အရက္ အလကားေသာက္ခ်င္လို႔ Bar မွာ ဟန္ေဆာင္ၿပီး လက္ထပ္ခြင့္ေတာင္းခဲ့ၾကတဲ့ စံုတြဲ (႐ုပ္သံ)

Corinne Miller နဲ႔ Adam Carroll အမည္႐ွိတဲ့ စံုတြဲဟာ Corinne ရဲ႕ေမြးေန႔ပြဲကို က်င္ပမဲ့ Atlanta ၿမိဳ႕သို႔ အတူတူခရီးသြားခဲ့ၾကပါတယ္ ။ သူမတို႔စံုတြဲဟာ အခ်ိန္အတူတူျဖဳန္းရတာမ်ိဳးကိုႀကိဳက္ႏွစ္သက္ၾကေပမဲ့လည္း ႏွစ္ေယာက္လံုးက ေငြေရးေၾကးေရး အက်ပ္အတည္း ျဖစ္ေနၾကတာပါ ။ ထို႔ေၾကာင့္ သူမတို႔ရဲ႕ခရီးမွာ အေသာက္အစားဖို႔အတြက္ ပိုက္ဆံေခြၽတာဖို႔ bar ေတြမွာ ဟန္ေဆာင္ၿပီး လက္ထပ္ခြင့္ေတာင္းတာမ်ိဳး ျပဳလုပ္ခဲ့ၾကပါတယ္ ။Video ခ်စ္သူေကာင္ေလး Adam က ေကာင္မေလးေ႐ွ႕မွာ ဒူးေထာက္ၿပီး သူ႔ရဲ႕ဇနီးျဖစ္ေပးဖို႔ ေကာင္မေလးကို ေတာင္းဆိုခဲ့ၿပီး ၊ ေကာင္မေလးမွာလည္း အေတာ္ေလးေပ်ာ္ရႊင္တဲ့ပံုစံနဲ႔ အေျဖျပန္ေပးခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ Bar မွာ႐ွိတဲ့ သူေတြက ၎တို႔စံုတြဲကို လက္ခုပ္တီးၿပီး ဝမ္းသာအားရ အားေပးခဲ့ၾကပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ ၎တို႔စံုတြဲရဲ႕ အၾကံအစည္ဟာ ေအာင္ျမင္သြားခဲ့ၿပီး သူစိမ္းအခ်ိဳ႕က ၎တို႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အရက္အလကားတိုက္ခဲ့ၾကပါတယ္ ။ ဒါတင္မကေသးပါဘူး ၎တို႔စံုတြဲဟာ ေနာက္ထပ္ bar တစ္ခုသို႔ထြက္သြားၿပီး အရက္အလကားတိုက္ေအာင္ ၎တို႔ရဲ႕ ေစ့စပ္ေၾကာင္းလမ္းျခင္းကို ေအာင္ပြဲခံေနတာပါ ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

ခရီးကေနျပန္လာၿပီး 6လ အၾကာ Adam ရဲ႕တကယ့္ေမြးေန႔မွာမွ သူ႔ရဲ႕ခ်စ္သူမိန္းကေလးကို အမွန္တကယ္ လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္ ။ ထို႔အျပင္ Corinne က ” က်ြန္မတို႔ ႏွစ္ေယာက္လံုးမွာ တကယ့္ကို တူညီတဲ့ စိတ္ေနစိတ္ထား႐ွိၾကတယ္ ၊ အဲ့အခ်က္က က်ြန္မတို႔ရဲ႕ relationship ကို ခိုင္ျမဲေစတာပဲ ၊ လူေတြက က်ြန္မတို႔ကို အရက္ဝယ္တိုက္ၿပီးဂုဏ္ျပဳခဲ့ၾကေပမဲ့လည္း ဆိုးဝါးလြန္းတယ္ ၊ ဘာလို႔လည္းဆိုေတာ့ က်ြန္မတို႔က အလကားေသာက္ရဖို႔ လုပ္ခဲ့တာပါ ၊ ကြၽန္မတို႔ သူငယ္ခ်င္းျဖစ္လာခဲ့တာ 8 ႏွစ္ေလာက္႐ွိၿပီ ၊ အဲ့ခရီးက ကြၽန္မတို႔အတူတူသြားဖူးတဲ့ ပထမဆံုးခရီးပဲ ၊ ပိုက္ဆံေခြၽတာဖို႔ ကြၽန္မတို႔ လုပ္ခဲ့တာအတြက္ ေပ်ာ္ပါတယ္ ၊ အခုေတာ့ Adam က ကြၽန္မကို တကယ့္ေစ့စပ္လက္စြပ္ ေပးလိုက္ပါၿပီ ” ဆိုၿပီး သူမတို႔ရဲ႕လုပ္ရပ္နဲ႔ relationship အေၾကာင္းကို ေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Corinne Miller နဲ့ Adam Carroll အမည်ရှိတဲ့ စုံတွဲဟာ Corinne ရဲ့မွေးနေ့ပွဲကို ကျင်ပမဲ့ Atlanta မြို့သို့ အတူတူခရီးသွားခဲ့ကြပါတယ် ။ သူမတို့စုံတွဲဟာ အချိန်အတူတူဖြုန်းရတာမျိုးကိုကြိုက်နှစ်သက်ကြပေမဲ့လည်း နှစ်ယောက်လုံးက ငွေရေးကြေးရေး အကျပ်အတည်း ဖြစ်နေကြတာပါ ။ ထို့ကြောင့် သူမတို့ရဲ့ခရီးမှာ အသောက်အစားဖို့အတွက် ပိုက်ဆံချွေတာဖို့ bar တွေမှာ ဟန်ဆောင်ပြီး လက်ထပ်ခွင့်တောင်းတာမျိုး ပြုလုပ်ခဲ့ကြပါတယ် ။Video ချစ်သူကောင်လေး Adam က ကောင်မလေးရှေ့မှာ ဒူးထောက်ပြီး သူ့ရဲ့ဇနီးဖြစ်ပေးဖို့ ကောင်မလေးကို တောင်းဆိုခဲ့ပြီး ၊ ကောင်မလေးမှာလည်း အတော်လေးပျော်ရွှင်တဲ့ပုံစံနဲ့ အဖြေပြန်ပေးခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Bar မှာရှိတဲ့ သူတွေက ၎င်းတို့စုံတွဲကို လက်ခုပ်တီးပြီး ဝမ်းသာအားရ အားပေးခဲ့ကြပါတယ် ။

ကံကောင်းစွာနဲ့ပဲ ၎င်းတို့စုံတွဲရဲ့ အကြံအစည်ဟာ အောင်မြင်သွားခဲ့ပြီး သူစိမ်းအချို့က ၎င်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ အရက်အလကားတိုက်ခဲ့ကြပါတယ် ။ ဒါတင်မကသေးပါဘူး ၎င်းတို့စုံတွဲဟာ နောက်ထပ် bar တစ်ခုသို့ထွက်သွားပြီး အရက်အလကားတိုက်အောင် ၎င်းတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို အောင်ပွဲခံနေတာပါ ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

ခရီးကနေပြန်လာပြီး 6လ အကြာ Adam ရဲ့တကယ့်မွေးနေ့မှာမှ သူ့ရဲ့ချစ်သူမိန်းကလေးကို အမှန်တကယ် လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။ ထို့အပြင် Corinne က ” ကျွန်မတို့ နှစ်ယောက်လုံးမှာ တကယ့်ကို တူညီတဲ့ စိတ်နေစိတ်ထားရှိကြတယ် ၊ အဲ့အချက်က ကျွန်မတို့ရဲ့ relationship ကို ခိုင်မြဲစေတာပဲ ၊ လူတွေက ကျွန်မတို့ကို အရက်ဝယ်တိုက်ပြီးဂုဏ်ပြုခဲ့ကြပေမဲ့လည်း ဆိုးဝါးလွန်းတယ် ၊ ဘာလို့လည်းဆိုတော့ ကျွန်မတို့က အလကားသောက်ရဖို့ လုပ်ခဲ့တာပါ ၊ ကျွန်မတို့ သူငယ်ချင်းဖြစ်လာခဲ့တာ 8 နှစ်လောက်ရှိပြီ ၊ အဲ့ခရီးက ကျွန်မတို့အတူတူသွားဖူးတဲ့ ပထမဆုံးခရီးပဲ ၊ ပိုက်ဆံချွေတာဖို့ ကျွန်မတို့ လုပ်ခဲ့တာအတွက် ပျော်ပါတယ် ၊ အခုတော့ Adam က ကျွန်မကို တကယ့်စေ့စပ်လက်စွပ် ပေးလိုက်ပါပြီ ” ဆိုပြီး သူမတို့ရဲ့လုပ်ရပ်နဲ့ relationship အကြောင်းကို ပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment