ကုန်တိုက်ကရောဂါပိုးသတ်ဆေးဗူး လုယက်ကြရင် ဓားထိုးမှုအထိပါ ကျူးလွန်ခဲ့တဲ့ 17 နှစ်အရွယ်မိန်းကလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံက ကုန်တိုက်ကြီးတွေမှာ အစားအသောက်ကုန်တွေ ၊ mark တွေမလုံလောက်နိုင်လောက်အောင်ကို အရောင်းသွက်နေပါတယ် ။ အချို့တွေဆိုရင် အသက်နဲ့ရင်းပြီး အဆိုပါပစ္စည်းတွေအတွက် လုယူနေရလောက်တဲ့အထိပါပဲ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက supermarket တစ်ခုမှာ နောက်ဆုံးကျန်ရှိနေတဲ့ ရောဂါပိုးသတ်ဆေးဗူးကို လုယူကြရင်းနဲ့ မြင်မကောင်းလောက်အောင် ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ် ။ အဲဒါကတော့ အသက် 17 နှစ်အရွယ် မိန်းကလေးဟာ အဆိုပါရောဂါပိုးသတ်ဆေးဗူးလုယူရင်း လူနှစ်ယောက်ကို ဓားနဲ့ထိုးခဲ့တာပဲဖြစ်ပါတယ် ။

ရောဂါပိုးသတ်ဆေးဗူးလေး တစ်ဗူးအတွက်နဲ့သူမ ဓားနဲ့ထိုးခဲ့တဲ့လူတွေဟာလည်း အသက် 71 နှစ်အရွယ် အဘိုးအို နဲ့ အသက်9နှစ်အရွယ် ကလေးမလေးတစ်ယောက် ဖြစ်ကြပါတယ် ။ တာဝန်ရှိသူရဲအရာရှိများက ပြစ်မှုကျူ းလွန်ခဲ့တဲ့မိန်းကလေးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၊ ဓားထိုးခံထားရတဲ့ လူနာနှစ်ယောက်လုံးမှာတော့ ဆေးရုံသို့ပို့ဆောင်ထားခဲ့ပြီး ကျန်းမာရေးတည်ငြိမ်တဲ့အခြေအနေသို့ရောက်နေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

ယခုလို အဖြစ်မျိုးဖြစ်ပွားရတာကလည်း တရုတ်နိုင်ငံဟာ တစ်ရက်ပြီးတစ်ရက် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ တိုးပွားလာလျက်ရှိနေပြီး ၊ ရောဂါကာကွယ်နိုင်ဖို့ လူအများကို စိုးရိမ်စိတ်ဖြစ်စေသောကြောင့် မိမိလုံခြုံရေးအတွက်ကြိုးစားရင် ယခုလိုအဖြစ်မျိုးအထိဖြစ်ပွားခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment