ဓာတ္ဆီအလွည့္ေက်ာ္ၿပီးလုထည့္လို႔ဆိုၿပီး သူငယ္ခ်င္းျဖစ္သူကို အေသသတ္ပစ္ခဲ့တဲ့ အသက္61ႏွစ္အရြယ္ တကၠစီသမား

အားလံုးတန္းစီၿပီး ေစာင့္ေနရတဲ့အခ်ိန္ေတြမွာဆိုရင္ အလွည့္ေက်ာ္ေလ့႐ွိတဲ့သူေတြကိုမုန္းတယ္ဆိုေပမဲ့လည္း သတ္ပစ္ေလာက္တဲ့အထိ ႐ိုက္ႏွက္တာမ်ိဳးကေတာ့ လြန္တယ္လို႔ေျပာရမွာပါပဲ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Kuala Lumpur ၿမိဳ႕က အသက္ 61 ႏွစ္အရြယ္ တကၠစီယာဥ္ေမာင္း အမ်ိဳးသားတစ္ဦးဟာ ဓာတ္ဆီဆိုင္မွာ တန္းစီေစာင့္ေနတုန္း သူ႔ရဲ႕ေနရာကိုလုယူသြားတဲ့ အျခားတကၠစီသမားတစ္ဦးကို ေသတဲ့အထိ ႐ိုက္ႏွက္ပစ္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ မ်က္ျမင္သက္ေသေတြျဖစ္ၾကတဲ့ ဓာတ္ဆီဆိုင္က ဝန္ထမ္းေတြရဲ႕ေျပာျပခ်က္အရ လူသတ္မႈျဖစ္ၿပီးတာနဲ႔ ခ်က္ခ်င္းတာဝန္႐ွိသူေတြထံ တိုင္ၾကားခဲ့ၾကၿပီး ၊ အဆိုပါ တကၠစီယာဥ္ေမာင္းမွာ အက်ႌေပၚတြင္ ေသြးမ်ားစြာ ႏွင့္ အျခာတကၠစီအမ်ိဳးသားမွာေတာ့ အသက္မဲ့ေနတဲ့ ခႏၶာကိုယ္ႏွင့္ ေျမျပင္ေပၚလဲက်ေနတဲ့ ဓာတ္ပံုမ်ားစြာကို online ေပၚမွာ ေဝမ်ွထားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

ျဖစ္စဥ္ကေတာ့ တကၠစီယာဥ္ေမာင္း 2ဦးလံုးဟာ အခ်င္းခ်င္းေအာ္ဟစ္ေျပာဆိုေနၾကရင္း က်န္တစ္ေယာက္က ဓာတ္ဆီထည့္ဖို႔ အလွည့္ေက်ာ္ခဲ့တာျဖစ္ပါတယ္ ။ အဆိုပါဓာတ္ဆီဆိုင္ကလည္း တကၠစီကားေတြအတြက္သာ အသံုးျပဳတဲ့ NGV ေလာင္စာဆီေတြကို အကန္႔အသတ္နဲ႔ ေရာင္းခ်ေပးေနတာျဖစ္တဲ့အတြက္ ယာဥ္ေမာင္းႏွစ္ေယာက္လံုး ေနရာလုမႈေၾကာင့္ ရန္ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္ ။

မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္အရ အသက္ 65 ႏွစ္အရြယ္ တကၠစီသမားတစ္ဦးဟာ ေခါင္းတြင္ျပင္းထန္တဲ့ ဒဏ္ရာအမ်ားအျပား ရ႐ွိခဲ့ၿပီး ေျမျပင္ေပၚလဲက်ေနခဲ့ကာ ၊ တာဝန္႐ွိသူမ်ားႏွင့္ ေဆးအကူမ်ားေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ အသက္ေသဆံုးသြားခဲ့ၿပီ ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ အဆိုပါတကၠစီသမားႏွစ္ဦးလံုးဟာ တစ္ေယာက္ကိုတစ္ေယာက္ သိေနၾကတဲ့သူေတြျဖစ္ၿပီး ယခုလို ႐ုတ္တရက္အခ်င္းခ်င္း႐ိုက္ႏွက္သတ္ပုတ္ခဲ့ၾကတဲ့အျဖစ္ေၾကာင့္ အေတာ္ေလးအံ့ၾသမိေၾကာင္းကိုလည္း မ်က္ျမင္သက္ေသမ်ားက ေျပာျပခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အားလုံးတန်းစီပြီး စောင့်နေရတဲ့အချိန်တွေမှာဆိုရင် အလှည့်ကျော်လေ့ရှိတဲ့သူတွေကိုမုန်းတယ်ဆိုပေမဲ့လည်း သတ်ပစ်လောက်တဲ့အထိ ရိုက်နှက်တာမျိုးကတော့ လွန်တယ်လို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့က အသက် 61 နှစ်အရွယ် တက္ကစီယာဉ်မောင်း အမျိုးသားတစ်ဦးဟာ ဓာတ်ဆီဆိုင်မှာ တန်းစီစောင့်နေတုန်း သူ့ရဲ့နေရာကိုလုယူသွားတဲ့ အခြားတက္ကစီသမားတစ်ဦးကို သေတဲ့အထိ ရိုက်နှက်ပစ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ မျက်မြင်သက်သေတွေဖြစ်ကြတဲ့ ဓာတ်ဆီဆိုင်က ဝန်ထမ်းတွေရဲ့ပြောပြချက်အရ လူသတ်မှုဖြစ်ပြီးတာနဲ့ ချက်ချင်းတာဝန်ရှိသူတွေထံ တိုင်ကြားခဲ့ကြပြီး ၊ အဆိုပါ တက္ကစီယာဉ်မောင်းမှာ အင်္ကျီပေါ်တွင် သွေးများစွာ နှင့် အခြာတက္ကစီအမျိုးသားမှာတော့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်နှင့် မြေပြင်ပေါ်လဲကျနေတဲ့ ဓာတ်ပုံများစွာကို online ပေါ်မှာ ဝေမျှထားခဲ့ကြောင်း သိရှိရပါတယ် ။

ဖြစ်စဉ်ကတော့ တက္ကစီယာဉ်မောင်း 2ဦးလုံးဟာ အချင်းချင်းအော်ဟစ်ပြောဆိုနေကြရင်း ကျန်တစ်ယောက်က ဓာတ်ဆီထည့်ဖို့ အလှည့်ကျော်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါဓာတ်ဆီဆိုင်ကလည်း တက္ကစီကားတွေအတွက်သာ အသုံးပြုတဲ့ NGV လောင်စာဆီတွေကို အကန့်အသတ်နဲ့ ရောင်းချပေးနေတာဖြစ်တဲ့အတွက် ယာဉ်မောင်းနှစ်ယောက်လုံး နေရာလုမှုကြောင့် ရန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ် ။

မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ အသက် 65 နှစ်အရွယ် တက္ကစီသမားတစ်ဦးဟာ ခေါင်းတွင်ပြင်းထန်တဲ့ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး မြေပြင်ပေါ်လဲကျနေခဲ့ကာ ၊ တာဝန်ရှိသူများနှင့် ဆေးအကူများရောက်ရှိလာခဲ့ချိန်မှာတော့ အသက်သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် အဆိုပါတက္ကစီသမားနှစ်ဦးလုံးဟာ တစ်ယောက်ကိုတစ်ယောက် သိနေကြတဲ့သူတွေဖြစ်ပြီး ယခုလို ရုတ်တရက်အချင်းချင်းရိုက်နှက်သတ်ပုတ်ခဲ့ကြတဲ့အဖြစ်ကြောင့် အတော်လေးအံ့သြမိကြောင်းကိုလည်း မျက်မြင်သက်သေများက ပြောပြခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment