အရက္အတူေသာက္ဖို႔ျငင္းပယ္ခဲ့လို႔ ကာရာအိုေကဆိုင္ကိုအလည္လာတဲ့အမ်ိဳးသမီးကို ေသတဲ့အထိ႐ိုက္ႏွက္ခဲ့ၾကတဲ့ အမ်ိဳးသားတစ္စု

ဒီအျဖစ္အပ်က္ကေတာ့ ထိုင္ဝမ္မွာ႐ွိတဲ့ Taipei ၿမိဳ႕မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ Xu အမည္႐ွိအမ်ိဳးသားဟာ သူ၏ဇနီးသည္ ႏွင့္ ခယ္မတို႔ႏွင့္အတူ July 28ရက္ေန႔မွာ ကာရာအိုေကဆိုင္သို႔အလည္သြားခဲ့ၾကပါတယ္ ။Xu ဟာ ကားပါကင္ထိုးရအံုးမွာျဖစ္တဲ့အတြက္ ဇနီးသည္ႏွင့္ ခယ္မတို႔ကို အခန္းငွါးရန္အတြက္ ဆိုင္အတြင္းသို႔အရင္ဝင္သြားခိုင္းခဲ့ပါတယ္ ။ေကာင္တာအနားသို႔ေရာက္သြားခ်ိန္မွာေတာ့ သူမတို႔ဟာ ေယာက်ၤားေလးတစ္စုနဲ႔ထိပ္တိုက္ေတြ႔ဆံုမိခဲ့ၿပီး အဆိုပါေယာက်ၤားေလးမ်ားက သူမတို႔ကိုစကားမ်ားေျပာဆိုကာ စေႏွာက္ခဲ့ေပမဲ့ သူမတို႔ကေတာ့ မသိခ်င္ေယာင္ေဆာင္ခဲ့ၾကပါတယ္ ။၎အမိ်ဳးသမီးတို႔အခန္းရ႐ွိၿပီးတို႔ သူမတို႔ဟာသန္႔စင္ခန္းသို႔သြားခဲ့တဲ့အခ်ိန္မွာေတာ့ အဆိုပါေယာက်ၤားေလးတစ္စုထဲက အမ်ိဳးသားတစ္ေယာက္နဲ႔တိုက္မိခဲ့ပါတယ္ ။အဆိုပါအမ်ိဳးသားမ်ားကလည္း အေတာ္ေလးမူးေနခဲ့ၾကၿပီး သူမတို႔ကိုလည္း အရက္အတူေသာက္ဖို႔ေခၚခဲ့ပါတယ္ ။ သူမတို႔ကလည္း မသိခ်င္ေယာင္ေဆာင္ၿပီး သူမတို႔ရဲ႕ကာရာအိုေကအခန္းသို႔သာျပန္လာခဲ့တဲ့အတြက္ အဆိုပါေယာက်ၤားေလးအုပ္စုက အလြန္အမင္းေဒါသထြက္ခဲ့ၾကၿပီး သူမတို႔ရဲ႕အခန္းကိုလိုက္သြားခဲ့ၾကပါတယ္ ။

၎တို႔ကို မသိေက်းကြၽန္ျပဳရလာဆိုၿပီးစိတ္ဆိုးေဒါသထြက္ေနတဲ့ေယာက်ၤားေလးအုပ္စုဟာ သူမတို႔ကိုစတင္ေအာ္ဟစ္လာခဲ့ၿပီး လက္ညိဳးထိုးကာ စတင္ရန္ျဖစ္လာခဲ့ၾကပါတယ္ ။ ရန္ပြဲဟာျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ၿပီး Xu ဟာသူ၏ဇနီးသည္ႏွင့္ ခယ္မကိုကာကြယ္ေပးခဲ့ပါတယ္ ။ ရန္ပြဲဟာ မိနစ္ 20ေလာက္ျဖစ္ပြားခဲ့ၿပီး Xu၏ဇနီးျဖစ္သူမွာ ေတာ္ေတာ္ေလး႐ိုက္ႏွက္ခံခဲ့ရၿပီး သတိလစ္သြားခဲ့ရပါတယ္ ။သူမကိုေဆးရံုသို႔ပို႔ေဆာင္ေပးခဲ့ေပမဲ့လည္း ဒဏ္ရာမ်ားဟာျပင္းထန္လြန္ခဲ့တဲ့အတြက္ သူမ၏ခင္ပြန္းႏွင့္ သမီးေလးႏွစ္ေယာက္ကိုထားသြားခဲ့ကာ ေသဆံုးသြားခဲ့ရပါတယ္ ။Xu ႏွင့္ ခယ္မျဖစ္သူတို႔ဟာ ၎ကာရာအိုေကဆိုင္ကဝန္ထမ္းမ်ားဟာ တစ္ေယာက္မ်ွမကူညီခဲ့ၾကတဲ့အတြက္ ေတာ္ေတာ္ေလးေဒါသထြက္ခဲ့ၾကပါတယ္ ။

ရဲအရာ႐ွိေတြေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ ရန္ပြဲဟာၿပီးဆံုးသြားခဲ့ၿပီး ၊Xu ၏ဇနီးသည္မွာလည္း ျပင္းျပင္းထန္ထန္ဒဏ္ရာရ႐ွိခဲ့ၿပီးပါၿပီ ။ Xu ဟာအဆိုပါကာရာအိုေကဝန္ထမ္းမ်ားကို ဥပေဒအရအေရးယူၿပီး တရားစြဲဆိုႏိုင္ရန္ျပင္ဆင္လ်က္႐ွိပါတယ္ ။အဆိုပါဝန္ထမ္းမ်ားကလည္း ရန္ပြဲမွာအလြန္ျပင္းထန္ၿပီး ဝင္ၿပီးကူညီေပးဖို႔အတြက္လည္းအေတာ္ေၾကာက္ရြံ႔ေနခဲ့တဲ့အတြက္ ရဲအရာ႐ွိမ်ားေရာက္႐ွိလာမည့္အခ်ိန္ကိုသာ ေစာင့္ဆိုင္းေနခဲ့ရေၾကာင္း ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။အဆိုပါအုပ္စုဝင္ ေယာက်ၤားေလး5ေယာက္ကို ဖမ္းဆီးႏိုင္ခဲ့ၿပီး လက္႐ွိမွာေတာ့ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အရက်အတူသောက်ဖို့ငြင်းပယ်ခဲ့လို့ ကာရာအိုကေဆိုင်ကိုအလည်လာတဲ့အမျိုးသမီးကို သေတဲ့အထိရိုက်နှက်ခဲ့ကြတဲ့ အမျိုးသားတစ်စု

ဒီအဖြစ်အပျက်ကတော့ ထိုင်ဝမ်မှာရှိတဲ့ Taipei မြို့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ Xu အမည်ရှိအမျိုးသားဟာ သူ၏ဇနီးသည် နှင့် ခယ်မတို့နှင့်အတူ July 28ရက်နေ့မှာ ကာရာအိုကေဆိုင်သို့အလည်သွားခဲ့ကြပါတယ် ။Xu ဟာ ကားပါကင်ထိုးရအုံးမှာဖြစ်တဲ့အတွက် ဇနီးသည်နှင့် ခယ်မတို့ကို အခန်းငှါးရန်အတွက် ဆိုင်အတွင်းသို့အရင်ဝင်သွားခိုင်းခဲ့ပါတယ် ။ကောင်တာအနားသို့ရောက်သွားချိန်မှာတော့ သူမတို့ဟာ ယောင်္ကျားလေးတစ်စုနဲ့ထိပ်တိုက်တွေ့ဆုံမိခဲ့ပြီး အဆိုပါယောင်္ကျားလေးများက သူမတို့ကိုစကားများပြောဆိုကာ စနှောက်ခဲ့ပေမဲ့ သူမတို့ကတော့ မသိချင်ယောင်ဆောင်ခဲ့ကြပါတယ် ။၎င်းအမျိုးသမီးတို့အခန်းရရှိပြီးတို့ သူမတို့ဟာသန့်စင်ခန်းသို့သွားခဲ့တဲ့အချိန်မှာတော့ အဆိုပါယောင်္ကျားလေးတစ်စုထဲက အမျိုးသားတစ်ယောက်နဲ့တိုက်မိခဲ့ပါတယ် ။အဆိုပါအမျိုးသားများကလည်း အတော်လေးမူးနေခဲ့ကြပြီး သူမတို့ကိုလည်း အရက်အတူသောက်ဖို့ခေါ်ခဲ့ပါတယ် ။ သူမတို့ကလည်း မသိချင်ယောင်ဆောင်ပြီး သူမတို့ရဲ့ကာရာအိုကေအခန်းသို့သာပြန်လာခဲ့တဲ့အတွက် အဆိုပါယောင်္ကျားလေးအုပ်စုက အလွန်အမင်းဒေါသထွက်ခဲ့ကြပြီး သူမတို့ရဲ့အခန်းကိုလိုက်သွားခဲ့ကြပါတယ် ။

၎င်းတို့ကို မသိကျေးကျွန်ပြုရလာဆိုပြီးစိတ်ဆိုးဒေါသထွက်နေတဲ့ယောင်္ကျားလေးအုပ်စုဟာ သူမတို့ကိုစတင်အော်ဟစ်လာခဲ့ပြီး လက်ညိုးထိုးကာ စတင်ရန်ဖြစ်လာခဲ့ကြပါတယ် ။ ရန်ပွဲဟာပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး Xu ဟာသူ၏ဇနီးသည်နှင့် ခယ်မကိုကာကွယ်ပေးခဲ့ပါတယ် ။ ရန်ပွဲဟာ မိနစ် 20လောက်ဖြစ်ပွားခဲ့ပြီး Xu၏ဇနီးဖြစ်သူမှာ တော်တော်လေးရိုက်နှက်ခံခဲ့ရပြီး သတိလစ်သွားခဲ့ရပါတယ် ။သူမကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ပေမဲ့လည်း ဒဏ်ရာများဟာပြင်းထန်လွန်ခဲ့တဲ့အတွက် သူမ၏ခင်ပွန်းနှင့် သမီးလေးနှစ်ယောက်ကိုထားသွားခဲ့ကာ သေဆုံးသွားခဲ့ရပါတယ် ။Xu နှင့် ခယ်မဖြစ်သူတို့ဟာ ၎င်းကာရာအိုကေဆိုင်ကဝန်ထမ်းများဟာ တစ်ယောက်မျှမကူညီခဲ့ကြတဲ့အတွက် တော်တော်လေးဒေါသထွက်ခဲ့ကြပါတယ် ။

ရဲအရာရှိတွေရောက်ရှိလာခဲ့ချိန်မှာတော့ ရန်ပွဲဟာပြီးဆုံးသွားခဲ့ပြီး ၊Xu ၏ဇနီးသည်မှာလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီးပါပြီ ။ Xu ဟာအဆိုပါကာရာအိုကေဝန်ထမ်းများကို ဥပဒေအရအရေးယူပြီး တရားစွဲဆိုနိုင်ရန်ပြင်ဆင်လျက်ရှိပါတယ် ။အဆိုပါဝန်ထမ်းများကလည်း ရန်ပွဲမှာအလွန်ပြင်းထန်ပြီး ဝင်ပြီးကူညီပေးဖို့အတွက်လည်းအတော်ကြောက်ရွံ့နေခဲ့တဲ့အတွက် ရဲအရာရှိများရောက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ရကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။အဆိုပါအုပ်စုဝင် ယောင်္ကျားလေး5ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "အရက္အတူေသာက္ဖို႔ျငင္းပယ္ခဲ့လို႔ ကာရာအိုေကဆိုင္ကိုအလည္လာတဲ့အမ်ိဳးသမီးကို ေသတဲ့အထိ႐ိုက္ႏွက္ခဲ့ၾကတဲ့ အမ်ိဳးသားတစ္စု"

Leave a comment

Your email address will not be published.


*