ေမြးကင္းစကေလးငယ္ကို အိတ္ထဲထည့္ၿပီး ကားမွန္တြင္ခ်ိတ္ဆြဲကာ စြန္႔ပစ္ထားခဲ့တဲ့အျဖစ္

အျပစ္မဲ့လြန္တဲ့ ေမြးကင္းစကေလးငယ္ေတြကို စြန္႔ပစ္ထားခဲ့ၾကတဲ့ ကိစၥမ်ိဳးမၾကာခဏ ၾကားဖူး ၊ ၾကံဳဖူးၾကမွာပါ ။ ဒီတစ္ေခါက္မွာေတာ့ ကေလးငယ္ကို အသက္ေသဆံုးသြားရေလာက္တဲ့အထိ ျဗဳန္းစားႀကီးစြန္႔ပစ္သြားခဲ့တာမ်ိဳးေတာ့ မဟုတ္ေပမဲ့လည္း ကေလးငယ္ကို ပလပ္စတစ္ shopping အိတ္ထဲမွာ ထည့္ထားၿပီးေနာက္ ၊ တိုက္ခန္းအေဆာက္အအံုရဲ႕ ကားပါကင္တြင္ ရပ္ထားတဲ့ကားရဲ႕ေဘးၾကည့္မွန္မွာ ခ်ိတ္ဆြဲၿပီး စြန္႔ပစ္ထားခဲ့တာျဖစ္ပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ ည 12: 15 အခ်ိန္ခန္႔မွာ အမ်ိဳးသားတစ္ေယာက္ဟာ အဆိုပါကားအနားသို႔ျဖတ္သြားရင္းနဲ႔ ကေလးငိုသံၾကားလိုက္လို႔ အဆိုပါအိတ္ထဲၾကည့္လိုက္ခ်ိန္မွာေတာ့ ငိုေႂကြးေနတဲ့ကေလးငယ္ကို ေတြ႔႐ွိခဲ့တာျဖစ္ပါတယ္ ။

ကေလးငယ္ဟာ အေတာ္ေလးကို ေအးစက္ေနၿပီး ၊ အေတာ္ေလး ႏို႔ဆာေနပံုလည္းရပါတယ္ ။ အဆိုပါ ကေလးငယ္မွာ မိန္းကေလးျဖစ္ၿပီး သူမရဲ႕ဗိုက္ေလးမွာ ခ်က္ႀကိဳး႐ွိေနေသးတဲ့အတြက္ ကေလးငယ္ဟာ 2ရက္သားအရြယ္သာ႐ွိေသးေၾကာင္း သိ႐ွိရပါတယ္ ။ ကေလးငယ္ဟာ ညခင္း 8:30 အခ်ိန္ခန္႔မွာ စြန္႔ပစ္ခံခဲ့ရတာျဖစ္ေၾကာင္း ႏွင့္ 4နာရီခန္႔ၾကာၿပီးမွ အဆိုပါအမ်ိဳးသားက ေတြ႔႐ွိခဲ့တာျဖစ္ေၾကာင္း ခန္႔မွန္းခဲ့ၾကပါတယ္ ။

ကေလးငယ္ကိုေတာ့ ေဆးကုသမႈခံယူဖို႔အတြက္ ေဆးရံုသို႔ပို႔ေဆာင္ထားလ်က္႐ွိၿပီး ၊ ကေလးငယ္ကို စြန္႔ပစ္ခဲ့ၾကတဲ့ မိဘမ်ားကိုေတာ့ ရဲအရာ႐ွိမ်ားက ဆက္လက္႐ွာေဖြေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အပြစ်မဲ့လွန်တဲ့ မွေးကင်းစကလေးငယ်တွေကို စွန့်ပစ်ထားခဲ့ကြတဲ့ ကိစ္စမျိုးမကြာခဏ ကြားဖူး ၊ ကြုံဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာတော့ ကလေးငယ်ကို အသက်သေဆုံးသွားရလောက်တဲ့အထိ ဗြုန်းစားကြီးစွန့်ပစ်သွားခဲ့တာမျိုးတော့ မဟုတ်ပေမဲ့လည်း ကလေးငယ်ကို ပလပ်စတစ် shopping အိတ်ထဲမှာ ထည့်ထားပြီးနောက် ၊ တိုက်ခန်းအဆောက်အအုံရဲ့ ကားပါကင်တွင် ရပ်ထားတဲ့ကားရဲ့ဘေးကြည့်မှန်မှာ ချိတ်ဆွဲပြီး စွန့်ပစ်ထားခဲ့တာဖြစ်ပါတယ် ။ ကံကောင်းစွာနဲ့ပဲ ည 12: 15 အချိန်ခန့်မှာ အမျိုးသားတစ်ယောက်ဟာ အဆိုပါကားအနားသို့ဖြတ်သွားရင်းနဲ့ ကလေးငိုသံကြားလိုက်လို့ အဆိုပါအိတ်ထဲကြည့်လိုက်ချိန်မှာတော့ ငိုကြွေးနေတဲ့ကလေးငယ်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ် ။

ကလေးငယ်ဟာ အတော်လေးကို အေးစက်နေပြီး ၊ အတော်လေး နို့ဆာနေပုံလည်းရပါတယ် ။ အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး သူမရဲ့ဗိုက်လေးမှာ ချက်ကြိုးရှိနေသေးတဲ့အတွက် ကလေးငယ်ဟာ 2ရက်သားအရွယ်သာရှိသေးကြောင်း သိရှိရပါတယ် ။ ကလေးငယ်ဟာ ညခင်း 8:30 အချိန်ခန့်မှာ စွန့်ပစ်ခံခဲ့ရတာဖြစ်ကြောင်း နှင့် 4နာရီခန့်ကြာပြီးမှ အဆိုပါအမျိုးသားက တွေ့ရှိခဲ့တာဖြစ်ကြောင်း ခန့်မှန်းခဲ့ကြပါတယ် ။

ကလေးငယ်ကိုတော့ ဆေးကုသမှုခံယူဖို့အတွက် ဆေးရုံသို့ပို့ဆောင်ထားလျက်ရှိပြီး ၊ ကလေးငယ်ကို စွန့်ပစ်ခဲ့ကြတဲ့ မိဘများကိုတော့ ရဲအရာရှိများက ဆက်လက်ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment