ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေမြးေန႔ပြဲဖ်က္သိမ္းခံခဲ့ရလို႔ စိတ္ဆိုးၿပီးကိုယ့္ကို မီး႐ႈိ့သတ္ေသဖို႔ႀကိဳးစားခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္

တ႐ုတ္ျပည္မွာဆိုရင္ တစ္ရက္ထက္တစ္ရက္ ေရာဂါပိုးကူးစက္ခံရသူေတြ တိုးပြားလာလ်က္႐ွိလို႔ အာဏာပိုင္ေတြက လူစုေဝးေနတဲ့ေနရာေတြကို သြားလာဖို႔ျပည္သူေတြကို ပိတ္ပင္တားျမစ္လ်က္႐ွိပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါေရာဂါကူးစက္ပ်ံ့ႏွံ႔ႏိုင္တဲ့အေၾကာင္းျပခ်က္ေၾကာင့္ ေမြးေန႔ပြဲဖ်က္သိမ္းခံခဲ့ရတဲ့ တ႐ုတ္ႏိုင္ငံ ၊ Chongqing ၿမိဳ႕မွာေနထိုင္လ်က္႐ွိတဲ့အမ်ိဳးသားဟာ လံုးဝမေက်မနပ္ျဖစ္ခဲ့ၿပီး ေဒါသပုန္ထခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါ 59 ႏွစ္အရြယ္ Wang အမည္႐ွိတဲ့အမ်ိဳးသားဟာ သူ၏ေမြးေန႔အတြက္ ဂုဏ္ျပဳထမင္းစားပြဲ 10 ဝိုင္းခန္႔ျပင္ဆင္ထားခဲ့ေပမဲ့ အဆိုပါကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔ေနမႈေၾကာင့္ သူ၏ေမြးေန႔ပြဲဟာ ပိတ္ပင္တားျမစ္ျခင္းခံခဲ့ရပါတယ္ ။

Wang ဟာ ေမြးေန႔ပြဲဖ်က္သိမ္းခံခဲ့ရၿပီးေနာက္ သူ၏မေက်နပ္ခ်က္ေတြကို ေဖာ္ျပဖို႔ဆိုၿပီး ေက်းရြာရပ္ကြက္ေရးရံုးေ႐ွ႕သို႔ သြားၿပီး ပုန္ကန္ေျပာဆိုခဲ့တဲ့အျပင္ ၊ မီး႐ႈးမီးပန္း ၊ ဓာတ္ဆီ ႏွင့္ မီးျခစ္ေတြကို ယူေဆာင္သြားၿပီး ဆႏၵျပေတာင္းဆိုခဲ့ပါတယ္ ။

ထို႔အျပင္ မီး႐ႈးမီးပန္းေတြကို သူ၏ခါးတြင္ခ်ိတ္ဆြဲထားၿပီး ၊ သူ၏ ရင္ဘတ္ကိုလည္း ဓာတ္ဆီျဖင့္ေလာင္းခ်ကာ ေမြးေန႔ညစာစားပြဲက်င္းပခြင့္မေပးပါက မီးျခစ္ျဖင့္ ကိုယ့္ကိုမီး႐ႈိ့သတ္ေသမည္ျဖစ္ေၾကာင္း တာဝန္႐ွိသူေတြကို ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ ရဲအရာ႐ွိေတြက Wang ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ ႀကီးႀကီးမားမား အႏၱရာယ္မျဖစ္ခင္မွာပဲ ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ပါတယ္ ။ တ႐ုတ္ႏိုင္ငံဟာ ယခုခ်ိန္မွာ ဗိုင္းရပ္စ္ပိုးပ်ံ့ႏွံ႔ေနမႈကို ထိန္းခ်ဳပ္ႏိုင္ေအာင္ႀကိဳးပမ္းေနလ်က္႐ွိၿပီး ၊ ကူးစက္ခံရသူေပါင္း 60,000 ခန္႔႐ွိေနၿပီျဖစ္ၿပီး ၊ ေသဆံုးသူေပါင္းလည္း 1,300 ခန္႔႐ွိေနၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်ပြည်မှာဆိုရင် တစ်ရက်ထက်တစ်ရက် ရောဂါပိုးကူးစက်ခံရသူတွေ တိုးပွားလာလျက်ရှိလို့ အာဏာပိုင်တွေက လူစုဝေးနေတဲ့နေရာတွေကို သွားလာဖို့ပြည်သူတွေကို ပိတ်ပင်တားမြစ်လျက်ရှိပါတယ် ။ သို့ပေမဲ့လည်း အဆိုပါရောဂါကူးစက်ပျံ့နှံ့နိုင်တဲ့အကြောင်းပြချက်ကြောင့် မွေးနေ့ပွဲဖျက်သိမ်းခံခဲ့ရတဲ့ တရုတ်နိုင်ငံ ၊ Chongqing မြို့မှာနေထိုင်လျက်ရှိတဲ့အမျိုးသားဟာ လုံးဝမကျေမနပ်ဖြစ်ခဲ့ပြီး ဒေါသပုန်ထခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါ 59 နှစ်အရွယ် Wang အမည်ရှိတဲ့အမျိုးသားဟာ သူ၏မွေးနေ့အတွက် ဂုဏ်ပြုထမင်းစားပွဲ 10 ဝိုင်းခန့်ပြင်ဆင်ထားခဲ့ပေမဲ့ အဆိုပါကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကြောင့် သူ၏မွေးနေ့ပွဲဟာ ပိတ်ပင်တားမြစ်ခြင်းခံခဲ့ရပါတယ် ။

Wang ဟာ မွေးနေ့ပွဲဖျက်သိမ်းခံခဲ့ရပြီးနောက် သူ၏မကျေနပ်ချက်တွေကို ဖော်ပြဖို့ဆိုပြီး ကျေးရွာရပ်ကွက်ရေးရုံးရှေ့သို့ သွားပြီး ပုန်ကန်ပြောဆိုခဲ့တဲ့အပြင် ၊ မီးရှုးမီးပန်း ၊ ဓာတ်ဆီ နှင့် မီးခြစ်တွေကို ယူဆောင်သွားပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ် ။

ထို့အပြင် မီးရှုးမီးပန်းတွေကို သူ၏ခါးတွင်ချိတ်ဆွဲထားပြီး ၊ သူ၏ ရင်ဘတ်ကိုလည်း ဓာတ်ဆီဖြင့်လောင်းချကာ မွေးနေ့ညစာစားပွဲကျင်းပခွင့်မပေးပါက မီးခြစ်ဖြင့် ကိုယ့်ကိုမီးရှို့သတ်သေမည်ဖြစ်ကြောင်း တာဝန်ရှိသူတွေကို ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ ရဲအရာရှိတွေက Wang ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကြီးကြီးမားမား အန္တရာယ်မဖြစ်ခင်မှာပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ် ။ တရုတ်နိုင်ငံဟာ ယခုချိန်မှာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေမှုကို ထိန်းချုပ်နိုင်အောင်ကြိုးပမ်းနေလျက်ရှိပြီး ၊ ကူးစက်ခံရသူပေါင်း 60,000 ခန့်ရှိနေပြီဖြစ်ပြီး ၊ သေဆုံးသူပေါင်းလည်း 1,300 ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment