ဓာတ္ေလွကားထဲ႐ွိ ခလုတ္ေတြေပၚ တံေတြးေထြးၿပီး လူအမ်ားေရာဂါပိုးကူးစက္ေအာင္ ယုတ္မာခဲ့တဲ့အမ်ိဳးသမီး (႐ုပ္သံ)

တစ္ရက္ၿပီး တစ္ရက္ ဝူဟန္ဗိုင္းရပ္စ္ပိုးကူးစက္ခံရမႈ တိုးပြားလာလ်က္႐ွိတာကေတာ့ ၊ ေရာဂါပိုးကူးစက္ခံရသူေတြ သြားခဲ့တဲ့ ထိေတြ႔ခဲ့တဲ့အရာေတြကေန ကူးစက္ခံရတာလို႔ေျပာရမွာပါပဲ ။ ယခုလို ကူးစက္မႈေတြေၾကာင့္ လူအမ်ားကေၾကာက္ရြံ႔ေနၾကတာကေတာ့ တခ်ိဳ႕ေသာေကာက္က်စ္ယုတ္မာသူေတြရဲ႕ လုပ္ရပ္ေၾကာင့္မလို႔ပါပဲ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာ ဓာတ္ေလွကားစီးေနစဥ္ ခလုတ္ေတြေပၚအႀကိမ္ႀကိမ္တံေတြးေထြးခဲ့တဲ့အျပင္ ၊ ဓာတ္ေလွကား ရဲ႕ေနရာအႏွံ႔ေပၚ တံေတြးလိုက္ေထြးေနခဲ့တာကို CCTV မွ မွတ္တမ္း ရယူႏိုင္ခဲ့ပါတယ္ ။

Video ထဲမွာေတာ့ သူမဟာ ဓာတ္ေလွကားအတြင္းသို႔ ဝင္ေရာက္လာခဲ့ၿပီးေနာက္ တစ္႐ွဴ းကိုလွမ္းယူခဲ့ၿပီး ခလုတ္ေတြေပၚ သုတ္ၿပီးခါမွ ခလုတ္ႏွိပ္ခဲ့တာျဖစ္ပါတယ္ ။ သူမအတြက္ လံုျခံဳၿပီဆိုတာနဲ႔ပဲ စက္ခလုတ္ေတြေပၚ အႀကိမ္ႀကိမ္တံေတြးေထြးပစ္ခဲ့ပါေတာ့တယ္ ။ မၾကာခင္မွာပဲ အျခားေသာသူမ်ားက ဓာတ္ေလွကားထဲ ဝင္ေရာက္လာခဲ့ၾကၿပီး လက္ဗလာႏွင့္ အဆိုပါစက္ခလုတ္ေတြကို ႏွိပ္ခဲ့ပါေတာ့တယ္ ။ သူမကေတာ့ စက္ေလွကားရဲ႕ေထာင့္ဖက္မွာေနၿပီး အျခားသူေတြရဲ႕အေျခအေနကို လွမ္းၾကည့္ေနခဲ့ပါတယ္ ။ မၾကာခင္မွာပဲ အျခားေသာသူေတြက ဓာတ္ေလွကားေပၚကေန ထြက္ခြာသြားၾကၿပီး သူမတစ္ေယာက္တည္းက်န္႐ွိေနတဲ့အခ်ိန္မွာေတာ့ အျခားေသာေနရာအႏွံ႔ကိုပါ တံေတြးလိုက္ေထြးခဲ့ပါေတာ့တယ္ ။

သူမရဲ႕ေကာက္က်စ္ယုတ္မာၿပီး တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့ လုပ္ရပ္ေတြေၾကာင့္ အဆိုပါေန႔မွာပဲ သူမကို တာဝန္႐ွိသူမ်ားက လာေရာက္ဖမ္းဆီးေခၚေဆာင္သြားခဲ့ၾကတာကို အျခား video တစ္ခုမွာ ေတြ႔႐ွိရမွာပါ ။ သူမဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူလား ဆိုတာကေတာ့ မသိ႐ွိရေသးဘဲ ၊ ဆက္လက္ၿပီးစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ရက်ပြီး တစ်ရက် ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု တိုးပွားလာလျက်ရှိတာကတော့ ၊ ရောဂါပိုးကူးစက်ခံရသူတွေ သွားခဲ့တဲ့ ထိတွေ့ခဲ့တဲ့အရာတွေကနေ ကူးစက်ခံရတာလို့ပြောရမှာပါပဲ ။ ယခုလို ကူးစက်မှုတွေကြောင့် လူအများကကြောက်ရွံ့နေကြတာကတော့ တချို့သောကောက်ကျစ်ယုတ်မာသူတွေရဲ့ လုပ်ရပ်ကြောင့်မလို့ပါပဲ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ဓာတ်လှေကားစီးနေစဉ် ခလုတ်တွေပေါ်အကြိမ်ကြိမ်တံတွေးထွေးခဲ့တဲ့အပြင် ၊ ဓာတ်လှေကား ရဲ့နေရာအနှံ့ပေါ် တံတွေးလိုက်ထွေးနေခဲ့တာကို CCTV မှ မှတ်တမ်း ရယူနိုင်ခဲ့ပါတယ် ။

Video ထဲမှာတော့ သူမဟာ ဓာတ်လှေကားအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် တစ်ရှူ းကိုလှမ်းယူခဲ့ပြီး ခလုတ်တွေပေါ် သုတ်ပြီးခါမှ ခလုတ်နှိပ်ခဲ့တာဖြစ်ပါတယ် ။ သူမအတွက် လုံခြုံပြီဆိုတာနဲ့ပဲ စက်ခလုတ်တွေပေါ် အကြိမ်ကြိမ်တံတွေးထွေးပစ်ခဲ့ပါတော့တယ် ။ မကြာခင်မှာပဲ အခြားသောသူများက ဓာတ်လှေကားထဲ ဝင်ရောက်လာခဲ့ကြပြီး လက်ဗလာနှင့် အဆိုပါစက်ခလုတ်တွေကို နှိပ်ခဲ့ပါတော့တယ် ။ သူမကတော့ စက်လှေကားရဲ့ထောင့်ဖက်မှာနေပြီး အခြားသူတွေရဲ့အခြေအနေကို လှမ်းကြည့်နေခဲ့ပါတယ် ။ မကြာခင်မှာပဲ အခြားသောသူတွေက ဓာတ်လှေကားပေါ်ကနေ ထွက်ခွာသွားကြပြီး သူမတစ်ယောက်တည်းကျန်ရှိနေတဲ့အချိန်မှာတော့ အခြားသောနေရာအနှံ့ကိုပါ တံတွေးလိုက်ထွေးခဲ့ပါတော့တယ် ။

သူမရဲ့ကောက်ကျစ်ယုတ်မာပြီး တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ လုပ်ရပ်တွေကြောင့် အဆိုပါနေ့မှာပဲ သူမကို တာဝန်ရှိသူများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာကို အခြား video တစ်ခုမှာ တွေ့ရှိရမှာပါ ။ သူမဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူလား ဆိုတာကတော့ မသိရှိရသေးဘဲ ၊ ဆက်လက်ပြီးစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment