ဝူဟန္ဗိုင္းရပ္စ္ပ်ံ့ႏွံေအာင္ဆိုၿပီး ကုန္တိုက္မွာေရာင္းထားတဲ့ အေအးဗူးေတြကို ေဖာက္ေသာက္ျပခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

တစ္ရက္ၿပီး တစ္ရက္ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံခဲ့ရတဲ့ လူေတြအေရအတြက္ဟာ ပိုမိုတိုးပြားလာေနလ်က္႐ွိတဲ့အတြက္ လူေတြဟာ ဗိုင္းရပ္စ္ပိုး မကူးစက္ေအာင္ သတိနဲ႔အျမဲေနထိုင္ေနရလ်က္႐ွိပါတယ္ ။ သို႔ေပမဲ့လည္း တစ္ခ်ိဳ႕သူေတြကေတာ့ အဆိုပါကိစၥရပ္ေတြဟာ ဟာသ သေဘာအေနနဲ႔စေနာက္ ေနၾကတဲ့သူေတြလည္း႐ွိၾကပါတယ္ ။ Social Media ေပၚမွာ အေတာ္ေလးေရပန္းစားေနတဲ့ video တစ္ခုမွာလည္း ဆယ္ေက်ာ္သက္ေကာင္ေလးေတြဟာ ၎တို႔ရဲ႕ Instagram Follower ေတြကို ” how to spread Wuhan ” ဆိုတဲ့ စာသားေလးနဲ႔ video တစ္ခုေဝမ်ွခဲ့ပါတယ္ ။

အဆိုပါ video ဟာ 25 စကၠန္႔သာၾကာျမင့္ခဲ့ၿပီး ေကာင္ေလးတစ္ေယာက္ဟာ စင္ကာပူႏိုင္ငံမွာ႐ွိတဲ့ ကုန္တိုက္တစ္ခုရဲ႕ အေအးဗူးစင္ေ႐ွ႕မွာ video ႐ိုက္ကူးေနခဲ့တာပါ ။ Video ႐ိုက္ကူးေပးေနတဲ့ သူငယ္ခ်င္းတစ္ေယာက္က ” အဲတာ ဘယ္လိုလုပ္ၿပီး ေကာင္းလား ၊ မေကာင္းဘူးလား ကို သိမွာလဲ Nigel ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ေကာင္ေလးက ” ေသာက္ၾကည့္မွာေပါ့ ” ဆိုၿပီး ျပန္လည္ေျဖၾကားခဲ့ပါတယ္ ။ ထို႔ေနာက္ အဆိုပါေကာင္ေလးက စင္ေပၚမွာ႐ွိတဲ့ အေအးဗူးကို လွမ္းယူကာ ဖြင့္ေသာက္ၿပီး ေနရာမွာျပန္ထားခဲ့ပါတယ္ ။ ထို႔ေနာက္ ” မေကာင္းဘူး ၊ ျပန္ထားလိုက္မယ္ ” ဆိုၿပီး ေျပာဆိုကာ ေနာက္ထပ္အေအးဗူးတစ္ခုကို လွမ္းယူၿပီး ျပန္ေဖာက္ေသာက္ကာ အေအးဗူးစင္ေပၚမွာ ျပန္ထားခဲ့ပါတယ္ ။

မၾကာခင္မွာပဲ အဆိုပါ video ဟာ social media ေပၚမွာ အေတာ္ေလးကိုေရပန္းစားခဲ့ၿပီး အဆိုပါေကာင္းေလးရဲ႕ စက္ဆုပ္ရြံ႐ွာဖို႔ေကာင္းတဲ့ လုပ္ရပ္ကို လူအမ်ားက အျပစ္တင္ေျပာဆိုခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွာမွ ေကာင္ေလးေတြက သူတို႔ဟာ အေပ်ာ္သေဘာအေနနဲ႔သာ ရည္ရြယ္ၿပီး video ႐ိုက္ကူးခဲ့တာျဖစ္ေၾကာင္း ႏွင့္ အဆိုပါ အေအးဗူးေတြကိုလည္း ျပန္ဝယ္သြားခဲ့ၾကတာျဖစ္ေၾကာင္း ေျဖ႐ွင္းခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါကုန္တိုက္ရဲ႕အေအးဗူးေတြကိုေတာ့ ဝယ္မည့္သူ အေတာ္ေလးမ႐ွိသေလာက္ျဖစ္သြားမွာကေတာ့ အမွန္ပါပဲ ။ ယခုလက္႐ွိမွာ စင္ကာပူႏိုင္ငံလည္း ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံရမႈ တိုးလာေနတာျဖစ္တဲ့အတြက္ အဆိုပါလုပ္ရပ္မ်ိဳးနဲ႔ စေနာက္ခဲ့တာကေတာ့ အေတာ္ေလးကို သိတတ္နားလည္းမႈမ႐ွိတဲ့သူေတြလို႔ ေျပာရမွာပါပဲေလ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ရက်ပြီး တစ်ရက် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ လူတွေအရေအတွက်ဟာ ပိုမိုတိုးပွားလာနေလျက်ရှိတဲ့အတွက် လူတွေဟာ ဗိုင်းရပ်စ်ပိုး မကူးစက်အောင် သတိနဲ့အမြဲနေထိုင်နေရလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း တစ်ချို့သူတွေကတော့ အဆိုပါကိစ္စရပ်တွေဟာ ဟာသ သဘောအနေနဲ့စနောက် နေကြတဲ့သူတွေလည်းရှိကြပါတယ် ။ Social Media ပေါ်မှာ အတော်လေးရေပန်းစားနေတဲ့ video တစ်ခုမှာလည်း ဆယ်ကျော်သက်ကောင်လေးတွေဟာ ၎င်းတို့ရဲ့ Instagram Follower တွေကို ” how to spread Wuhan ” ဆိုတဲ့ စာသားလေးနဲ့ video တစ်ခုဝေမျှခဲ့ပါတယ် ။

အဆိုပါ video ဟာ 25 စက္ကန့်သာကြာမြင့်ခဲ့ပြီး ကောင်လေးတစ်ယောက်ဟာ စင်ကာပူနိုင်ငံမှာရှိတဲ့ ကုန်တိုက်တစ်ခုရဲ့ အအေးဗူးစင်ရှေ့မှာ video ရိုက်ကူးနေခဲ့တာပါ ။ Video ရိုက်ကူးပေးနေတဲ့ သူငယ်ချင်းတစ်ယောက်က ” အဲတာ ဘယ်လိုလုပ်ပြီး ကောင်းလား ၊ မကောင်းဘူးလား ကို သိမှာလဲ Nigel ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ကောင်လေးက ” သောက်ကြည့်မှာပေါ့ ” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ် ။ ထို့နောက် အဆိုပါကောင်လေးက စင်ပေါ်မှာရှိတဲ့ အအေးဗူးကို လှမ်းယူကာ ဖွင့်သောက်ပြီး နေရာမှာပြန်ထားခဲ့ပါတယ် ။ ထို့နောက် ” မကောင်းဘူး ၊ ပြန်ထားလိုက်မယ် ” ဆိုပြီး ပြောဆိုကာ နောက်ထပ်အအေးဗူးတစ်ခုကို လှမ်းယူပြီး ပြန်ဖောက်သောက်ကာ အအေးဗူးစင်ပေါ်မှာ ပြန်ထားခဲ့ပါတယ် ။

မကြာခင်မှာပဲ အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးကိုရေပန်းစားခဲ့ပြီး အဆိုပါကောင်းလေးရဲ့ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ လုပ်ရပ်ကို လူအများက အပြစ်တင်ပြောဆိုခဲ့ပါတော့တယ် ။ ထိုအချိန်မှာမှ ကောင်လေးတွေက သူတို့ဟာ အပျော်သဘောအနေနဲ့သာ ရည်ရွယ်ပြီး video ရိုက်ကူးခဲ့တာဖြစ်ကြောင်း နှင့် အဆိုပါ အအေးဗူးတွေကိုလည်း ပြန်ဝယ်သွားခဲ့ကြတာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါကုန်တိုက်ရဲ့အအေးဗူးတွေကိုတော့ ဝယ်မည့်သူ အတော်လေးမရှိသလောက်ဖြစ်သွားမှာကတော့ အမှန်ပါပဲ ။ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံလည်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရမှု တိုးလာနေတာဖြစ်တဲ့အတွက် အဆိုပါလုပ်ရပ်မျိုးနဲ့ စနောက်ခဲ့တာကတော့ အတော်လေးကို သိတတ်နားလည်းမှုမရှိတဲ့သူတွေလို့ ပြောရမှာပါပဲလေ ။

Jasmine (Mckzone Daily)

  • Leave a Comment