လက်ချောင်းတွေကိုကာကွယ်ဖို့ ကွန်ဒုံးကိုသုံးပြီး ဓာတ်လှေကားခလုတ်နှိပ်နေကြလို့ စင်ကာပူမှာ ကွန်ဒုံးရောင်းအားကောင်းနေတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စင်ကာပူနိုင်ငံဟာ ပြီးခဲ့တဲ့ Feb 7 ရက်နေ့ကနေစပြီး ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိနေပြီဖြစ်တဲ့အတွက် ပြည်သူတွေအတော်များများကို ပိုပြီးစိုးရိမ်ပူပန်စေလျက်ရှိပါတယ် ။ ထို့ကြောင့် masks ၊ လက်ဆေးရည် ၊ တစ်ရှူ းနဲ့ ကြာရှည်ခံအစားအစာ တွေဟာ အတော်လေးရောင်းအားကောင်းနေတယ်ဆိုပေမဲ့လည်း ကွန်ဒုံးဟာလည်း အတော်လေးကို ရောင်းအားကောင်းတဲ့ပစ္စည်းတွေထဲ ပါဝင်နေခဲ့ပါတယ် ။ ထို့အပြင် စင်ကာပူနိုင်ငံသားတွေ ဝေမျှထားတဲ့ Twitter တွေ Reddit တွေပေါ်မှာကြည့်မယ်ဆိုရင်လည်း လူအတော်များများဟာ သူတို့ရဲ့လက်ချောင်လေးတွေ ဓာတ်လှေကားခလုတ်နှိပ်ရာတွင် အကာအကွယ်အနေနဲ့ ကွန်ဒုံးတွေကိုစွပ်ပြီး နှိပ်နေကြတာကို တွေ့ရှိရမှာပါ ။

ဓာတ်လှေကားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံနှံ့မှု အလွယ်ကူဆုံးနေရာဖြစ်တဲ့အတွက် လူအများက ယခုလိုပြုမှုနေခဲ့ကြတာဖြစ်ပါတယ် ။ သို့ပေမဲ့လည်း အမှန်တကယ်မှာတော့ အဆိုပါနည်းလမ်းဟာ ရောဂါကာကွယ်ဖို့ မထိရောက်ပါဘူး ။

ကိုယ့်ကို ကိုရိုနာဗိုင်းရပ်စ်ကနေ ကာကွယ်ဖို့အထိရောက်ဆုံးနည်းလမ်းကတော့ ဆပ်ပြာနဲ့အမြဲလက်ကိုဆေးကြောခြင်း ၊ ကိုယ့်ရဲ့လက်နဲ့ မျက်နှာကို ထိတွေ့တာတွေ မပြုလုပ်ဖို့ နဲ့ လူများတဲ့နေရာကိုသွားရင် အမြဲ mark တပ်သွားဖို့ပဲ ဖြစ်ပါတယ် ။ ထို့အပြင် ချောင်းဆိုး နှာချေပါက တစ်ရှူ းတွေကို အသုံးပြုသင့်ပြီး အဖျားရှိမယ် ၊ ချောင်းဆိုးနှာချေမယ် ၊ အသက်ရှူ ရခက်သလို ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ကိုသာအမြန်ဆုံးသွားရောက်ပြသင့်တဲ့ နည်းလမ်းတွေကသာ အထိရောက်ဆုံးဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment