စည္းမဲ့ကမ္းမဲ့ေမာင္းနွင္ခဲ့တဲ့ ကားတစ္စီးေၾကာင့္ ကေလးငယ္ကားေပၚကေန အရွိန္ျပင္းစြာျပဳတ္က်သြားခဲ့ရတဲ့အျဖစ္ (႐ုပ္သံ)

Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးကိုနာမည္ႀကီးေနတဲ့ video တစ္ခုမွာဆိုရင္ မေလး႐ွားႏိုင္ငံက အျမန္လမ္းမႀကီးတစ္ခုမွာ အ႐ွိန္ျပင္းစြာ စည္းမဲ့ကမ္းမဲ့ျဖတ္ေမာင္းတဲ့ ကားတစ္စီးရဲ႕လုပ္ရပ္ေၾကာင့္ ကေလးငယ္တစ္ေယာက္ ကားေပၚကေန လြင့္စင္ျပဳတ္က်သြားခဲ့တဲ့အထိ ျဖစ္ပ်က္ခဲ့ပါတယ္ ။ Video ထဲမွာေတာ့ အ႐ွိန္ျပင္းစြာ အျခားကားေတြကို ေက်ာ္တက္ၿပီးေမာင္းႏွင္ေနခဲ့တဲ့ Myvi အမ်ိဳးအစား ကားတစ္စီးေၾကာင့္ မၾကာခင္မွာပဲ လမ္းမႀကီးေပၚသို႔ ကေလးငယ္တစ္ေယာက္ဟာ အ႐ွိန္ျပင္းစြာျပဳတ္က်သြားခဲ့ၿပီး မ်က္ႏွာမွာေျမျပင္ေပၚေမွာက္က်ေနၿပီး လံုးဝမထႏိုင္ေတာ့ေအာင္ ျဖစ္သြားခဲ့တာကို ေတြ႔႐ွိရမွာပါ ။

ကံေကာင္းစြာနဲ႔ပဲ ကုန္တင္ကားတစ္စီးဟာ ကေလးငယ္ရဲ႕အေ႐ွ႕ဖက္တည့္တည့္ ကားပိတ္ရပ္ပစ္ၿပီး ၊ ကားဆရာမွာ ကားေပၚကေန အျမန္ေျပးဆင္းကာ ကေလးငယ္ကို ေပြ႔ခ်ီခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွ ကေလးငယ္ရဲ႕ဖခင္ျဖစ္သူဟာ ထိတ္လန္႔တၾကား ကေလးဆီသို႔ အျမန္ေျပးေရာက္လာၿပီး သားငယ္ေလးကိုေပြ႔ခ်ီသြားခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ ကေလးငယ္ရဲ႕ဦးေလးေတာ္စပ္သူက ကားကိုေမာင္းေနစဥ္ အ႐ွိန္ျပင္းစြာ ကားကိုတစ္စီးၿပီးတစ္စီးေကြ႔ဝိုက္ေက်ာ္ကာ ေမာင္းႏွင္လာခဲ့တဲ့ ကားတစ္စီးေၾကာင့္ ႐ုတ္တရက္ဘရိတ္ႏွင္းရင္းနဲ႔ ကေလးငယ္က ကားေပၚကေနျပဳတ္က်လြင့္စင္သြားခဲ့ရတာျဖစ္ပါတယ္ ။

လက္႐ွိမွာေတာ့ တာဝန္႐ွိသူမ်ားက အဆိုပါျပစ္မႈကို ဆက္လက္စစ္ေဆးေနၿပီး ၊ ကေလးငယ္ရဲ႕ ဖခင္မွာလည္း အဆိုပါကား၏ နံပတ္ကိုမွတ္မိေနေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။ ကေလးငယ္မွာ ႀကီးမားလြန္းတဲ့ဒဏ္ရာ ရ႐ွိတာမ်ိဳးမ႐ွိေပမဲ့လည္း ဒူးေခါင္းနဲ႔ မ်က္ႏွာတို႔တြင္ ပြန္းပဲ့ဒဏ္ရာမ်ားရ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Facebook စာမျက်နှာပေါ်မှာ အတော်လေးကိုနာမည်ကြီးနေတဲ့ video တစ်ခုမှာဆိုရင် မလေးရှားနိုင်ငံက အမြန်လမ်းမကြီးတစ်ခုမှာ အရှိန်ပြင်းစွာ စည်းမဲ့ကမ်းမဲ့ဖြတ်မောင်းတဲ့ ကားတစ်စီးရဲ့လုပ်ရပ်ကြောင့် ကလေးငယ်တစ်ယောက် ကားပေါ်ကနေ လွင့်စင်ပြုတ်ကျသွားခဲ့တဲ့အထိ ဖြစ်ပျက်ခဲ့ပါတယ် ။ Video ထဲမှာတော့ အရှိန်ပြင်းစွာ အခြားကားတွေကို ကျော်တက်ပြီးမောင်းနှင်နေခဲ့တဲ့ Myvi အမျိုးအစား ကားတစ်စီးကြောင့် မကြာခင်မှာပဲ လမ်းမကြီးပေါ်သို့ ကလေးငယ်တစ်ယောက်ဟာ အရှိန်ပြင်းစွာပြုတ်ကျသွားခဲ့ပြီး မျက်နှာမှာမြေပြင်ပေါ်မှောက်ကျနေပြီး လုံးဝမထနိုင်တော့အောင် ဖြစ်သွားခဲ့တာကို တွေ့ရှိရမှာပါ ။

ကံကောင်းစွာနဲ့ပဲ ကုန်တင်ကားတစ်စီးဟာ ကလေးငယ်ရဲ့အရှေ့ဖက်တည့်တည့် ကားပိတ်ရပ်ပစ်ပြီး ၊ ကားဆရာမှာ ကားပေါ်ကနေ အမြန်ပြေးဆင်းကာ ကလေးငယ်ကို ပွေ့ချီခဲ့ပါတော့တယ် ။ ထိုအချိန်မှ ကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာ ထိတ်လန့်တကြား ကလေးဆီသို့ အမြန်ပြေးရောက်လာပြီး သားငယ်လေးကိုပွေ့ချီသွားခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ ကလေးငယ်ရဲ့ဦးလေးတော်စပ်သူက ကားကိုမောင်းနေစဉ် အရှိန်ပြင်းစွာ ကားကိုတစ်စီးပြီးတစ်စီးကွေ့ဝိုက်ကျော်ကာ မောင်းနှင်လာခဲ့တဲ့ ကားတစ်စီးကြောင့် ရုတ်တရက်ဘရိတ်နှင်းရင်းနဲ့ ကလေးငယ်က ကားပေါ်ကနေပြုတ်ကျလွင့်စင်သွားခဲ့ရတာဖြစ်ပါတယ် ။

လက်ရှိမှာတော့ တာဝန်ရှိသူများက အဆိုပါပြစ်မှုကို ဆက်လက်စစ်ဆေးနေပြီး ၊ ကလေးငယ်ရဲ့ ဖခင်မှာလည်း အဆိုပါကား၏ နံပတ်ကိုမှတ်မိနေကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ကလေးငယ်မှာ ကြီးမားလွန်းတဲ့ဒဏ်ရာ ရရှိတာမျိုးမရှိပေမဲ့လည်း ဒူးခေါင်းနဲ့ မျက်နှာတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment