဲမွာ ႏြား3ေကာင္ပါ႐ွိေနတဲ့ Honda Odyssey အမဲေရာင္ကားတစ္စီးကို မေလး႐ွားႏိုင္ငံ ၊ Jalan Kilang A Chini 3 ေနရာအနီးမွ February 9 ရက္ေန႔ကေတြ႔႐ွိခဲ့ပါတယ္ ။ ႏြား 3ေကာင္လံုးဟာ စိတ္ၿငိမ္ေဆးေတြ အလြန္အကြၽံတိုက္ေကြၽးခံထားရပံုျဖစ္ေနၿပီး အေတာ္ေလးကိုအားနည္းေနၿပီး ၿငိမ္သက္ေနလ်က္႐ွိပါတယ္ ။ အဆိုပါ သံသယျဖစ္ဖြယ္ေကာင္းၿပီး ၊ လမ္းေဘးမွာ စြန္႔ပစ္ထားခဲ့တဲ့ကားကို ေဒသခံမ်ားက ရဲစခန္းသို႔ မနက္ခင္း 7:30 အခ်ိန္ခန္႔က တိုင္ၾကားခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ တာဝန္႐ွိသူမ်ားက အဆိုပါေနရာသို႔ ခ်က္ခ်င္းေရာက္႐ွိလာခဲ့ၾကၿပီးစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ကားနံပါတ္ျပားမ႐ွိေတာ့တဲ့အျပင္ ၊ ကားဘီးမွာကြဲသြားခဲ့လို႔ ကားပိုင္႐ွင္က ကားကိုစြန္႔ပစ္သြားခဲ့ၾကတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ရဲအရာ႐ွိမ်ားက ႏြားေတြရဲ႕ပိုင္႐ွင္ကို ႐ွာေဖြေပးခဲ့ခ်ိန္မွာေတာ့ အသက္ 65 ႏွစ္အရြယ္ အဘိုးရဲ႕ႏြားေတြျဖစ္ေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။ မည္သည့္အေၾကာင္းေၾကာင့္ ႏြား 3ေကာင္လံုးကို ခိုးရတာလည္း မသိခဲ့ရေပမဲ့ ေလာဘႀကီးလြန္းတဲ့လုပ္ရပ္ေၾကာင့္ ကားကိုပါစြန္႔ပစ္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကားအတွင်းထဲမှာ နွား3ကောင်ပါရှိနေတဲ့ Honda Odyssey အမဲရောင်ကားတစ်စီးကို မလေးရှားနိုင်ငံ ၊ Jalan Kilang A Chini 3 နေရာအနီးမှ February 9 ရက်နေ့ကတွေ့ရှိခဲ့ပါတယ် ။ နွား 3ကောင်လုံးဟာ စိတ်ငြိမ်ဆေးတွေ အလွန်အကျွံတိုက်ကျွေးခံထားရပုံဖြစ်နေပြီး အတော်လေးကိုအားနည်းနေပြီး ငြိမ်သက်နေလျက်ရှိပါတယ် ။ အဆိုပါ သံသယဖြစ်ဖွယ်ကောင်းပြီး ၊ လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တဲ့ကားကို ဒေသခံများက ရဲစခန်းသို့ မနက်ခင်း 7:30 အချိန်ခန့်က တိုင်ကြားခဲ့ကြပါတယ် ။ ထို့ကြောင့် တာဝန်ရှိသူများက အဆိုပါနေရာသို့ ချက်ချင်းရောက်ရှိလာခဲ့ကြပြီးစစ်ဆေးခဲ့ချိန်မှာတော့ ကားနံပါတ်ပြားမရှိတော့တဲ့အပြင် ၊ ကားဘီးမှာကွဲသွားခဲ့လို့ ကားပိုင်ရှင်က ကားကိုစွန့်ပစ်သွားခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။

ရဲအရာရှိများက နွားတွေရဲ့ပိုင်ရှင်ကို ရှာဖွေပေးခဲ့ချိန်မှာတော့ အသက် 65 နှစ်အရွယ် အဘိုးရဲ့နွားတွေဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။ မည်သည့်အကြောင်းကြောင့် နွား 3ကောင်လုံးကို ခိုးရတာလည်း မသိခဲ့ရပေမဲ့ လောဘကြီးလွန်းတဲ့လုပ်ရပ်ကြောင့် ကားကိုပါစွန့်ပစ်ခဲ့ရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment