ေသနတ္သမားရဲ႕ရန္ကေန လူ8ေယာက္ရဲ႕အသက္ကို ကယ္တင္ေပးဖို႔ ကိုယ့္အသက္စြန္႔ခဲ့တဲ့ ထိုင္းႏိုင္ငံက 18ႏွစ္အရြယ္ေကာင္ေလး

ထိုင္းႏိုင္ငံကုန္တိုက္တစ္ခုမွာ ၿပီးခဲ့တဲ့ Feb 8/9 ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ တပ္ေျပးအမ်ိဳးသားတစ္ေယာက္ရဲ႕ အျပစ္မဲ့တဲ့ျပည္သူေတြကို ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့အျဖစ္မွာဆိုရင္ အဆိုပါတပ္ေျပးအမ်ိဳးသားအပါအဝင္ လူေပါင္း 30 အထိ ေသဆံုးေစခဲ့ပါတယ္ ။ အဆိုပါေသဆံုးသြားခဲ့တဲ့ လူေတြထဲကမွ အသက္ 18 ႏွစ္အရြယ္ Ativa အမည္႐ွိတဲ့ ေက်ာင္းသားေလးတစ္ေယာက္လည္း ပါဝင္ခဲ့ပါတယ္ ။ Ativa ဟာ အဆိုပါအျဖစ္အပ်က္မွ လူေပါင္း 8ေယာက္ရဲ႕အသက္ကို ကယ္တင္ေပးႏိုင္ခဲ့တဲ့အတြက္ တကယ့္အျပင္ဖက္လက္ေတြ႔ဘဝက Hero တစ္ေယာက္လို႔ ေျပာရမွာပါပဲ ။

ျဖစ္စဥ္ကေတာ့ ေသနတ္သမားဟာ ကုန္တိုက္ထဲမွာရွိတဲ့ LG level အတန္းကေန အေအးသိုေလွာင္ခန္းထဲသို႔ လာဖို႔လုပ္ရင္း Ativa နဲ႔ ၾကံဳေတြ႔ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း Ativa ဟာ အျခားလူ 8ေယာက္ ပုန္းေအာင္းေနတဲ့ အခန္းေ႐ွ႕သို႔ ေသနတ္သမားမဝင္လာႏိုင္ေအာင္ ပိတ္ရပ္ပစ္ခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွာေတာ့ Ativa ကို ေသနတ္သမားက ပစ္သတ္ခဲ့ပါေတာ့တယ္ ။ သို႔ေပမဲ့လည္း Ativa ရဲ႕လုပ္ရပ္ေၾကာင့္ ေသနတ္သမားဟာ အာရံုေျပာင္းသြားခဲ့ၿပီး အေအးခန္းထဲသို့မဝင္ေတာ့ဘဲ ထြက္သြားခဲ့တဲ့အတြက္ အေအးခန္းထဲမွာ႐ွိေနၾကတဲ့လူေတြဟာလည္း အသက္ေဘးရန္ကေန လြတ္ေျမာက္သြားခဲ့ၾကပါတယ္ ။

Ativa ရဲ႕အဘြားျဖစ္သူမွာေတာ့ အထက္တန္းေအာင္ျမင္တာ မၾကာေသးတဲ့ေျမးေလးရဲ႕အျဖစ္ေၾကာင့္ ဝမ္းနည္းမ်က္ရည္ၾကခဲ့ၿပီး ” သူ႔အေမက Terminal 21 မွာ သန္႔႐ွင္းေရးလုပ္ၿပီး သူ႔သားကို ေကာလိပ္ပို႔ေပးႏိုင္ဖို႔ အလုပ္ႀကိဳးစားေနတာ ၊ သားေလးကလည္း အျမဲ မိခင္စကားနာခံၿပီး တိတ္တဆိတ္ေနတတ္ကာ ဘယ္ေတာ့အခါမွ မညည္းညဴ တတ္တဲ့ကေလးပါ ” ဆိုၿပီး ေျမးေလးရဲ႕အေၾကာင္းကို ေျပာျပခဲ့ပါတယ္ ။ ထို႔အျပင္ အဘြားျဖစ္သူဟာ အဆိုပါ ပစ္ခတ္မႈမွာ သူ၏ေျမးေလး ပါဝင္ခဲ့မွန္းမသိခဲ့တဲ့အျပင္ အိမ္နီးခ်င္းေတြလာေျပာျပခါမွ သိ႐ွိခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္ ။ ထို႔အျပင္ အဘြားျဖစ္သူက ” ေျမးေလးက အနာဂတ္မွာ သူ႔ရဲ႕ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ရအံုးမွာေလ ၊ ဒါေပမဲ့ မိုက္မဲတဲ့ေသနတ္သမားေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေသဆံုးခဲ့ရတယ္ ” ထို႔အျပင္ အဆိုပါျပစ္ခတ္မႈမွာ အသက္ဆံုး႐ႈံးသြားခဲ့ၾကတဲ့သူေတြရဲ႕ မိသားစုဝင္ေတြကို အစိုးရမွ အကူအညီေပးသင့္ေၾကာင္းလည္း ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ထိုင်းနိုင်ငံကုန်တိုက်တစ်ခုမှာ ပြီးခဲ့တဲ့ Feb 8/9 ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တပ်ပြေးအမျိုးသားတစ်ယောက်ရဲ့ အပြစ်မဲ့တဲ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အဖြစ်မှာဆိုရင် အဆိုပါတပ်ပြေးအမျိုးသားအပါအဝင် လူပေါင်း 30 အထိ သေဆုံးစေခဲ့ပါတယ် ။ အဆိုပါသေဆုံးသွားခဲ့တဲ့ လူတွေထဲကမှ အသက် 18 နှစ်အရွယ် Ativa အမည်ရှိတဲ့ ကျောင်းသားလေးတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ် ။ Ativa ဟာ အဆိုပါအဖြစ်အပျက်မှ လူပေါင်း 8ယောက်ရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့တဲ့အတွက် တကယ့်အပြင်ဖက်လက်တွေ့ဘဝက Hero တစ်ယောက်လို့ ပြောရမှာပါပဲ ။

ဖြစ်စဉ်ကတော့ သေနတ်သမားဟာ ကုန်တိုက်ထဲမှာရှိတဲ့ LG level အတန်းကနေ အအေးသိုလှောင်ခန်းထဲသို့ လာဖို့လုပ်ရင်း Ativa နဲ့ ကြုံတွေ့ခဲ့ပါတယ် ။ သို့ပေမဲ့လည်း Ativa ဟာ အခြားလူ 8ယောက် ပုန်းအောင်းနေတဲ့ အခန်းရှေ့သို့ သေနတ်သမားမဝင်လာနိုင်အောင် ပိတ်ရပ်ပစ်ခဲ့ပါတော့တယ် ။ ထိုအချိန်မှာတော့ Ativa ကို သေနတ်သမားက ပစ်သတ်ခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း Ativa ရဲ့လုပ်ရပ်ကြောင့် သေနတ်သမားဟာ အာရုံပြောင်းသွားခဲ့ပြီး အအေးခန်းထဲသို့မဝင်တော့ဘဲ ထွက်သွားခဲ့တဲ့အတွက် အအေးခန်းထဲမှာရှိနေကြတဲ့လူတွေဟာလည်း အသက်ဘေးရန်ကနေ လွတ်မြောက်သွားခဲ့ကြပါတယ် ။

Ativa ရဲ့အဘွားဖြစ်သူမှာတော့ အထက်တန်းအောင်မြင်တာ မကြာသေးတဲ့မြေးလေးရဲ့အဖြစ်ကြောင့် ဝမ်းနည်းမျက်ရည်ကြခဲ့ပြီး ” သူ့အမေက Terminal 21 မှာ သန့်ရှင်းရေးလုပ်ပြီး သူ့သားကို ကောလိပ်ပို့ပေးနိုင်ဖို့ အလုပ်ကြိုးစားနေတာ ၊ သားလေးကလည်း အမြဲ မိခင်စကားနာခံပြီး တိတ်တဆိတ်နေတတ်ကာ ဘယ်တော့အခါမှ မညည်းညူ တတ်တဲ့ကလေးပါ ” ဆိုပြီး မြေးလေးရဲ့အကြောင်းကို ပြောပြခဲ့ပါတယ် ။ ထို့အပြင် အဘွားဖြစ်သူဟာ အဆိုပါ ပစ်ခတ်မှုမှာ သူ၏မြေးလေး ပါဝင်ခဲ့မှန်းမသိခဲ့တဲ့အပြင် အိမ်နီးချင်းတွေလာပြောပြခါမှ သိရှိခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။ ထို့အပြင် အဘွားဖြစ်သူက ” မြေးလေးက အနာဂတ်မှာ သူ့ရဲ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်ရအုံးမှာလေ ၊ ဒါပေမဲ့ မိုက်မဲတဲ့သေနတ်သမားကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရတယ် ” ထို့အပြင် အဆိုပါပြစ်ခတ်မှုမှာ အသက်ဆုံးရှုံးသွားခဲ့ကြတဲ့သူတွေရဲ့ မိသားစုဝင်တွေကို အစိုးရမှ အကူအညီပေးသင့်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေသနတ္သမားရဲ႕ရန္ကေန လူ8ေယာက္ရဲ႕အသက္ကို ကယ္တင္ေပးဖို႔ ကိုယ့္အသက္စြန္႔ခဲ့တဲ့ ထိုင္းႏိုင္ငံက 18ႏွစ္အရြယ္ေကာင္ေလး"

Leave a comment

Your email address will not be published.


*