ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လူနာတွေကို နေအိမ်မှာပိတ်လှောင်ပြီး အစာအငတ်ခံပြီးသေဆုံးစေခဲ့တဲ့ လူတွေရဲ့လုပ်ရပ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကမှ Twitter မှာဝေမျှထားခဲ့တဲ့ video တွေမှာဆိုရင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လူနာတွေကို နေအိမ်ထဲမှာအစာအငတ်ခံပြီး သေဆုံးစေတဲ့အထိ ပိတ်လှောင်ထားခဲ့ကြတာကို ဝမ်းနည်ကြေကွဲဖွယ်တွေ့မြင်ရမှာပါ ။ လူနာတွေဟာ အစားအသောက်ငတ်မွတ်ခြင်းခံခဲ့ရတဲ့အပြင် ဆေးဝါးကုသမှုကိုပါ မခံယုခဲ့ရပဲ နေအိမ်အတွင်း၌သာ ပိတ်လှောင်ခံထားရပြီး သေဆုံးခဲ့ရတာပါ ။ Social media မှာဝေမျှထားခဲ့တဲ့ video တစ်ခုမှာဆိုရင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာရဲ့နေအိမ်တံခါးကို သံတွေနဲ့ဂဟေစော်ပြီး ထွက်လာလို့မရအောင် ပိတ်လှောင်ထားခဲ့တာကို တွေ့ရှိရမှာပါ ။

နောက်ထပ် video တစ်ခုမှာဆိုရင် တရုတ်အာဏာပိုင်အဖွဲ့တွေကိုယ်တိုင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့အမျိုးသမီးကို နေအိမ်ထဲမှာ ပိတ်လှောင်ထားခဲ့ကြပါတယ် ။ သူမက အော်ဟစ်ငိုကြွေးပြီးအကူအညီတောင်းခဲ့ပေမဲ့လည်း မည်သူကမှဂရုမစိုက်ခဲ့တဲ့အပြင် သူမရဲ့တံခါးပေါက်ကို သံချောင်းတွေနဲ့ထောက်ပြီး ပိတ်လှောင်ထားခဲ့ကြပါတယ် ။ ထို့အပြင် နေအိမ်တံခါးဝနားကိုလည်း ” ဒီမိသားစုက ဝူဟန်မြို့ကနေပြန်လာတာ ၊ ဝေးဝေးနေပါ ၊ အဆက်အသွယ် မလုပ်ပါနဲ့ ” ဆိုပြီး သတိပေးစာများကိုလည်း ကပ်ထားခဲ့ပါသေးတယ် ။

နောက်ထပ် ဝမ်းနည်းကြေကွဲဖွယ်ကောင်းလွန်းတဲ့ video တစ်ခုမှာဆိုရင် အမျိုးသမီးတစ်ယောက်ဟာ သူမနေထိုင်တဲ့တိုက်ခန်းရဲ့ ဝရံတာကနေ ” ကူညီကြပါအုံး ၊ ကျွန်မ ယောင်္ကျား သေသွားပြီ ၊ လူတစ်ယောက်လောက် လာပါအုံး ၊ ကျွန်မ ဘယ်လိုလုပ်ရမလဲ မသိလို့ပါ ၊ ကျွန်မ ကြံရာမရဖြစ်နေပြီ ၊ ရှင်တို့ကိုမနှောင့်ယှက်ချင်ပါဘူး ဒါပေမဲ့ ကျွန်မကို ကူညီပေးကြပါ ” ဆိုပြီး အော်ဟစ်အကူအညီတောင်းခံနေခဲ့ပါတယ် ။ ဗိုင်းရပ်စ်ကူးစက်ခံရမှာကြောက်လို့ လုပ်ဆောင်ကြတာဆိုပေမဲ့လည်း တစ်ပါးသူကိုအစာအငတ်ခံပြီသေတဲ့အထိ အပြစ်မဲ့စွာ ပိတ်လှောင်ထားတဲ့ လုပ်ရပ်ကတော့ အတော်လေးဆိုးဝါးလွန်းတယ်လို့ပြောရမှာပါပဲလေ ။

Jasmine (Mckzone Daily)

  • Leave a Comment