အျခားေသာသူေတြပါ ဝူဟန္ဗိုင္းရပ္စ္ပို ကူးစက္ခံရေအာင္ အမ်ားသံုးတံခါးလက္ကိုင္ဖုေတြေပၚ တံေတြးလိုက္ေထြးခဲ့တဲ့ အမ်ိဳးသမီး (႐ုပ္သံ)

တစ္ရက္ထက္ တစ္ရက္ ဝူဟန္ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရတဲ့ လူေတြရဲ႕အေရအတြက္ဟာ တျဖည္းျဖည္းတိုးပြားလာလ်က္႐ွိပါတယ္ ။ အထူးသျဖင့္ ဝူဟန္ၿမိဳ႕အတြင္းက ျပည္သူေတြပါ ။ထို႔ေၾကာင့္ လူအမ်ားက ေရာဂါပိုးကူးစက္ခံရမွာကို အေတာ္ေလးေၾကာက္ရြံ႔ေနလ်က္႐ွိပါတယ္ ။ မၾကာေသးခင္ကမွ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕အတြင္း႐ွိ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ တိုက္ခန္းအေဆာက္အအံုတစ္ခုမွာ ေနထိုင္လ်က္႐ွိတဲ့ မိန္းကေလးတစ္ေယာက္ဟာ အျခားသူေတြပါ ေရာဂါပိုးကူစက္ေအာင္ အမ်ားသံုးတံခါးလက္ကိုင္ဖုေတြေပၚ တံေတြးလိုက္ေထြးေနခဲ့တာကို CCTV ကေန မွတ္တမ္းရယူေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္ ။ Video ထဲမွာေတာ့ အျခားသူေတြမျမင္ေအာင္ သူမဟာ တံခါးေပါက္ဆီသို႔ တိတ္တဆိတ္လက္ေလ်ွာက္လာခဲ့ၿပီး ေဘးပတ္ပတ္လည္ၾကည့္ၿပီးေနာက္မွာေတာ့ တံခါးလက္ကိုင္ဖုေတြေပၚ တံေတြးလိုက္ေထြးခဲ့ပါေတာ့တယ္ ။

ပိုၿပီးဆိုးဝါးတာကေတာ့ သူမေနထိုင္တဲ့အေဆာက္အအံုေတြမွာဆိုရင္ ေရာဂါကူးစက္ခံရသူေပါင္း 30 ခန္႔႐ွိေနခဲ့ၿပီး ၊ အခ်ိဳ႕မွာေတာ့ သံသယလူနာအေနျဖင့္ ေစာင့္ၾကည့္ခံေနကၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ သို႔ေပမဲ့လည္း ကံေကာင္းစြာနဲ႔ သူမရဲ႕ေကာက္က်စ္ယုတ္မာလြန္းတဲ့လုပ္ရပ္ကို အိမ္နီးခ်င္တိုက္ခန္းမွ ေနထိုင္သူတစ္ဦးက ေတြ႔႐ွိခဲ့ၿပီး တာဝန္႐ွိသူမ်ားကို တိုင္ၾကားခဲ့ပါေတာ့တယ္ ။ ခ်က္ခ်င္းပဲ ရဲအရာ႐ွိေတြက ဝတ္စံုအျပည့္ႏွင့္ အဆိုပါေနရာသို႔ေရာက္႐ွိလာခဲ့ၿပီး အဆိုပါေနရာေတြမွာ ေရာဂါမပ်ံ့ႏွံ႔သြားေအာင္ လုပ္ေဆာင္ေပးခဲ့ၾကပါတယ္ ။

CCTV မွတ္တမ္းေတြနဲ႔ သူမရဲ႕လုပ္ရပ္မ်ားကို စစ္ေဆးခဲ့ၿပီးေနာက္ တာဝန္႐ွိသူမ်ားက သူမဟာေသေစႏိုင္ေလာက္တဲ့ ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရသူျဖစ္ေၾကာင္း ထုတ္ေဖာ္ႏိုင္ခဲ့ပါတယ္ ။ လက္႐ွိမွာေတာ့ အဆိုပါကိစၥရပ္ကို ဆက္လက္ၿပီး စံုစမ္းေဖာ္ထုတ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ရက်ထက် တစ်ရက် ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ လူတွေရဲ့အရေအတွက်ဟာ တဖြည်းဖြည်းတိုးပွားလာလျက်ရှိပါတယ် ။ အထူးသဖြင့် ဝူဟန်မြို့အတွင်းက ပြည်သူတွေပါ ။ထို့ကြောင့် လူအများက ရောဂါပိုးကူးစက်ခံရမှာကို အတော်လေးကြောက်ရွံ့နေလျက်ရှိပါတယ် ။ မကြာသေးခင်ကမှ တရုတ်နိုင်ငံ ဝူဟန်မြို့အတွင်းရှိ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ တိုက်ခန်းအဆောက်အအုံတစ်ခုမှာ နေထိုင်လျက်ရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ အခြားသူတွေပါ ရောဂါပိုးကူစက်အောင် အများသုံးတံခါးလက်ကိုင်ဖုတွေပေါ် တံတွေးလိုက်ထွေးနေခဲ့တာကို CCTV ကနေ မှတ်တမ်းရယူဖော်ထုတ်နိုင်ခဲ့ပါတယ် ။ Video ထဲမှာတော့ အခြားသူတွေမမြင်အောင် သူမဟာ တံခါးပေါက်ဆီသို့ တိတ်တဆိတ်လက်လျှောက်လာခဲ့ပြီး ဘေးပတ်ပတ်လည်ကြည့်ပြီးနောက်မှာတော့ တံခါးလက်ကိုင်ဖုတွေပေါ် တံတွေးလိုက်ထွေးခဲ့ပါတော့တယ် ။

ပိုပြီးဆိုးဝါးတာကတော့ သူမနေထိုင်တဲ့အဆောက်အအုံတွေမှာဆိုရင် ရောဂါကူးစက်ခံရသူပေါင်း 30 ခန့်ရှိနေခဲ့ပြီး ၊ အချို့မှာတော့ သံသယလူနာအနေဖြင့် စောင့်ကြည့်ခံနေကပြီဖြစ်ကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ သူမရဲ့ကောက်ကျစ်ယုတ်မာလွန်းတဲ့လုပ်ရပ်ကို အိမ်နီးချင်တိုက်ခန်းမှ နေထိုင်သူတစ်ဦးက တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများကို တိုင်ကြားခဲ့ပါတော့တယ် ။ ချက်ချင်းပဲ ရဲအရာရှိတွေက ဝတ်စုံအပြည့်နှင့် အဆိုပါနေရာသို့ရောက်ရှိလာခဲ့ပြီး အဆိုပါနေရာတွေမှာ ရောဂါမပျံ့နှံ့သွားအောင် လုပ်ဆောင်ပေးခဲ့ကြပါတယ် ။

CCTV မှတ်တမ်းတွေနဲ့ သူမရဲ့လုပ်ရပ်များကို စစ်ဆေးခဲ့ပြီးနောက် တာဝန်ရှိသူများက သူမဟာသေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူဖြစ်ကြောင်း ထုတ်ဖော်နိုင်ခဲ့ပါတယ် ။ လက်ရှိမှာတော့ အဆိုပါကိစ္စရပ်ကို ဆက်လက်ပြီး စုံစမ်းဖော်ထုတ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment