အမ်ားသံုးေရခ်ိဳးခန္းအသံုးျပဳခဲ့လို႔ ကို႐ိုနာဗိုင္းရပ္စ္လူနာတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရ

ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ပ်ံ့ႏွံ႔မႈဟာ တ႐ုတ္ႏိုင္ငံရဲ႕ အျပင္ဖက္အျခားႏိုင္ငံေတြကိုပါ ကူးစက္ပ်ံ့ႏွံမႈမ်ားျဖစ္ပြားလာလ်က္႐ွိေနပါၿပီ ။ အဲ့ထဲမွာမွ ေျမာက္ကိုးရီးယားႏိုင္ငံဟာလည္း ၎တို႔ႏိုင္ငံေရာဂါကူးစက္မႈမျဖစ္ပြားေအာင္ ႏိုင္ငံျခားသားမ်ားဝင္ေရာက္မႈကို ပိတ္ပစ္ခဲ့တဲ့ ပထမဦးဆံုးေသာႏိုင္ငံလည္းျဖစ္ပါတယ္ ။ ထို႔အျပင္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့သူ ဒါမွမဟုတ္ တ႐ုတ္ႏိုင္ငံသားေတြနဲ႔ ထိေတြ႔ဆက္ဆံခဲ့ၾကတဲ့ ျပည္သူမ်ားကိုလည္း ေရာဂါပ်ံ့ႏွံ႔မႈမျဖစ္ပြားေအာင္ သီးသန္႔ခြဲထားၿပီး ၊ ခ်မွတ္ထားတဲ့စည္းမ်ဥ္းေတြလိုက္နာမႈမ႐ွိပါက ဥပေဒအရ ကြပ္မ်က္ပိုင္ခြင့္လည္း႐ွိပါတယ္ ။

ကိုးရီးယားသတင္းစာျဖစ္တဲ့ Dong-a llbo သတင္းစာရဲ႕ ေဖာ္ျပထားခ်က္အရ ေျမာက္ကိုးရီးယားအရာ႐ွိတစ္ဦးဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံေအာင္ရည္ရြယ္ၿပီး အမ်ားသံုးေရခ်ိဳးခန္းအသံုးျပဳခဲ့လို႔ ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါအရာ႐ွိကို အမ်ားသံုးေရခ်ိဳးခန္းမွာတင္ ခ်က္ခ်င္းဖမ္းဆီးၿပီး ပစ္သတ္ခဲ့တာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ အဆိုပါအရာ႐ွိဟာ တ႐ုတ္ႏိုင္ငံသို႔ခရီးသြားခဲ့သူျဖစ္တဲ့အတြက္ ေျမာက္ကိုးရီးယားစစ္ေခါင္းေဆာင္ ကင္ဂ်ံဳအန္ရဲ႕အမိန္႔အတိုင္း သီးသန္႔ခြဲၿပီးေနထိုင္ခဲ့ရသူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

ေနာက္ထပ္အရာ႐ွိတစ္ဦးမွာလည္း တ႐ုတ္ႏိုင္ငံသို႔ခရီးသြားခဲ့တာကို ဖံုးကြယ္ထားခဲ့တဲ့အတြက္ ေျမာက္ကိုးရီးယားမွာ႐ွိတဲ့ စိုက္ပ်ိဳးေမြးျမဴေရးျခံတစ္ခုမွာ နယ္ႏွင္ဒဏ္ေပးျခင္းခံခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ ေျမာက္ကိုးရီးယားမွာ ယခုလိုနည္းလမ္းေတြနဲ႔ ျပစ္မႈစီရင္ဆံုးျဖတ္တာကေတာ့ ထူးဆန္ေနမွာေတာ့ မဟုတ္ေတာ့ပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုဟာ တရုတ်နိုင်ငံရဲ့ အပြင်ဖက်အခြားနိုင်ငံတွေကိုပါ ကူးစက်ပျံ့နှံမှုများဖြစ်ပွားလာလျက်ရှိနေပါပြီ ။ အဲ့ထဲမှာမှ မြောက်ကိုးရီးယားနိုင်ငံဟာလည်း ၎င်းတို့နိုင်ငံရောဂါကူးစက်မှုမဖြစ်ပွားအောင် နိုင်ငံခြားသားများဝင်ရောက်မှုကို ပိတ်ပစ်ခဲ့တဲ့ ပထမဦးဆုံးသောနိုင်ငံလည်းဖြစ်ပါတယ် ။ ထို့အပြင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သူ ဒါမှမဟုတ် တရုတ်နိုင်ငံသားတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ကြတဲ့ ပြည်သူများကိုလည်း ရောဂါပျံ့နှံ့မှုမဖြစ်ပွားအောင် သီးသန့်ခွဲထားပြီး ၊ ချမှတ်ထားတဲ့စည်းမျဉ်းတွေလိုက်နာမှုမရှိပါက ဥပဒေအရ ကွပ်မျက်ပိုင်ခွင့်လည်းရှိပါတယ် ။

ကိုးရီးယားသတင်းစာဖြစ်တဲ့ Dong-a llbo သတင်းစာရဲ့ ဖော်ပြထားချက်အရ မြောက်ကိုးရီးယားအရာရှိတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံအောင်ရည်ရွယ်ပြီး အများသုံးရေချိုးခန်းအသုံးပြုခဲ့လို့ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရှိရပါတယ် ။ အဆိုပါအရာရှိကို အများသုံးရေချိုးခန်းမှာတင် ချက်ချင်းဖမ်းဆီးပြီး ပစ်သတ်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ အဆိုပါအရာရှိဟာ တရုတ်နိုင်ငံသို့ခရီးသွားခဲ့သူဖြစ်တဲ့အတွက် မြောက်ကိုးရီးယားစစ်ခေါင်းဆောင် ကင်ဂျုံအန်ရဲ့အမိန့်အတိုင်း သီးသန့်ခွဲပြီးနေထိုင်ခဲ့ရသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

နောက်ထပ်အရာရှိတစ်ဦးမှာလည်း တရုတ်နိုင်ငံသို့ခရီးသွားခဲ့တာကို ဖုံးကွယ်ထားခဲ့တဲ့အတွက် မြောက်ကိုးရီးယားမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးခြံတစ်ခုမှာ နယ်နှင်ဒဏ်ပေးခြင်းခံခဲ့ရကြောင်း သိရှိရပါတယ် ။ မြောက်ကိုးရီးယားမှာ ယခုလိုနည်းလမ်းတွေနဲ့ ပြစ်မှုစီရင်ဆုံးဖြတ်တာကတော့ ထူးဆန်နေမှာတော့ မဟုတ်တော့ပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment