ကေလးငယ္က ေအာ္ငိုခဲ့လို႔ တစ္မိသားစုလံုးပစ္သတ္ခံလိုက္ရတဲ့ ထိုင္းကုန္တိုက္က ေသနတ္သမားရဲ႕လုပ္ရပ္

ထိုင္းႏိုင္ငံက တပ္ေျပးေသနတ္သမားကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အေသပစ္ဖမ္းလိုက္ႏိုင္ၿပီဆိုေပမဲ့လည္း သူ႔ရဲ႕လုပ္ရပ္ေတြေၾကာင့္ ဝမ္းနည္းေၾကကြဲဖြယ္အျဖစ္ေတြကေတာ့ မၿငိမ္သက္ႏိုင္ေသးပါဘူး ။ စင္ကာပူႏိုင္ငံက အမ်ိဳးသားတစ္ေယာက္မွာလည္း သူရဲ႕ 11ႏွစ္အရြယ္သားေလးနဲ႔ အဆိုပါ ကုန္တိုက္မွာ ထြက္ေျပးတိမ္းေ႐ွာင္ဖို႔ႀကိဳးစားခဲ့ရင္း သူ၏အျဖစ္အပ်က္ကို social media ေပၚမွာျပန္လည္ ေဝမ်ွသြားခဲ့ပါတယ္ ။ ” လူေတြ ထိတ္လန္႔ေခ်ာက္ခ်ားျဖစ္ေနခ်ိန္ သူနဲ႔သားေလးက ပုန္းဖို႔ေနရာ ႐ွာေဖြခဲ့ပါတယ္ ၊ ေျမညီထပ္မွာ႐ွိတဲ့ အစားအေသာက္သိုေလွာင္ခန္းက ပြင့္ေနခဲ့တယ္ ၊ အဲ့ေနရာကလည္း လံုျခံဳတဲ့ေနရာျဖစ္မေနခဲ့ဘူး ၊ သို႔ေပမဲ့လည္း သူနဲ႔သားေလးက အဆိုပါသိုေလွာင္ခန္းထဲမွာ ဝင္ပုန္းဖို႔လုပ္ရင္း မိသားစုတစ္စုနဲ႔ေတြ႔ခဲ့တယ္ ၊ အဲ့ေနရာမွာပဲ လူ 10 ေယာက္ ေလာက္က တံခါးပိတ္ မီးပိတ္ၿပီး ပုန္းေအာင္းေနခဲ့ၾကပါတယ္ ၊ ေသနတ္သံက တစ္ႀကိမ္ၿပီး တစ္ႀကိမ္ၾကားေနခဲ့လို႔ သူတို႔ဟာ ေအးခဲေနတဲ့အခန္းထဲမွာ ေၾကာက္လန္႔စြာနဲ႔ တိတ္တဆိတ္ပုန္းေအာင္းေနခဲ့ရပါတယ္ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။

ပုန္းေအာင္းေနခဲ့ၾကတဲ့ သူေတြထဲက တစ္ေယာက္မွ အျခားေနရာသို႔ေျပာင္းေရႊ႔ပုန္းေအာင္ဖို႔ အၾကံေပးခဲ့ၿပီး အကုန္လံုးေနရာအသစ္မွာ ေျပာင္းေရႊ႔ဖို႔လုပ္ခဲ့ၾကေပမဲ့လည္း ကေလးမေလးတစ္ေယာက္နဲ႔မိသားစုကေတာ့ ” ငါဒီမွာပဲ ငါ့မိန္းမနဲ႔ ပုန္းေနမယ္ ” ဆိုၿပီး ေျပာဆိုကာ ေနရစ္ခဲ့ပါတယ္ ။ အခ်ိန္ၾကာလာေတာ့ ေသနတ္သံဟာ အေတာ္ေလးကို နီးကပ္လာခဲ့ၿပီး အဆိုပါမိသားစုထံမွ ကေလးမေလးရဲ႕ ငိုသံကိုၾကားခဲ့ရပါတယ္ ၊ မၾကာခင္မွာပဲ ေသနတ္သမားဟာအဆိုပါမိသားစု ပုန္းေအာင္းေနခဲ့တဲ့ သိုေလွာင္ခန္းတံခါးကိုေျခေထာက္ျဖင့္ ကန္ဖြင့္ခဲ့ၿပီး အဆက္မျပတ္ပစ္ခတ္သံမ်ားကို ၎တို႔ပုန္းေအာင္းေနခဲ့တဲ့ေနရာကေန အထင္းသားႀကီး ၾကားခဲ့ရပါတယ္ ။

ထို႔ေနာက္ ၎တို႔တစ္ဖြဲ႔လံုးကေတာ့ အဆိုပါမိသားစုနဲ႔ 2မီတာ အကြာအေဝးကေန တိတ္တဆိတ္ပုန္းေအာင္ေနခဲ့ၾကၿပီး မၾကာခင္မွာပဲ ရဲတပ္ဖြဲေတြေရာက္႐ွိလာၾကၿပီး ကယ္ထုတ္ခဲ့ၾကလို႔ အဆိုပါ စင္ကာပူႏိုင္ငံသားမွာ သူ၏မိသားစုေတြနဲ႔ အတူျပန္ဆံုေတြ႔ႏိုင္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း တခ်ိဳ႕ေသာသူေတြမွာေတာ့ အဆိုပါပစ္ခတ္မႈမွာ ကံဆိုးစြာနဲ႔ပဲ အျပစ္မ႐ွိဘဲ အသက္ေသဆံုးခဲ့ၾကလို႔ မိသားစု အသိုင္းအဝိုင္းေတြက စိတ္ေျဖလို႔မရႏိုင္ဘဲ ျဖစ္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ထိုင်းနိုင်ငံက တပ်ပြေးသေနတ်သမားကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသေပစ်ဖမ်းလိုက်နိုင်ပြီဆိုပေမဲ့လည်း သူ့ရဲ့လုပ်ရပ်တွေကြောင့် ဝမ်းနည်းကြေကွဲဖွယ်အဖြစ်တွေကတော့ မငြိမ်သက်နိုင်သေးပါဘူး ။ စင်ကာပူနိုင်ငံက အမျိုးသားတစ်ယောက်မှာလည်း သူရဲ့ 11နှစ်အရွယ်သားလေးနဲ့ အဆိုပါ ကုန်တိုက်မှာ ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားခဲ့ရင်း သူ၏အဖြစ်အပျက်ကို social media ပေါ်မှာပြန်လည် ဝေမျှသွားခဲ့ပါတယ် ။ ” လူတွေ ထိတ်လန့်ချောက်ချားဖြစ်နေချိန် သူနဲ့သားလေးက ပုန်းဖို့နေရာ ရှာဖွေခဲ့ပါတယ် ၊ မြေညီထပ်မှာရှိတဲ့ အစားအသောက်သိုလှောင်ခန်းက ပွင့်နေခဲ့တယ် ၊ အဲ့နေရာကလည်း လုံခြုံတဲ့နေရာဖြစ်မနေခဲ့ဘူး ၊ သို့ပေမဲ့လည်း သူနဲ့သားလေးက အဆိုပါသိုလှောင်ခန်းထဲမှာ ဝင်ပုန်းဖို့လုပ်ရင်း မိသားစုတစ်စုနဲ့တွေ့ခဲ့တယ် ၊ အဲ့နေရာမှာပဲ လူ 10 ယောက် လောက်က တံခါးပိတ် မီးပိတ်ပြီး ပုန်းအောင်းနေခဲ့ကြပါတယ် ၊ သေနတ်သံက တစ်ကြိမ်ပြီး တစ်ကြိမ်ကြားနေခဲ့လို့ သူတို့ဟာ အေးခဲနေတဲ့အခန်းထဲမှာ ကြောက်လန့်စွာနဲ့ တိတ်တဆိတ်ပုန်းအောင်းနေခဲ့ရပါတယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

ပုန်းအောင်းနေခဲ့ကြတဲ့ သူတွေထဲက တစ်ယောက်မှ အခြားနေရာသို့ပြောင်းရွှေ့ပုန်းအောင်ဖို့ အကြံပေးခဲ့ပြီး အကုန်လုံးနေရာအသစ်မှာ ပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမဲ့လည်း ကလေးမလေးတစ်ယောက်နဲ့မိသားစုကတော့ ” ငါဒီမှာပဲ ငါ့မိန်းမနဲ့ ပုန်းနေမယ် ” ဆိုပြီး ပြောဆိုကာ နေရစ်ခဲ့ပါတယ် ။ အချိန်ကြာလာတော့ သေနတ်သံဟာ အတော်လေးကို နီးကပ်လာခဲ့ပြီး အဆိုပါမိသားစုထံမှ ကလေးမလေးရဲ့ ငိုသံကိုကြားခဲ့ရပါတယ် ၊ မကြာခင်မှာပဲ သေနတ်သမားဟာအဆိုပါမိသားစု ပုန်းအောင်းနေခဲ့တဲ့ သိုလှောင်ခန်းတံခါးကိုခြေထောက်ဖြင့် ကန်ဖွင့်ခဲ့ပြီး အဆက်မပြတ်ပစ်ခတ်သံများကို ၎င်းတို့ပုန်းအောင်းနေခဲ့တဲ့နေရာကနေ အထင်းသားကြီး ကြားခဲ့ရပါတယ် ။

ထို့နောက် ၎င်းတို့တစ်ဖွဲ့လုံးကတော့ အဆိုပါမိသားစုနဲ့ 2မီတာ အကွာအဝေးကနေ တိတ်တဆိတ်ပုန်းအောင်နေခဲ့ကြပြီး မကြာခင်မှာပဲ ရဲတပ်ဖွဲတွေရောက်ရှိလာကြပြီး ကယ်ထုတ်ခဲ့ကြလို့ အဆိုပါ စင်ကာပူနိုင်ငံသားမှာ သူ၏မိသားစုတွေနဲ့ အတူပြန်ဆုံတွေ့နိုင်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း တချို့သောသူတွေမှာတော့ အဆိုပါပစ်ခတ်မှုမှာ ကံဆိုးစွာနဲ့ပဲ အပြစ်မရှိဘဲ အသက်သေဆုံးခဲ့ကြလို့ မိသားစု အသိုင်းအဝိုင်းတွေက စိတ်ဖြေလို့မရနိုင်ဘဲ ဖြစ်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment