ထိုင္းကုန္တိုက္တစ္ခုမွာ ျဖစ္ပြားခဲ့တဲ့ပစ္ခတ္မႈေၾကာင့္ ဝမ္းနည္မ်က္ရည္က်ခဲ့ရတဲ့အထိေတာင္းပန္ခဲ့တဲ့ ထိုင္းစစ္ဗိုလ္ခ်ဳပ္ႀကီး

မၾကာေသးခင္က ထိုင္းႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ တပ္ေျပးအမ်ိဳးသားတစ္ဦးရဲ႕ ရက္စက္လြန္းတဲ့ ပစ္ခတ္မႈေၾကာင့္ မိသားစုမ်ားစြာ နဲ႔ လူမ်ားစြာတို႔ရဲ႕ ေဆြမ်ိဳးမိတ္ေဆြမ်ား ဆံုး႐ႈံးသြားခဲ့ရတာကို သိ႐ွိၿပီျဖစ္ၾကမွာပါ ။ အဆိုပါ ရာဇဝင္တြင္ေလာက္တဲ့အထိ ယုတ္မာလြန္းတဲ့တပ္ေျပးအမ်ိဳးသားရဲ႕လုပ္ရပ္ေၾကာင့္ ထိုင္းစစ္ဗိုလ္ခ်ဳပ္ႀကီး Apirat Kongsompong ကိုယ္တိုင္ ေသဆံုးသြားခဲ့ၾကတဲ့ နစ္နာသူေတြရဲ႕မိသားစုကို ကိုယ္တိုင္ေတာင္းပန္ခဲ့ၿပီး ၊ နစ္နာေၾကးမ်ားကိုလည္း ေသဆံုးသူတို႔ရဲ႕ မိသားစုထံ ေလ်ာ္ေၾကးေပးေဆာင္သြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

” အခု အျဖစ္အပ်က္အတြက္ ကြၽန္ေတာ္ေတာင္းပန္စကား ေျပာခ်င္ပါတယ္ ၊ ကြၽန္ေတာ္တို႔ စစ္တပ္က တပ္သားတစ္ေယာက္ေၾကာင့္ ျဖစ္ခဲ့ရလို႔ပါ ၊ ဒုတိယတစ္ခ်က္ကေတာ့ သူကေသနတ္ခလုတ္ေမာင္းခ်ိန္ဆြဲၿပီး အျပစ္မဲ့တဲ့ျပည္သူေတြကို ပစ္သတ္ခဲ့တဲ့အတြက္ သူက ျပစ္မႈက်ဴ းလြန္တဲ့ အျပစ္သားတစ္ေယာက္ျဖစ္သြားခဲ့ၿပီး စစ္သားတစ္ေယာက္ မဟုတ္ေတာ့ပါဘူး ၊ ထိုင္းျပည္သူေတြကို ဒီလိုအျဖစ္မ်ိဳးကြၽန္ေတာ္ ထပ္မၾကံဳေတြ႔ေစခ်င္ေတာ့ပါဘူး ၊ ဒါေၾကာင့္ ေက်းဇူးျပဳၿပီး စစ္တပ္ နဲ႔ စစ္သားေတြကို ေဒါသနဲ႔အျပစ္တင္ေျပာဆိုမႈေတြ မလုပ္ၾကပါနဲ႔ ၊ တစ္စံုတစ္ေယာက္ကို အျပစ္တင္ခ်င္ရင္ေတာ့ ၊ ကြၽန္ေတာ့္ကို အျပစ္တင္ႏိုင္ပါတယ္ ၊ ေဝဖန္မႈေတြနဲ႔ အၾကံျပဳခ်က္ေတြ အားလံုးကို ကြၽန္ေတာ္ လက္ခံေပးမွာပါ ၊ ကြၽန္ေတာ့္ကို အျပစ္တင္ႏိုင္ပါတယ္ ဘာလို႔ဆို ကြၽန္ေတာ္ စစ္တပ္ရဲ့ဗိုလ္ခ်ဳပ္ႀကီး မို႔လို႔ပါပဲ ” ဆိုၿပီး ဝမ္းနည္းမ်က္ရည္ျဖင့္ ေျပာဆိုခဲ့ပါတယ္ ။

မည္သို႔ပင္ျဖစ္ေစကာမူ အခ်ိဳ႕ေသာလူမ်ားကေတာ့ ယခုလို တာဝန္ယူစိတ္အျပည့္႐ွိတဲ့ လုပ္ရပ္မ်ိဳးအတြက္ ေလးစားခဲ့ၾကေပမဲ့ ၊ အခ်ိဳ႕မွာေတာ့ ေဝဖန္မႈမ်ိဳး႐ွိေနတုန္းပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်က ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ တပ်ပြေးအမျိုးသားတစ်ဦးရဲ့ ရက်စက်လွန်းတဲ့ ပစ်ခတ်မှုကြောင့် မိသားစုများစွာ နဲ့ လူများစွာတို့ရဲ့ ဆွေမျိုးမိတ်ဆွေများ ဆုံးရှုံးသွားခဲ့ရတာကို သိရှိပြီဖြစ်ကြမှာပါ ။ အဆိုပါ ရာဇဝင်တွင်လောက်တဲ့အထိ ယုတ်မာလွန်းတဲ့တပ်ပြေးအမျိုးသားရဲ့လုပ်ရပ်ကြောင့် ထိုင်းစစ်ဗိုလ်ချုပ်ကြီး Apirat Kongsompong ကိုယ်တိုင် သေဆုံးသွားခဲ့ကြတဲ့ နစ်နာသူတွေရဲ့မိသားစုကို ကိုယ်တိုင်တောင်းပန်ခဲ့ပြီး ၊ နစ်နာကြေးများကိုလည်း သေဆုံးသူတို့ရဲ့ မိသားစုထံ လျော်ကြေးပေးဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

” အခု အဖြစ်အပျက်အတွက် ကျွန်တော်တောင်းပန်စကား ပြောချင်ပါတယ် ၊ ကျွန်တော်တို့ စစ်တပ်က တပ်သားတစ်ယောက်ကြောင့် ဖြစ်ခဲ့ရလို့ပါ ၊ ဒုတိယတစ်ချက်ကတော့ သူကသေနတ်ခလုတ်မောင်းချိန်ဆွဲပြီး အပြစ်မဲ့တဲ့ပြည်သူတွေကို ပစ်သတ်ခဲ့တဲ့အတွက် သူက ပြစ်မှုကျူ းလွန်တဲ့ အပြစ်သားတစ်ယောက်ဖြစ်သွားခဲ့ပြီး စစ်သားတစ်ယောက် မဟုတ်တော့ပါဘူး ၊ ထိုင်းပြည်သူတွေကို ဒီလိုအဖြစ်မျိုးကျွန်တော် ထပ်မကြုံတွေ့စေချင်တော့ပါဘူး ၊ ဒါကြောင့် ကျေးဇူးပြုပြီး စစ်တပ် နဲ့ စစ်သားတွေကို ဒေါသနဲ့အပြစ်တင်ပြောဆိုမှုတွေ မလုပ်ကြပါနဲ့ ၊ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင်တော့ ၊ ကျွန်တော့်ကို အပြစ်တင်နိုင်ပါတယ် ၊ ဝေဖန်မှုတွေနဲ့ အကြံပြုချက်တွေ အားလုံးကို ကျွန်တော် လက်ခံပေးမှာပါ ၊ ကျွန်တော့်ကို အပြစ်တင်နိုင်ပါတယ် ဘာလို့ဆို ကျွန်တော် စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီး မို့လို့ပါပဲ ” ဆိုပြီး ဝမ်းနည်းမျက်ရည်ဖြင့် ပြောဆိုခဲ့ပါတယ် ။

မည်သို့ပင်ဖြစ်စေကာမူ အချို့သောလူများကတော့ ယခုလို တာဝန်ယူစိတ်အပြည့်ရှိတဲ့ လုပ်ရပ်မျိုးအတွက် လေးစားခဲ့ကြပေမဲ့ ၊ အချို့မှာတော့ ဝေဖန်မှုမျိုးရှိနေတုန်းပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment