BTS အဖြဲ႔ရဲ႕ MV နဲ႔ Goblin ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီး Goo Soo Jung ကြယ္လြန္

ကိုးရီးယားမင္းသမီးေလး Goo Soo Jung ဟာ 2016 ခုႏွစ္မွာ ႐ိုက္ကူးခဲ့တဲ့ Goblin ဇာတ္လမ္းတြဲနဲ႔ ပြဲဦးထြက္ခဲ့တာျဖစ္တဲ့အျပင္ ၊ အဆိုပါဇာတ္ကားနဲ႔ ကိုးရီးယားပရိသတ္ေတြ ရ႐ွိထားတဲ့သူေလးပဲျဖစ္ပါတယ္ ။ ထို႔အျပင္ သူမဟာ BTS အဖြဲ႔ရဲ႕ With Seoul အမည္႐ွိတဲ့ music video တြင္လည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ သူျဖစ္ပါတယ္ ။ သူမရဲ႕ ေအဂ်င္စီျဖစ္တဲ့ Story J Company က ယေန႔ February 12 ရက္ေန႔မွ သူမရဲ႕ေသဆံုးမႈကို ေၾကညာေပးခဲ့တာျဖစ္ပါတယ္ ။

သတင္းအရ သူမဟာ Feb 7 ရက္ေန႔က ကြယ္လြန္ခဲ့တာျဖစ္ၿပီး ၊ သူမရဲ႕ အသုဘကိုေတာ့ ေဆြမ်ိဳး မိတ္ေဆြေတြနဲ႔ Feb 9 ရက္ေန႔က သီးသန္႔က်င္းပခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ သူမရဲ႕ေအဂ်င္စီကလည္း ” ကြၽန္ေတာ္တို႔အျမဲတမ္း Goo Soo Jung ကိုအမွတ္ရေနမွာပါ သူမက ကမာၻေပၚမွာ အေတာက္ပဆံုးအျပံဳးပိုင္႐ွင္ေလးတစ္ေယာက္ပါ ၊ ၿငိမ္းခ်မ္းစြာ အနားယူပါ ” ဆိုၿပီး ေရးသားခဲ့ပါတယ္ ။

သူမဟာ April 24, 1995 ခုႏွစ္မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ၊ အသက္ 24 ႏွစ္အရြယ္သာ ႐ွိေသးတဲ့ တက္သစ္စ မင္းသမီးတစ္လက္ပါ ။ သူမဟာ နာတာ႐ွည္ဖ်ားနာမႈေၾကာင့္ ေသဆံုးသြားခဲ့ရတာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ လက္႐ွိမွာေတာ့ သူမရဲ႕ပရိတ္သတ္မ်ားကလည္း social media ေပၚမွာ မဟုတ္မမွန္တဲ့ ေဝဖန္ေျပာဆိုမႈေတြမျပဳလုပ္ၾကဖို႔ ေတာင္ဆိုေနၾကတာကိုလည္း ေတြ႔႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: The Straits Times

Unicode

ကိုးရီးယားမင်းသမီးလေး Goo Soo Jung ဟာ 2016 ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Goblin ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်တဲ့အပြင် ၊ အဆိုပါဇာတ်ကားနဲ့ ကိုးရီးယားပရိသတ်တွေ ရရှိထားတဲ့သူလေးပဲဖြစ်ပါတယ် ။ ထို့အပြင် သူမဟာ BTS အဖွဲ့ရဲ့ With Seoul အမည်ရှိတဲ့ music video တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူဖြစ်ပါတယ် ။ သူမရဲ့ အေဂျင်စီဖြစ်တဲ့ Story J Company က ယနေ့ February 12 ရက်နေ့မှ သူမရဲ့သေဆုံးမှုကို ကြေညာပေးခဲ့တာဖြစ်ပါတယ် ။

သတင်းအရ သူမဟာ Feb 7 ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ၊ သူမရဲ့ အသုဘကိုတော့ ဆွေမျိုး မိတ်ဆွေတွေနဲ့ Feb 9 ရက်နေ့က သီးသန့်ကျင်းပခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ သူမရဲ့အေဂျင်စီကလည်း ” ကျွန်တော်တို့အမြဲတမ်း Goo Soo Jung ကိုအမှတ်ရနေမှာပါ သူမက ကမ္ဘာပေါ်မှာ အတောက်ပဆုံးအပြုံးပိုင်ရှင်လေးတစ်ယောက်ပါ ၊ ငြိမ်းချမ်းစွာ အနားယူပါ ” ဆိုပြီး ရေးသားခဲ့ပါတယ် ။

သူမဟာ April 24, 1995 ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၊ အသက် 24 နှစ်အရွယ်သာ ရှိသေးတဲ့ တက်သစ်စ မင်းသမီးတစ်လက်ပါ ။ သူမဟာ နာတာရှည်ဖျားနာမှုကြောင့် သေဆုံးသွားခဲ့ရတာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ လက်ရှိမှာတော့ သူမရဲ့ပရိတ်သတ်များကလည်း social media ပေါ်မှာ မဟုတ်မမှန်တဲ့ ဝေဖန်ပြောဆိုမှုတွေမပြုလုပ်ကြဖို့ တောင်ဆိုနေကြတာကိုလည်း တွေ့ရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment