အသက္ 14 ႏွစ္အရြယ္ေကာင္ေလးကို သားမယားျပဳက်င့္ၿပီး ၿခိမ္းေျခာက္ကာ မူးယစ္ေဆးေရာင္းခိုင္းတဲ့ မိန္းကေလး

Irabells Carrazana အမည္႐ွိတဲ့ အသက္ 22 ႏွစ္အရြယ္ ေကာင္မေလးဟာ အသက္မျပည့္ေသးတဲ့ ကေလးငယ္ကို ကိုယ္ထိလက္ေရာက္ ေစာ္ကားျပဳမႈခဲ့တဲ့လုပ္ရပ္ေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ သူမနဲ႔ Florida ႏိုင္ငံ Miami ၿမိဳ႕မွာ ေနထိုင္လ်က္႐ွိတဲ့ အသက္ 14 ႏွစ္အရြယ္ ေကာင္ေလးကို သားမယားျပဳက်င့္ခဲ့ၿပီးေနာက္ video မွတ္တမ္းမ်ားလည္း ႐ိုက္ယူထားခဲ့ကာ ၊ အဆိုပါ video ေတြနဲ႔ၿခိမ္းေျခာက္ၿပီး ေကာင္ေလးကို သူမကိုယ္စားမူးယစ္ေဆး ေရာင္းခိုင္းခဲ့တဲ့အျပင္ ၊ ေကာင္ေလးကို လူဆိုးဂိုဏ္အဖြဲ႔လႈပ္႐ွားမႈေတြမွာ ပါဝင္ခိုင္းေစလို႔ပါပဲ ။

ေကာင္ေလးဟာ video ထဲမွာ မည္သည့္အေၾကာင္းကိစၥမ်ားပါ႐ွိလို႔ သူမရဲ႕ထိန္းခ်ဳပ္မႈကို လိုက္နာေနရတာလဲ ဆိုတဲ့သိက်ေသခ်ာတဲ့အေၾကာင္းအရာကိုေတာ့ မသိ႐ွိရေပမယ့္ Carrazana ဟာ ၿပီးခဲ့တဲ့ တနလာၤေန႔က ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ေကာင္ေလးကို ကိုယ္ထိလက္ေရာက္ႏွိပ္စက္ညႇင္းပန္းခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္ ။ ေမးျမန္းစစ္ေဆးခ်ိန္မွာလည္း သူမရဲ႕ဖုန္းထဲမွာ ေကာင္ေလးကို သားမယားျပဳက်င့္ၿပီးႏွိပ္စက္ထားတဲ့ video မ်ား႐ွိေၾကာင္း ဝန္ခံထြက္ဆိုခဲ့ပါတယ္ ။ ထို႔အျပင္ သူမဟာ ေကာင္ေလးကို သူစိမ္းလူတစ္ေယာက္ဆီမွာ မူးယစ္ေဆးသြားေရာင္းေစခဲ့ၿပီးေနာက္ ေကာင္ေလးက ပိုက္ဆံမယူျပန္လာခဲ့လို႔ဆိုၿပီး ေဒါသထြက္ကာ ႐ိုက္ႏွက္ခဲ့ပါေသးတယ္ ။ သူမဟာ အျခားေသာ အမည္မေဖာ္ထားတဲ့ လူေတြနဲ႔လည္း တရားမဝင္ေမွာင္ခိုကိစၥေတြနဲ႔ ေျပာဆိုဆက္သြယ္ထားတဲ့ message ေပါင္းမ်ားစြာ႐ွိခဲ့ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

သူမဟာ အသက္မျပည့္ေသးတဲ့ ကေလးငယ္အေပၚ ႐ိုင္းစိုင္တဲ့အျပဳအမႈမ်ား ၊ ကိုယ္ထိလက္ေရာက္ သားမယားျပဳက်င့္မႈမ်ား စတဲ့အခ်က္ေတြေၾကာင့္ ဖမ္းဆီးခံခဲ့ရတဲ့အျပင္ ၊ မူးယစ္ေဆးႏွင့္ လက္နက္မ်ား ေရာင္းဝယ္မႈအတြက္လည္း ႀကီးမားေသာျပစ္ဒဏ္မ်ား ခ်မွတ္ခံခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Irabells Carrazana အမည်ရှိတဲ့ အသက် 22 နှစ်အရွယ် ကောင်မလေးဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို ကိုယ်ထိလက်ရောက် စော်ကားပြုမှုခဲ့တဲ့လုပ်ရပ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ သူမနဲ့ Florida နိုင်ငံ Miami မြို့မှာ နေထိုင်လျက်ရှိတဲ့ အသက် 14 နှစ်အရွယ် ကောင်လေးကို သားမယားပြုကျင့်ခဲ့ပြီးနောက် video မှတ်တမ်းများလည်း ရိုက်ယူထားခဲ့ကာ ၊ အဆိုပါ video တွေနဲ့ခြိမ်းခြောက်ပြီး ကောင်လေးကို သူမကိုယ်စားမူးယစ်ဆေး ရောင်းခိုင်းခဲ့တဲ့အပြင် ၊ ကောင်လေးကို လူဆိုးဂိုဏ်အဖွဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခိုင်းစေလို့ပါပဲ ။

ကောင်လေးဟာ video ထဲမှာ မည်သည့်အကြောင်းကိစ္စများပါရှိလို့ သူမရဲ့ထိန်းချုပ်မှုကို လိုက်နာနေရတာလဲ ဆိုတဲ့သိကျသေချာတဲ့အကြောင်းအရာကိုတော့ မသိရှိရပေမယ့် Carrazana ဟာ ပြီးခဲ့တဲ့ တနလာၤနေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကောင်လေးကို ကိုယ်ထိလက်ရောက်နှိပ်စက်ညှင်းပန်းခဲ့ကြောင်း ဝန်ခံခဲ့ပါတယ် ။ မေးမြန်းစစ်ဆေးချိန်မှာလည်း သူမရဲ့ဖုန်းထဲမှာ ကောင်လေးကို သားမယားပြုကျင့်ပြီးနှိပ်စက်ထားတဲ့ video များရှိကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ် ။ ထို့အပြင် သူမဟာ ကောင်လေးကို သူစိမ်းလူတစ်ယောက်ဆီမှာ မူးယစ်ဆေးသွားရောင်းစေခဲ့ပြီးနောက် ကောင်လေးက ပိုက်ဆံမယူပြန်လာခဲ့လို့ဆိုပြီး ဒေါသထွက်ကာ ရိုက်နှက်ခဲ့ပါသေးတယ် ။ သူမဟာ အခြားသော အမည်မဖော်ထားတဲ့ လူတွေနဲ့လည်း တရားမဝင်မှောင်ခိုကိစ္စတွေနဲ့ ပြောဆိုဆက်သွယ်ထားတဲ့ message ပေါင်းများစွာရှိခဲ့ကြောင်းလည်း သိရှိရပါတယ် ။

သူမဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်အပေါ် ရိုင်းစိုင်တဲ့အပြုအမှုများ ၊ ကိုယ်ထိလက်ရောက် သားမယားပြုကျင့်မှုများ စတဲ့အချက်တွေကြောင့် ဖမ်းဆီးခံခဲ့ရတဲ့အပြင် ၊ မူးယစ်ဆေးနှင့် လက်နက်များ ရောင်းဝယ်မှုအတွက်လည်း ကြီးမားသောပြစ်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment